လီဗာပူးတိုက်စစ်မှူးဟောင်း ဆွာရက်စ်က သူ့အသင်းဟောင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့တာအတွက် ကျေနပ်စကား ပြောဆိုခဲ့ပါတယ်။
ဆွာရက်စ်ဟာ လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ကိုင်မြောက်ခွင့်ရဖို့ နီးစပ်ခဲ့ပေမယ့် ကပ်သီးလေး လွဲချော်ခဲ့ရသူဖြစ်တယ်။ တစ်ချိန်က ပရီးမီးယားလိဂ်မှာ အသင်းတိုင်း လက်ဖျားအေးအောင်ကို ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်သမားဟာ သူကိုယ်တိုင်နဲ့အတူ အနိုင်မရခဲ့ပေမယ့် အသင်းပရိသတ်တွေ အရမ်းကို မျှော်လင့်ခဲ့ရတဲ့ အမှတ်ပေးဖလားကြီး အနိုင်ရသွားခြင်းကို ပျော်ရွှင်ဟန်ရှိပါတယ်။
ဆွာရက်စ်က ” အင်္ဂလန်မှာ လီဗာပူးအသင်းက အခြားဘယ်အသင်းထက်မဆို ရင်ဆိုင်ရ အခက်ခဲဆုံးဖြစ်ပါတယ်။ ကျနော်က လီဗာပူးပရိသတ်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့ပြီး အဲ့သည် ဆက်ဆံရေးက ဆက်ရှိနေမှာဖြစ်လို့ အခြားသော အသင်းအတွက် ကစားပေးဖို့ဆိုတာက ကျနော်အတွက် ခက်ခဲပါလိမ့်မယ်။
လီဗာပူးအသင်းနဲ့ ပရီးမီးယားလိဂ် အောင်မြင်ခဲ့မယ်ဆိုရင် သိပ်ကောင်းမှာဖြစ်ပေမယ့် သူတို့ ကာလရှည် စောင့်မျှော်နေရမှုကို ရပ်တန့်ပြီး အမှတ်ပေးဖလား အောင်မြင်ခဲ့တာအတွက် ကျနော် ဝမ်းသာမိပါတယ်။
ပြီးခဲ့တဲ့ရာသီအတွက် သူ့တို့အတွက် ရာသီကောင်းတစ်ခု မဟုတ်ခဲ့ပေမယ့်လည်း လီဗာပူးအသင်းက ဘောလုံးရာသီ များစွာကို ယှဉ်ပြိုင်နိုင်စွမ်း ရှိဦးမယ့် အသင်းတစ်သင်း အနေအထားကို ရောက်နေတာ မြင်ထားရတယ်။ လီဗာပူးက သူတို့ရှိသင့်တဲ့ အဆင့်အတန်းကို ပြန်ရောက်လာခဲ့ပြီ ဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။
ဒါ့အပြင် ဆွာရက်စ်က သူ့ရဲ့ အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ စတီဗင်ဂျရတ်တစ်ယောက် ရိန်းဂျားအသင်းမှာ အောင်မြင်နေတာအတွက်လည်း ကျေနပ်နေပါတယ်။
ဆွာရက်စ်က ” ကျနော် မရှိလည်း စတီဗင်ကတော့ အဆင်ကို ပြေနေတာပါပဲ။ သူအောင်မြင်နေတာအတွက် ကျနော် ကျေနပ်ပါတယ် ဒါပေမယ့် သူ ရိန်းဂျားအသင်းနဲ့ အမှတ်ပေးဖလား အနိုင်ရတာကို ကျနော်ကတော့ မအံ့သြပါဘူး။ အောင်နိုင်မှုဆိုတာ သူအမြဲ ရယူနေကျပါ။ အနာဂတ်မှာ သူဟာ လီဗာပူးအသင်းနဲ့လည်း အောင်မြင်ဦးမယ်လို့ ကျနော် ပြောရဲပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးတိုက္စစ္မွဴးေဟာင္း ဆြာရက္စ္က သူ႔အသင္းေဟာင္း ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္ခဲ့တာအတြက္ ေက်နပ္စကား ေျပာဆိုခဲ့ပါတယ္။
