လီဗာပူး ဂန္တဝင်ကြီး ကာရေဂါက လာမယ့်ရာသီမှာ နီကိုး ဝီလီယမ် အသင်းကနေ ထွက်ခွာသွားရင် သူ့နေရာမှာ ချိန်ဘာလိန်ကို အသုံးပြုလို့ မရနိုင်ဘူးလား မေးခွန်းထုတ်လိုက်ပါတယ်။
လီဗာပူးအတွက် ပရီးမီးယားလိဂ်ပွဲ ၁၂ ပွဲပဲ ကစားထားရတဲ့ ဝေလ်းလက်ရွေးစင်ဟာ ထရန့်ရဲ့နောက် အရန်အဖြစ်ပဲ တိမ်မြုပ်နေရခြင်းကနေ ရုန်းထွက်ပြီး ဒီနွေမှာ အသင်းပြောင်းနိုင်ပါတယ်။ သူ့ကို ရောင်းထုတ်ရမယ်ဆိုရင် လီဗာပူးဘက်က ပေါင် ၁၀ သန်း တောင်းခံမှာဖြစ်ပြီး ညာအစွန်လူသစ် အားဖြည့်မှာတော့ မဟုတ်ပါဘူး။
မန်နေဂျာကလော့ပ်က ညာအစွန်အတွက် ခံစစ်မှူး ဂိုးမက်စ်နဲ့ အကယ်ဒမီမှ အသက် ၁၇ နှစ်အရွယ် ညာအစွန်လူ ဘရတ်ဒလေတို့ကိုပဲ အသုံးချဖို့ ရည်ရွယ်ထားတယ်။ ကာရေဂါကတော့ အာဆင်နယ်မှာ ညာအစွန်-တောင်ပံအဖြစ် ကစားခဲ့တဲ့ ချိန်ဘာလိန်ကို ထရန့်နေရာအတွက် လျာထားလို့ ရနိုင်ကြောင်း မေးခွန်းထုတ်ခဲ့ပါတယ်။
ကာရေဂါက ” ချိန်ဘာလိန်က အစွန်နေရာမှာ ကစားနိုင်မလား? သူ့ရဲ့ အရှိန်နဲ့ ကစားနိုင်မှုက ဘောလုံးကိုင်ဖို့မှာ အဆင်ပြေသလို တောင်ပံသမားနောက ကစားခဲ့သူဖြစ်လို့ ဖြတ်တင်ဘော ဧရိယာတွေကိုလည်း အသုံးချနိုင်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တယ်။
ချိန်ဘာလိန်က လွန်ခဲ့တဲ့ ၄ နှစ်က လီဗာပူးကို စရောက်စဉ်မှာ အာဆင်နယ်မှာ ကစားရတဲ့ အစွန်-တောင်ပံ နေရာထက် တိုက်စစ်ပိုင်း ပိုလွှမ်းမိုးနိုင်တဲ့ နေရာမှာ ကစားလိုကြောင်း ဖွင့်ဟဖူးပါတယ်။ ရိုးမားနဲ့ ချန်ပီယံလိဂ်ပွဲမှာ ရသွားတဲ့ ဒူးဒဏ်ကြောင့် ကာလရှည် အနားမယူရခင်ထိ သူကတိပြုခဲ့တဲ့ တိုက်စစ်ပိုင်း နေရာတွေမှာ ချိန်ဘာလိန်ဟာ ထူးထူးချွန်ချွန် ခြေစွမ်းပြခဲ့ဖူးတာဖြစ်တယ်။
အန်ဖီးကစားသမားအဖြစ် မိတ်ဆက်မှုမှာ ချိန်ဘာလိန်က ” ကျနော်ရဲ့ ကစားသမားဘဝမှာ ဘယ်နေရာအတွက် ကစားခဲ့ရပြီး ဘယ်နေရာအတွက် ကစားလိုတယ်ဆိုတာကို ပြောပြဖူးပါတယ်။ ကျနော်က ကွင်းလယ်တိုက်စစ် နေရာက ကစားရတာကို ကြိုက်ပါတယ်။ မန်နေဂျာကိုလည်း ဒီအကြောင်း ပြောဖြစ်ပါတယ်။
လီဗာပူးမှာ နေရာအများကြီးအတွက် ကစားနိုင်ပါတယ်။ တိုက်စစ်ပိုင်းမှာ တောင်ပံသမားအဖြစ်ကော အတွင်းကို ပိုဝင်ရတဲ့ ကွင်းလယ်လူအဖြစ်ပါ ကျနော် ကစားနိုင်ပါတယ်။ ဆုံးဖြတ်ချက်ကတော့ မန်နေဂျာက ပြုလုပ်ရမှာပါ။
ကျနော်ကတော့ တိုက်စစ်ပိုင်းအတွက် အရှိန်အဝါရှိမယ့် နေရာမျိုးဖြစ်တဲ့ ကွင်းထိပ်ဘက်မှာ ကစားလိုပါတယ်။ ကွင်းလယ်တိုက်စစ်ဖြစ်စေ တောင်ပံနေရာတွေမှာဖြစ်စေ ကစားလိုပါတယ် ” လို့ ဆိုထားခဲ့သေးတာဖြစ်ပါတယ်။
