လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ဗိုလ်မစွဲဘဲ ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရပေမယ့် ပရီးမီးယားလိဂ် ၀င်ငွေစာရင်းမှာတော့ ချန်ပီယံ မန်စီးတီးထက် ပေါင် ၂သန်းလောက် အသာရနေပါတယ်။ ရုပ်သံလွှင့်ခွင့်များနဲ့ စီးပွားရေးကြေငြာများ အပါဝင် စုစုပေါင်း ၀င်ငွေ မန်စီးတီးက ပေါင် ၁၅၀.၉၈၆ သန်း ရခဲ့ပြီး လီဗာပူးက ၁၅၂.၄၂၅ သန်းထိ ရခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ကစားသမားဟောင်း စတီနစ်ကိုးလ် က လီဗာပူးအသင်းရဲ့ကွင်းလယ်လူ ဂျိန်းမီနာဟာ လက်ရှိ နွေရာသီအပြောင်းအရွေ့မှာ အသင်းကနေ ထွက်ခွာဖို့မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

လီဗာပူးဟာ တော့တင်ဟမ်စပါး အသင်း နဲ့ အာဆင်နယ်အသင်းတို့နဲ့ အပြိုင် ကစားသမားဟောင်း အေစီမီလန် ကွင်းလယ်ကစားသမား ဆူဆို ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

လီဗာပူးအသင်းက ပစ်မှတ်ထားတဲ့ နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ အဆန်စီရိုက လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာဖို့ အစီအစဉ်မရှိဘူး လို့ ဆိုပါတယ်။

စပါးအသင်းဟာ လီဗာပူးကို နိုင်ပြီး ချန်ပီယံလိဂ်မှာ ဗိုလ်စွဲပါက ဇွန် လ ၂ ရက်နေ့မှာ အမိုးဖွင့် ဘတ်စ်နဲ့ လှည့်လည် အောင်ပွဲခံမယ့် အစီအစဉ်များကို ကြေငြာလိုက်ပြီး ဘတ်စ်ကား လှည့်လည်မယ့် လမ်းကြောင်းများကိုပါ သတင်းထုတ်ပြန်သွားပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ ဗိုလ်လုပွဲ ကျိန်စာသင့်နေသူလို့ ယူဆရပြီး ၄င်း ကိုင်တွယ်ခဲ့တဲ့ ပြီးခဲ့တဲ့ ဗိုလ်လုပွဲ ၇ ကြိမ်မှာ ပထမဆုံး တစ်ကြိမ်သာ ဗိုလ်စွဲထားပြီး နောက်ဆုံး ၆ ကြိမ်ဆက် ရှုံးနိမ့်ထားပါတယ်။

လီဗာပူးတိုက်စစ်မှူး ဖာမီနိုဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပါဝင်ကစားဖို့ အခြေအနေကောင်းမွန်နေကြောင်း ကလော့ပ်က အတည်ပြုလိုက်ပြီး နာဘေကိတ်တာကတော့ စောင့်ကြည့်နေရဆဲ ဖြစ်ပါတယ်။

ကွင်းလယ်ဖန်တီးရှင် ခေါ်ယူလိုနေတဲ့ လီဗာပူးအသင်းဟာ ၀က်စ်ဟမ်းကြယ်ပွင့် အန်ဒါဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဒေးလီးမေးလ်မှာ ဖော်ပြထားပါတယ်။