တိုက်စစ်သမား မီနာမီနိုက လီဗာပူးအသင်းနဲ့ သူ့ရဲ့ အနာဂတ်ကို သေချာ မပြောနိုင်သေးပါဘူးလို့ ဂျပန်မီဒီယာတွေနှင့် ပြုလုပ်တဲ့ အင်တာဗျူးမှာ ထည့်သွင်း ဖြေဆိုပါတယ်။

မီနာမီနိုဟာ ဆဲလ်ဘတ်ကနေ လီဗာပူးကို ပေါင် ၇.၂၅ သန်းဖြင့် ပြောင်းလာခဲ့ပြီး ၁ နှစ်အကြာမှာ အခြားသော ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းထံ အငှားချခံခဲ့ရတယ်။ ဆောက်သမ်တန်မှာ အစကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်ခဲ့ရတယ်။

လီဗာပူးဘက်က သေချာပေါက် ရှင်းထုတ်မယ့် စီနီယာ တိုက်စစ်သမား ၃ ဦးထဲက ၁ ဦးလို့ ဒီနွေမှာ လူပြောများနေပေမယ့် ဆောက်သမ်တန်ဘက်က ကမ်းလှမ်းမှုကို လီဗာပူးအသင်း လက်မခံသေးခြင်းနဲ့အတူ ကိစ္စတွေက ထင်သလောက် မမြန်ဆန်ဟန် ရှိနေပါတယ်။

အသက် ၂၆ နှစ်အရွယ် တိုက်စစ်သမားက ” ဘာတွေဖြစ်လာမယ်ဆိုတာ ကျနော် မသိပါဘူး။ ဒါပေမယ့် အခုချိန်ထိ၊ ရာသီကြိုအတွက်ကတော့ ကျနော် လီဗာပူးကိုပဲ ပြန်သွားပြီး ကိုယ်ရဲ့ အကောင်းဆုံးတွေ လုပ်ပြရမယ့် အနေအထားပါ ” ဆိုပြီး ဖွင့်ဟခဲ့တယ်။

ယာဂင်ကလော့ပ်က ရာသီကြိုမှာ အသင်းသား အားလုံးကို တူညီတဲ့ အခွင့်အရေးပေးမှာဖြစ်ကာ မီနာမီနိုကိုလည်း ပါဝင်စေမယ့် အနေအထားဖြစ်တယ်။ ဆောက်သမ်တန်ဘက်ကတော့ တိုက်စစ်သမားရဲ့ အရည်အချင်းကို နှစ်သက်ပေမယ့် အငှားခေါ်ယူလိုတဲ့ သဘောပဲ ပြသဟန်ရှိတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးမှာ လီဗာပူးရဲ့ အပြောင်းအရွှေ့ ကိစ္စတွေ ခပ်မြန်မြန် စတင်မှာဖြစ်ကာ နီကိုး၊ နက်ဖီးလစ်တို့ ထွက်ခွာမယ့် ကိစ္စကတော့ အတော် သတင်းကြီးနေခဲ့ပြီ ဖြစ်ပါတယ်။

ZAWGYI

တိုက္စစ္သမား မီနာမီႏိုက လီဗာပူးအသင္းနဲ႔ သူ႔ရဲ႕ အနာဂတ္ကို ေသခ်ာ မေျပာႏုိင္ေသးပါဘူးလို႔ ဂ်ပန္မီဒီယာေတြႏွင့္ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ ထည့္သြင္း ေျဖဆိုပါတယ္။

မီနာမီႏိုဟာ ဆဲလ္ဘတ္ကေန လီဗာပူးကို ေပါင္ ၇.၂၅ သန္းျဖင့္ ေျပာင္းလာခဲ့ျပီး ၁ ႏွစ္အၾကာမွာ အျခားေသာ ပရီးမီးယားလိဂ္ကလပ္ ေဆာက္သမ္တန္အသင္းထံ အငွားခ်ခံခဲ့ရတယ္။ ေဆာက္သမ္တန္မွာ အစေကာင္းခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ဂိုးသြင္းႏုိင္ဖို႔ ရုန္းကန္ခဲ့ရတယ္။

လီဗာပူးဘက္က ေသခ်ာေပါက္ ရွင္းထုတ္မယ့္ စီနီယာ တိုက္စစ္သမား ၃ ဦးထဲက ၁ ဦးလို႔ ဒီေႏြမွာ လူေျပာမ်ားေနေပမယ့္ ေဆာက္သမ္တန္ဘက္က ကမ္းလွမ္းမႈကို လီဗာပူးအသင္း လက္မခံေသးျခင္းနဲ႔အတူ ကိစၥေတြက ထင္သေလာက္ မျမန္ဆန္ဟန္ ရွိေနပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ တိုက္စစ္သမားက ” ဘာေတြျဖစ္လာမယ္ဆိုတာ က်ေနာ္ မသိပါဘူး။ ဒါေပမယ့္ အခုခ်ိန္ထိ၊ ရာသီၾကိဳအတြက္ကေတာ့ က်ေနာ္ လီဗာပူးကိုပဲ ျပန္သြားျပီး ကိုယ္ရဲ႕ အေကာင္းဆံုးေတြ လုပ္ျပရမယ့္ အေနအထားပါ ” ဆိုျပီး ဖြင့္ဟခဲ့တယ္။

ယာဂင္ကေလာ့ပ္က ရာသီၾကိဳမွာ အသင္းသား အားလံုးကို တူညီတဲ့ အခြင့္အေရးေပးမွာျဖစ္ကာ မီနာမီႏိုကိုလည္း ပါဝင္ေစမယ့္ အေနအထားျဖစ္တယ္။ ေဆာက္သမ္တန္ဘက္ကေတာ့ တိုက္စစ္သမားရဲ႕ အရည္အခ်င္းကို ႏွစ္သက္ေပမယ့္ အငွားေခၚယူလိုတဲ့ သေဘာပဲ ျပသဟန္ရွိတယ္။

ယူရို ၂၀၂၀ ျပိဳင္ပြဲအျပီးမွာ လီဗာပူးရဲ႕ အေျပာင္းအေရႊ႔ ကိစၥေတြ ခပ္ျမန္ျမန္ စတင္မွာျဖစ္ကာ နီကိုး၊ နက္ဖီးလစ္တို႔ ထြက္ခြာမယ့္ ကိစၥကေတာ့ အေတာ္ သတင္းၾကီးေနခဲ့ျပီ ျဖစ္ပါတယ္။