ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အုပ်စု အဆင့် ပွဲစဉ်တွေကတော့ ပြီးဆုံး သွားပြီ ဖြစ်ပါတယ်။ ၂၄ သင်းနဲ့ အုပ်စု အဆင့်ကို စတင်ခဲ့ပေမယ့် ရှုံးထွက်အဆင့်ကို ၁၆ သင်း တက်ရောက်သွားခဲ့တာ ဖြစ်ပြီး လီဗာပူးအသင်းသား ၆ ဦး နောက်တစ်ဆင့်မှာ ပါဝင် ယှဉ်ပြိုင်ကြရဦးမှာပါ။
မရဏ အုပ်စုကြပ်မှာ ကျရောက်ခဲ့တဲ့ ဒီယေဂို ဂျိုတာရဲ့ ပေါ်တူဂီ အသင်းကတော့ နောက်ဆုံး ပွဲမှာ ပြင်သစ်နဲ့ ၂-၂ သရေကျခဲ့ပြီး အကောင်းဆုံး တတိယ အသင်း အနေနဲ့ အုပ်စုကနေ တက်သွားခဲ့တာပါ။ အုပ်စု အဆင့်ပွဲတွေမှာ ဂျိုတာက တစ်ဂိုး သွင်း တစ်ဂိုး ဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။ ရှုံးထွက်အဆင့်မှာ ပေါ်တူဂီက ဘယ်လ်ဂျီယံနဲ့ တွေ့မှာပါ။
သီယေဂို အန်ကယ်တာရာရဲ့ စပိန်အသင်းကလည်း အုပ်စု E မှာ ဒုတိယနဲ့ နောက်တစ်ဆင့် တက်သွားပြီ ဖြစ်ပါတယ်။ အုပ်စုပွဲတွေမှာတော သီယေဂိုက လူစားဝင် ကစားရတာသာ ရှိခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ရှုံးထွက်မှာတော့ စပိန်က ခရိုအေးရှားနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ရှာကွီရီကတော့ အုပ်စု A ကနေ ဆွစ် အသင်း တက်သွားအောင် အဓိကကျကျ ပါဝင် စွမ်းဆောင်ပေးခဲ့တာပါ။ အုပ်စုနောက်ဆုံး ပွဲ တူရကီနဲ့ ပွဲမှာ ဆွစ်က ၃-၁ နဲ့ နိုင်အောင် ရှာကွီရီရဲ့ ခြေစွမ်းပြမှုနဲ့ ကူညီနိုင်ခဲ့ပြီ ဖြစ်ကာ နောက် တနင်္လာနေ့မှာတော့ ပြင်သစ်နဲ့ ယှဉ်ပြိုင်ရတော့မှာပါ။
အုပ်စု A မှာ ရှာကွီရီ တစ်ယောက်တည်း လီဗာပူး အသင်းသားတော့ မဟုတ်ပါဘူး။ ဝေးစ် လက်ရွေးစင်တွေ ဖြစ်တဲ့ နီကို ဝီလီယံနဲ့ ဟယ်ရီ ဝီလ်ဆန်တို့လည်း ရှိပါတယ်။ ဝေးစ်ကလည်း အုပ်စု ဒုတိယရခဲ့တာကြောင့် နောက်တစ်ဆင့် တက်သွားပြီး စနေနေ့မှာ ဒိန်းမတ်နဲ့ တွေ့မှာ ဖြစ်ပါတယ်။
နောက်ဆုံးကတော့ ဂျော်ဒန် ဟန်ဒါဆန်ရဲ့ အင်္ဂလန်အသင်းက အုပ်စု D ကနေ တက်သွားခဲ့တာပါ။ ချက်နဲ့ ပွဲမှာ ဟန်ဒါဆန် ပြန် ပါဝင် ကစားခဲ့ပြီး တစ်ဂိုးလည်း သွင်းခဲ့ပေမယ့် လူကျွံလို့ ပြန် ပယ်ဖျက်ခံခဲ့ရပါတယ်။ အင်္ဂလန်က ရှုံးထွက်မှာ ဂျာမနီနဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။