ဆြာရက္စ္ဟာ လီဗာပူးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ကိုင္ေျမာက္ခြင့္ရဖို႔ နီးစပ္ခဲ့ေပမယ့္ ကပ္သီးေလး လြဲေခ်ာ္ခဲ့ရသူျဖစ္တယ္။ တစ္ခ်ိန္က ပရီးမီးယားလိဂ္မွာ အသင္းတိုင္း လက္ဖ်ားေအးေအာင္ကို ေျခစြမ္းျပခဲ့တဲ့ တိုက္စစ္သမားဟာ သူကိုယ္တိုင္နဲ႔အတူ အႏုိင္မရခဲ့ေပမယ့္ အသင္းပရိသတ္ေတြ အရမ္းကို ေမွ်ာ္လင့္ခဲ့ရတဲ့ အမွတ္ေပးဖလားၾကီး အႏုိင္ရသြားျခင္းကို ေပ်ာ္ရႊင္ဟန္ရွိပါတယ္။
ဆြာရက္စ္က ” အဂၤလန္မွာ လီဗာပူးအသင္းက အျခားဘယ္အသင္းထက္မဆို ရင္ဆိုင္ရ အခက္ခဲဆံုးျဖစ္ပါတယ္။ က်ေနာ္က လီဗာပူးပရိသတ္ေတြနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ရွိခဲ့ျပီး အဲ့သည္ ဆက္ဆံေရးက ဆက္ရွိေနမွာျဖစ္လို႔ အျခားေသာ အသင္းအတြက္ ကစားေပးဖို႔ဆိုတာက က်ေနာ္အတြက္ ခက္ခဲပါလိမ့္မယ္။
လီဗာပူးအသင္းနဲ႔ ပရီးမီးယားလိဂ္ ေအာင္ျမင္ခဲ့မယ္ဆိုရင္ သိပ္ေကာင္းမွာျဖစ္ေပမယ့္ သူတို႔ ကာလရွည္ ေစာင့္ေမွ်ာ္ေနရမႈကို ရပ္တန္႔ျပီး အမွတ္ေပးဖလား ေအာင္ျမင္ခ့ဲတာအတြက္ က်ေနာ္ ဝမ္းသာမိပါတယ္။
ျပီးခဲ့တဲ့ရာသီအတြက္ သူ႔တို႔အတြက္ ရာသီေကာင္းတစ္ခု မဟုတ္ခဲ့ေပမယ့္လည္း လီဗာပူးအသင္းက ေဘာလံုးရာသီ မ်ားစြာကို ယွဥ္ျပိဳင္ႏုိင္စြမ္း ရွိဦးမယ့္ အသင္းတစ္သင္း အေနအထားကို ေရာက္ေနတာ ျမင္ထားရတယ္။ လီဗာပူးက သူတို႔ရွိသင့္တဲ့ အဆင့္အတန္းကို ျပန္ေရာက္လာခဲ့ျပီ ျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။
ဒါ့အျပင္ ဆြာရက္စ္က သူ႔ရဲ႕ အသင္းေခါင္းေဆာင္ေဟာင္းျဖစ္သူ စတီဗင္ဂ်ရတ္တစ္ေယာက္ ရိန္းဂ်ားအသင္းမွာ ေအာင္ျမင္ေနတာအတြက္လည္း ေက်နပ္ေနပါတယ္။
ဆြာရက္စ္က ” က်ေနာ္ မရွိလည္း စတီဗင္ကေတာ့ အဆင္ကို ေျပေနတာပါပဲ။ သူေအာင္ျမင္ေနတာအတြက္ က်ေနာ္ ေက်နပ္ပါတယ္ ဒါေပမယ့္ သူ ရိန္းဂ်ားအသင္းနဲ႔ အမွတ္ေပးဖလား အႏုိင္ရတာကို က်ေနာ္ကေတာ့ မအံ့ၾသပါဘူး။ ေအာင္ႏုိုင္မႈဆိုတာ သူအျမဲ ရယူေနက်ပါ။ အနာဂတ္မွာ သူဟာ လီဗာပူးအသင္းနဲ႔လည္း ေအာင္ျမင္ဦးမယ္လို႔ က်ေနာ္ ေျပာရဲပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။