ပြီးခဲ့တဲ့ ဘောလုံးရာသီက လီဗာပူးအတွက် ပွဲပေါင်း ၂၀ ခန့် ကစားပေးခဲ့တဲ့ နက်ဖီးလစ်အတွက် မှန်ကန်တဲ့ ကမ်းလှမ်းမှုတွေရရင် ရောင်းထုတ်သွားဖို့ အသင်းဘက်က စီစဉ်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက ဆွမ်ဆီးအသင်းထံ ပေါင် ၄ သန်းဖြင့် ရောင်းချဖို့ လုပ်ဆောင်ခဲ့ပေမယ့် အပြောင်းအရွှေ့ ပြီးပြတ်ခါနီးမှ နက်ဖီးလစ်က ငြင်းဆန်ခဲ့တာပါ။ ဂိုးမက်စ်၊ မာတစ်၊ ဗန်ဒိုက်တို ဒဏ်ရာရခဲ့ခြင်းအပြင် ဟန်ဒါဆန်၊ ဖာဘင်ညိုတို့ ကြံ့ခိုင်မှု ပြဿနာတွေ ပေါ်ခဲ့ခြင်းနောက်မှာ နက်ဖီးလစ်ဟာ ခံစစ်တစ်နေရာမှာ နေရာရလာခဲ့တယ်။

ကလော့ပ်ရဲ့ ခံစစ်ကြောင်းမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဗန်ဒိုက်ကို နယူးကာဆယ်၊ ဆောက်သမ်တန်၊ ဘရိုက်တန်နဲ့ ဘန်လေတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်။ လီဗာပူးသတင်းထောက် Neil Jones ကတော့ နက်ဖီးလစ်အတွက် အနည်းဆုံး ပေါင် ၁၂ သန်းဖြင့် ကမ်းလှမ်းလာမယ်ဆိုရင် အသင်းဘက်က နားထောင်ပေးသွားမယ်လို့ ထုတ်ပြောလာတယ်။

နက်ဖီးလစ်ကို ဆက်ထိန်းဖို့ကိုပဲ လီဗာပူးက ဆန္ဒရှိပေမယ့် ကစားသမားဘက်က ပုံမှန်ပွဲထွက်ခွင့်ဖြင့် ပြောင်းရွှေ့လိုမလားအပေါ်လည်း အသင်းက စဉ်းစားပေးမှာဖြစ်တယ်။ ဘန်လေအသင်းကတော့ ဖီးလစ်ကို စိတ်ဝင်စားပေမယ့် စတုတ်မှ အသက် ၂၀ အရွယ် ခံစစ်မှူး နေသန်ကိုလင်းကို ခေါ်ယူဖို့ နီးစပ်နေပါပြီ။

ဘန်လေဘက်က ဖီးလစ်ကိုလည်း ဆက်လက် ခေါ်ယူလိုသေးသလို နယူးကာဆယ်၊ ဆောက်သမ်တန်နဲ့ ဘရိုက်တန်တို့ကလည်း အရှိန်ဖြင့် မကစားနိုင်ပေမယ့် ခံစစ်ဇုန်မှာ အမြင့်ဘော အာသန်စွာ ကစားနိုင်တဲ့ နက်ဖီးလစ်ကို သဘောတွေ့နေကြတယ်လို့ သိထားရတယ်။

လီဗာပူးကနေ ထွက်ခွာဖို့ သတင်းကြီးလာတဲ့ ခံစစ်သမားက နက်ဖီးလစ် တစ်ဦးတည်း မဟုတ်ဘဲ ညာအစွန်လူ နီကိုးကလည်း ပေါင် ၁၀ သန်းဖြင့် ထွက်ခွာဖွယ် ရှိနေပါတယ်။

မနှစ်ကရာသီမှာ လီဗာပူးအသင်းဟာ ဘရူးစတား၊ ဟိုဗာတို့ နှစ်ဦးအတွက် ပေါင် ၃၇ သန်း ရရှိခဲ့သလို အဲ့မတိုင်ခင် နှစ်တုန်းကလည်း ကန့်ကို ပေါင် ၇.၅ သန်း၊ ကမာချိုကို ပေါင် ၇ သန်းတို့ဖြင့် ရောင်းထုတ်ခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI

ျပီးခဲ့တဲ့ ေဘာလံုးရာသီက လီဗာပူးအတြက္ ပြဲေပါင္း ၂၀ ခန္႔ ကစားေပးခဲ့တဲ့ နက္ဖီးလစ္အတြက္ မွန္ကန္တဲ့ ကမ္းလွမ္းမႈေတြရရင္ ေရာင္းထုတ္သြားဖို႔ အသင္းဘက္က စီစဥ္ထားပါတယ္။

