ဘယ်ဂျီယံက ဖင်လန်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ပြိုင်ဘက်ခံစစ်ကြောင်း တစ်ခုလုံးအား ကစားစရာလို လုပ်ပြနိုင်ခဲ့တဲ့ လူကာကူကို ထိန်းချုပ်နိုင်မယ့် ခံစစ်သမားက တစ်ဦးတည်း ရှိပါတယ်လို့ ဖာဒီနန်က ဆိုပါတယ်။

ရုပ်ပိုင်းဆိုင်ရာ သိပ်ကို အားကောင်းတဲ့ လူကာကူကို ရင်ဆိုင်ဖို့က ခံစစ်မှူးတွေအတွက် စိတ်ညစ်ရတဲ့ ကိစ္စဖြစ်တယ်။ သို့ပေမယ့် လီဗာပူး ခံစစ်မှူး ဗန်ဒိုက်ကတော့ ဘယ်ဂျီယံ တိုက်စစ်သမားနဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုပိုင်းမှာ ယှဉ်ပြိုင်နိုင်မယ်လို့ ဖာဒီနန်က မြင်ပါတယ်။

ဖာဒီနန်က “ လူကာကူက ဖင်လန် ခံစစ်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ခံစစ်သမားက လူကာကူကို ကပ်လိုက်တာနဲ့ လူကာကူရဲ့ သန်မာမှုနဲ့ အင်အားကို ခံစားမိကြတယ်။ သူက ဘယ်နေရာမှာ ကစားရမယ်ဆိုတာကို သိတယ်။ အခြေအနေ တစ်ခုလုံးကို ထိန်းချုပ်နိုင်ပါတယ်။

ဗန်ဒိုက် တစ်ဦးတည်းကလွဲရင် အခြား ဘယ်ခံစစ်မှူးကမှ လူကာကူရဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကို ကိုင်တွယ်နိုင်စွမ်းရှိမယ်လို့ ကျနော် မထင်ပါဘူး။ ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်တယ်။

မနှစ်တုန်းက ရှက်ဖီးယူနိုက်တက် တိုက်စစ်မှူး မက်ဘရူနီကလည်း တူညီတဲ့ စကားမျိုး ပြောဆိုခဲ့ပြီး ဗန်ဒိုက်ရဲ့ သန်မာမှုက တိုက်စစ်သမားတွေအတွက် ရင်ထိတ်စရာ ကိစ္စဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

မက်ဘရူနီက ” ဗန်ဒိုက်ကို ဘောဒီယှဉ်တိုက်တုန်းမှာ ဝိတ်နည်းနည်း ထပ်မဖို့ လိုနေပြီလို့ ကျနော် ခံစားမိလိုက်တယ်။ သူက ခံစစ်သမားတစ်ယောက် အနေနဲ့ အားလုံးကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူ့ကို ရင်ဆိုင်ရတာ ကိုယ်ဘာသာတောင် ကောင်မလေးတစ်ယောက်လို ခံစားသွားရပါတယ် ” လို့ ဆိုခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI

ဘယ္ဂ်ီယံက ဖင္လန္ကို ၂-၀ ျဖင့္ အႏုိင္ရတဲ့ပြဲမွာ ျပိဳင္ဘက္ခံစစ္ေၾကာင္း တစ္ခုလံုးအား ကစားစရာလို လုပ္ျပႏုိင္ခဲ့တဲ့ လူကာကူကို ထိန္းခ်ဳပ္ႏိုင္မယ့္ ခံစစ္သမားက တစ္ဦးတည္း ရွိပါတယ္လို႔ ဖာဒီနန္က ဆိုပါတယ္။

ရုပ္ပိုင္းဆိုင္ရာ သိပ္ကို အားေကာင္းတဲ့ လူကာကူကို ရင္ဆိုင္ဖို႔က ခံစစ္မွဴးေတြအတြက္ စိတ္ညစ္ရတဲ့ ကိစၥျဖစ္တယ္။ သို႔ေပမယ့္ လီဗာပူး ခံစစ္မွဴး ဗန္ဒိုက္ကေတာ့ ဘယ္ဂ်ီယံ တိုက္စစ္သမားနဲ႔ ရုပ္ပိုင္းဆိုင္ရာ သန္မာမႈပိုင္းမွာ ယွဥ္ျပိဳင္ႏုိင္မယ္လို႔ ဖာဒီနန္က ျမင္ပါတယ္။

ဖာဒီနန္က “ လူကာကူက ဖင္လန္ ခံစစ္ကို ထိန္းခ်ဳပ္ႏုိင္ခဲ့ပါတယ္။ ခံစစ္သမားက လူကာကူကို ကပ္လိုက္တာနဲ႔ လူကာကူရဲ႕ သန္မာမႈနဲ႔ အင္အားကို ခံစားမိၾကတယ္။ သူက ဘယ္ေနရာမွာ ကစားရမယ္ဆိုတာကို သိတယ္။ အေျခအေန တစ္ခုလံုးကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။

ဗန္ဒိုက္ တစ္ဦးတည္းကလြဲရင္ အျခား ဘယ္ခံစစ္မွဴးကမွ လူကာကူရဲ႕ ရုပ္ပိုင္းဆိုင္ရာ သန္မာမႈကို ကိုင္တြယ္ႏုိင္စြမ္းရွိမယ္လို႔ က်ေနာ္ မထင္ပါဘူး။ ” လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္တယ္။

မႏွစ္တုန္းက ရွက္ဖီးယူႏုိက္တက္ တိုက္စစ္မွဴး မက္ဘရူနီကလည္း တူညီတဲ့ စကားမ်ိဳး ေျပာဆိုခဲ့ျပီး ဗန္ဒိုက္ရဲ႕ သန္မာမႈက တိုက္စစ္သမားေတြအတြက္ ရင္ထိတ္စရာ ကိစၥျဖစ္ေၾကာင္း မွတ္ခ်က္ေပးခဲ့ပါတယ္။

မက္ဘရူနီက ” ဗန္ဒိုက္ကို ေဘာဒီယွဥ္တိုက္တုန္းမွာ ဝိတ္နည္းနည္း ထပ္မဖို႔ လိုေနျပီလို႔ က်ေနာ္ ခံစားမိလိုက္တယ္။ သူက ခံစစ္သမားတစ္ေယာက္ အေနနဲ႔ အားလံုးကို ပိုင္ဆိုင္ထားသူျဖစ္ျပီး သူ႔ကို ရင္ဆိုင္ရတာ ကိုယ္ဘာသာေတာင္ ေကာင္မေလးတစ္ေယာက္လို ခံစားသြားရပါတယ္ ” လို႔ ဆိုခဲ့ေသးတာျဖစ္ပါတယ္။