Zawgyi – ယူရို ၂၀၂၀ ျပိဳင္ပြဲရဲ႕ အုပ္စု အဆင့္ ပြဲစဥ္ေတြကေတာ့ ျပီးဆံုး သြားျပီ ျဖစ္ပါတယ္။ ၂၄ သင္းနဲ႕ အုုပ္စု အဆင့္ကို စတင္ခဲ့ေပမယ့္ ရွံဳးထြက္အဆင့္ကို ၁၆ သင္း တက္ေရာက္သြားခဲ့တာ ျဖစ္ျပီး လီဗာပူးအသင္းသား ၆ ဦး ေနာက္တစ္ဆင့္မွာ ပါ၀င္ ယွဥ္ျပိဳင္ၾကရဦးမွာပါ။
မရဏ အုပ္စုၾကပ္မွာ က်ေရာက္ခဲ့တဲ့ ဒီေယဂို ဂ်ိဳတာရဲ႕ ေပၚတူဂီ အသင္းကေတာ့ ေနာက္ဆံုး ပြဲမွာ ျပင္သစ္နဲ႕ ၂-၂ သေရက်ခဲ့ျပီး အေကာင္းဆံုး တတိယ အသင္း အေနနဲ႕ အုပ္စုကေန တက္သြားခဲ့တာပါ။ အုပ္စု အဆင့္ပြဲေတြမွာ ဂ်ိဳတာက တစ္ဂိုး သြင္း တစ္ဂိုး ဖန္တီးမႈ ျပဳလုပ္ခဲ့ပါတယ္။ ရွံဳးထြက္အဆင့္မွာ ေပၚတူဂီက ဘယ္လ္ဂ်ီယံနဲ႕ ေတြ႔မွာပါ။
သီေယဂို အန္ကယ္တာရာရဲ႕ စပိန္အသင္းကလည္း အုပ္စု E မွာ ဒုတိယနဲ႕ ေနာက္တစ္ဆင့္ တက္သြားျပီ ျဖစ္ပါတယ္။ အုပ္စုပြဲေတြမွာေတာ သီေယဂိုက လူစား၀င္ ကစားရတာသာ ရွိခဲ့ျပီး ဂိုးမသြင္းနုိင္ခဲ့ပါဘူး။ ရွံဳးထြက္မွာေတာ့ စပိန္က ခရိုေအးရွားနဲ႕ ရင္ဆုိင္ရမွာ ျဖစ္ပါတယ္။
ရွာကြီရီကေတာ့ အုပ္စု A ကေန ဆြစ္ အသင္း တက္သြားေအာင္ အဓိကက်က် ပါ၀င္ စြမ္းေဆာင္ေပးခဲ့တာပါ။ အုပ္စုေနာက္ဆံုး ပြဲ တူရကီနဲ႕ ပြဲမွာ ဆြစ္က ၃-၁ နဲ႕ နုိင္ေအာင္ ရွာကြီရီရဲ႕ ေျခစြမ္းျပမႈနဲ႕ ကူညီနုိင္ခဲ့ျပီ ျဖစ္ကာ ေနာက္ တနလၤာေန႔မွာေတာ့ ျပင္သစ္နဲ႕ ယွဥ္ျပိဳင္ရေတာ့မွာပါ။
အုပ္စု A မွာ ရွာကြီရီ တစ္ေယာက္တည္း လီဗာပူး အသင္းသားေတာ့ မဟုတ္ပါဘူး။ ေ၀းစ္ လက္ေရြးစင္ေတြ ျဖစ္တဲ့ နီကို ၀ီလီယံနဲ႕ ဟယ္ရီ ၀ီလ္ဆန္တို႔လည္း ရွိပါတယ္။ ေ၀းစ္ကလည္း အုပ္စု ဒုတိယရခဲ့တာေၾကာင့္ ေနာက္တစ္ဆင့္ တက္သြားျပီး စေနေန႔မွာ ဒိန္းမတ္နဲ႕ ေတြ႔မွာ ျဖစ္ပါတယ္။
ေနာက္ဆံုးကေတာ့ ေဂ်ာ္ဒန္ ဟန္ဒါဆန္ရဲ႕ အဂၤလန္အသင္းက အုပ္စု D ကေန တက္သြားခဲ့တာပါ။ ခ်က္နဲ႕ ပြဲမွာ ဟန္ဒါဆန္ ျပန္ ပါ၀င္ ကစားခဲ့ျပီး တစ္ဂိုးလည္း သြင္းခဲ့ေပမယ့္ လူကၽြံလို႔ ျပန္ ပယ္ဖ်က္ခံခဲ့ရပါတယ္။ အဂၤလန္က ရွံဳးထြက္မွာ ဂ်ာမနီနဲ႕ ထိပ္တိုက္ ေတြ႔ဆံုေနပါတယ္။