ZAWGYI
လီဗာပူး ဂႏၲဝင္ႀကီး ကာေရဂါက လာမယ့္ရာသီမွာ နီကိုး ဝီလီယမ္ အသင္းကေန ထြက္ခြာသြားရင္ သူ႔ေနရာမွာ ခ်ိန္ဘာလိန္ကို အသုံးျပဳလို႔ မရႏိုင္ဘူးလား ေမးခြန္းထုတ္လိုက္ပါတယ္။
လီဗာပူးအတြက္ ပရီးမီးယားလိဂ္ပြဲ ၁၂ ပြဲပဲ ကစားထားရတဲ့ ေဝလ္းလက္ေ႐ြးစင္ဟာ ထရန႔္ရဲ႕ေနာက္ အရန္အျဖစ္ပဲ တိမ္ျမဳပ္ေနရျခင္းကေန ႐ုန္းထြက္ၿပီး ဒီေႏြမွာ အသင္းေျပာင္းႏိုင္ပါတယ္။ သူ႔ကို ေရာင္းထုတ္ရမယ္ဆိုရင္ လီဗာပူးဘက္က ေပါင္ ၁၀ သန္း ေတာင္းခံမွာျဖစ္ၿပီး ညာအစြန္လူသစ္ အားျဖည့္မွာေတာ့ မဟုတ္ပါဘူး။
မန္ေနဂ်ာကေလာ့ပ္က ညာအစြန္အတြက္ ခံစစ္မႉး ဂိုးမက္စ္နဲ႔ အကယ္ဒမီမွ အသက္ ၁၇ ႏွစ္အ႐ြယ္ ညာအစြန္လူ ဘရတ္ဒေလတို႔ကိုပဲ အသုံးခ်ဖို႔ ရည္႐ြယ္ထားတယ္။ ကာေရဂါကေတာ့ အာဆင္နယ္မွာ ညာအစြန္-ေတာင္ပံအျဖစ္ ကစားခဲ့တဲ့ ခ်ိန္ဘာလိန္ကို ထရန႔္ေနရာအတြက္ လ်ာထားလို႔ ရႏိုင္ေၾကာင္း ေမးခြန္းထုတ္ခဲ့ပါတယ္။
ကာေရဂါက ” ခ်ိန္ဘာလိန္က အစြန္ေနရာမွာ ကစားႏိုင္မလား? သူ႔ရဲ႕ အရွိန္နဲ႔ ကစားႏိုင္မႈက ေဘာလုံးကိုင္ဖို႔မွာ အဆင္ေျပသလို ေတာင္ပံသမားေနာက ကစားခဲ့သူျဖစ္လို႔ ျဖတ္တင္ေဘာ ဧရိယာေတြကိုလည္း အသုံးခ်ႏိုင္ပါတယ္ ” လို႔ မွတ္ခ်က္ေပးခဲ့တယ္။
ခ်ိန္ဘာလိန္က လြန္ခဲ့တဲ့ ၄ ႏွစ္က လီဗာပူးကို စေရာက္စဥ္မွာ အာဆင္နယ္မွာ ကစားရတဲ့ အစြန္-ေတာင္ပံ ေနရာထက္ တိုက္စစ္ပိုင္း ပိုလႊမ္းမိုးႏိုင္တဲ့ ေနရာမွာ ကစားလိုေၾကာင္း ဖြင့္ဟဖူးပါတယ္။ ႐ိုးမားနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ရသြားတဲ့ ဒူးဒဏ္ေၾကာင့္ ကာလရွည္ အနားမယူရခင္ထိ သူကတိျပဳခဲ့တဲ့ တိုက္စစ္ပိုင္း ေနရာေတြမွာ ခ်ိန္ဘာလိန္ဟာ ထူးထူးခြၽန္ခြၽန္ ေျခစြမ္းျပခဲ့ဖူးတာျဖစ္တယ္။
အန္ဖီးကစားသမားအျဖစ္ မိတ္ဆက္မႈမွာ ခ်ိန္ဘာလိန္က ” က်ေနာ္ရဲ႕ ကစားသမားဘဝမွာ ဘယ္ေနရာအတြက္ ကစားခဲ့ရၿပီး ဘယ္ေနရာအတြက္ ကစားလိုတယ္ဆိုတာကို ေျပာျပဖူးပါတယ္။ က်ေနာ္က ကြင္းလယ္တိုက္စစ္ ေနရာက ကစားရတာကို ႀကိဳက္ပါတယ္။ မန္ေနဂ်ာကိုလည္း ဒီအေၾကာင္း ေျပာျဖစ္ပါတယ္။
လီဗာပူးမွာ ေနရာအမ်ားႀကီးအတြက္ ကစားႏိုင္ပါတယ္။ တိုက္စစ္ပိုင္းမွာ ေတာင္ပံသမားအျဖစ္ေကာ အတြင္းကို ပိုဝင္ရတဲ့ ကြင္းလယ္လူအျဖစ္ပါ က်ေနာ္ ကစားႏိုင္ပါတယ္။ ဆုံးျဖတ္ခ်က္ကေတာ့ မန္ေနဂ်ာက ျပဳလုပ္ရမွာပါ။
က်ေနာ္ကေတာ့ တိုက္စစ္ပိုင္းအတြက္ အရွိန္အဝါရွိမယ့္ ေနရာမ်ိဳးျဖစ္တဲ့ ကြင္းထိပ္ဘက္မွာ ကစားလိုပါတယ္။ ကြင္းလယ္တိုက္စစ္ျဖစ္ေစ ေတာင္ပံေနရာေတြမွာျဖစ္ေစ ကစားလိုပါတယ္ ” လို႔ ဆိုထားခဲ့ေသးတာျဖစ္ပါတယ္။