ျပီးခဲ့တဲ့ ေအာက္တိုဘာတုန္းက ဆြမ္ဆီးအသင္းထံ ေပါင္ ၄ သန္းျဖင့္ ေရာင္းခ်ဖို႔ လုပ္ေဆာင္ခဲ့ေပမယ့္ အေျပာင္းအေရႊ႔ ျပီးျပတ္ခါနီးမွ နက္ဖီးလစ္က ျငင္းဆန္ခဲ့တာပါ။ ဂိုးမက္စ္၊ မာတစ္၊ ဗန္ဒိုက္တို ဒဏ္ရာရခဲ့ျခင္းအျပင္ ဟန္ဒါဆန္၊ ဖာဘင္ညိဳတို႔ ၾကံ႕ခိုင္မႈ ျပႆနာေတြ ေပၚခဲ့ျခင္းေနာက္မွာ နက္ဖီးလစ္ဟာ ခံစစ္တစ္ေနရာမွာ ေနရာရလာခဲ့တယ္။

ကေလာ့ပ္ရဲ႕ ခံစစ္ေၾကာင္းမွာ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသႏုိင္ခဲ့တဲ့ ဗန္ဒိုက္ကို နယူးကာဆယ္၊ ေဆာက္သမ္တန္၊ ဘရိုက္တန္နဲ႔ ဘန္ေလတို႔က ေခၚယူဖို႔ စိတ္ဝင္စားေနတယ္။ လီဗာပူးသတင္းေထာက္ Neil Jones ကေတာ့ နက္ဖီးလစ္အတြက္ အနည္းဆံုး ေပါင္ ၁၂ သန္းျဖင့္ ကမ္းလွမ္းလာမယ္ဆိုရင္ အသင္းဘက္က နားေထာင္ေပးသြားမယ္လို႔ ထုတ္ေျပာလာတယ္။

နက္ဖီးလစ္ကို ဆက္ထိန္းဖို႔ကိုပဲ လီဗာပူးက ဆႏၵရွိေပမယ့္ ကစားသမားဘက္က ပံုမွန္ပြဲထြက္ခြင့္ျဖင့္ ေျပာင္းေရႊ႔လိုမလားအေပၚလည္း အသင္းက စဥ္းစားေပးမွာျဖစ္တယ္။ ဘန္ေလအသင္းကေတာ့ ဖီးလစ္ကို စိတ္ဝင္စားေပမယ့္ စတုတ္မွ အသက္ ၂၀ အရြယ္ ခံစစ္မွဴး ေနသန္ကိုလင္းကို ေခၚယူဖို႔ နီးစပ္ေနပါျပီ။

ဘန္ေလဘက္က ဖီးလစ္ကိုလည္း ဆက္လက္ ေခၚယူလိုေသးသလို နယူးကာဆယ္၊ ေဆာက္သမ္တန္နဲ႔ ဘရိုက္တန္တို႔ကလည္း အရွိန္ျဖင့္ မကစားႏုိင္ေပမယ့္ ခံစစ္ဇုန္မွာ အျမင့္ေဘာ အာသန္စြာ ကစားႏုိင္တဲ့ နက္ဖီးလစ္ကို သေဘာေတြ႔ေနၾကတယ္လို႔ သိထားရတယ္။

လီဗာပူးကေန ထြက္ခြာဖို႔ သတင္းၾကီးလာတဲ့ ခံစစ္သမားက နက္ဖီးလစ္ တစ္ဦးတည္း မဟုတ္ဘဲ ညာအစြန္လူ နီကိုးကလည္း ေပါင္ ၁၀ သန္းျဖင့္ ထြက္ခြာဖြယ္ ရွိေနပါတယ္။

မႏွစ္ကရာသီမွာ လီဗာပူးအသင္းဟာ ဘရူးစတား၊ ဟိုဗာတို႔ ႏွစ္ဦးအတြက္ ေပါင္ ၃၇ သန္း ရရွိခဲ့သလို အဲ့မတိုင္ခင္ ႏွစ္တုန္းကလည္း ကန္႔ကို ေပါင္ ၇.၅ သန္း၊ ကမာခ်ိဳကို ေပါင္ ၇ သန္းတို႔ျဖင့္ ေရာင္းထုတ္ခဲ့ေသးတာျဖစ္ပါတယ္။