လီဗာပူးဟာ လူငယ်ကြယ်ပွင့် အီးလီးယော့ကို လာမယ့်ရာသီအတွင်း အသင်းမှာပဲ ဆက်ရှိထားဖို့ ဆုံးဖြတ်ထားကြောင်း မာဆေးဆိုဒ်အခြေစိုက် Echo သတင်းဌာနက ဖော်ပြသွားပါတယ်။
ဘလက်ဘန်းအသင်းမှာ ခြေစွမ်းပြခဲ့တဲ့ အီးလီးယော့ဟာ ရာသီကြိုမှာ မန်နေဂျာကလော့ပ်ရဲ့ စီနီယာအသင်းနဲ့အတူ ပူးပေါင်းရမှာပါ။ ဘလက်ဘန်းဘက်က သူ့ကို နောက်ထပ် တစ်ရာသီ အငှားခေါ်ယူလိုပေမယ့် လီဗာပူးဘက်ကတော့ ခွင့်ပြုမှာ မဟုတ်သလို အကယ်လို့ အငှားထပ်ချခဲ့ရင်တောင် ပရီးမီးယားလိဂ်ကလပ် တစ်သင်းထံပဲ ဖြစ်လာပါလိမ့်မယ်။
ကျူပီအာအသင်းမှာ လူငယ်ကစားသမားဘဝ စတင်ခဲ့ပြီး ဖူလ်ဟမ်ကို ပြောင်းရွှေ့ခဲ့ကာ ၂၀၁၉ မှာတော့ အီးလီးယော့ဟာ လီဗာပူးအသင်းကို ပြောင်းရွှေ့လာခဲ့တယ်။ အသင်းမှာ တစ်ရာသီ ရှိခဲ့ပြီးနောက် မနှစ်ကတော့ စီနီယာအဆင့် အတွေ့အကြုံရဖို့ ကလပ်က အငှားချခဲ့ကာ ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းမှာ ကိုယ်တိုင် ၇ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၁ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။
မန်နေဂျာကလော့ပ်နဲ့ သူ့ရဲ့ နည်းပြအဖွဲ့က ရာသီသစ်အတွက် ဘယ်ကစားသမားတွေကို ဆက်ထိန်းရမယ်ဆိုတာကို အကဲဖြတ်နေတယ်။ သူတို့က အီးလီးယော့ကို အများကြီး မျှော်လင့်ထားကာ ရာသီကြိုမှာ ဆယ်ကျော်သက် တိုက်စစ်သမားလေး ဘာလုပ်ပြနိုင်မလဲကို စောင့်ကြည့်သွားမှာဖြစ်ပါတယ်။
လီဗာပူးဘက်က မီနာမီနို၊ ရှာကွီရီ၊ အိုရီဂီတို့အပြင် ဝဲလ်ဆန်၊ ဂရုဂျစ်တို့ကိုလည်း ရှင်းထုတ်ဖို့ လုပ်ဆောင်နေတာကြောင့် လာမယ့်ရာသီ အီးလီးယော့ကို ပွဲကစားခွင့်တွေ ပိုပေးနိုင်ဖွယ်ရှိတယ်။ ဆာလာ၊ မာနေးတို့ထံကနေ သင်ယူခွင့်တွေဟာ အသက် ၁၈ နှစ်အရွယ် တိုက်စစ်သမားရဲ့ တိုးတက်မှုတွေအတွက် အထောက်အပံ့ဖြစ်လာစေမယ် ယူဆရတာဖြစ်ပါတယ်။
ZAWYI
လီဗာပူးဟာ လူငယ္ၾကယ္ပြင့္ အီးလီးေယာ့ကို လာမယ့္ရာသီအတြင္း အသင္းမွာပဲ ဆက္ရွိထားဖို႔ ဆံုးျဖတ္ထားေၾကာင္း မာေဆးဆိုဒ္အေျခစိုက္ Echo သတင္းဌာနက ေဖာ္ျပသြားပါတယ္။
ဘလက္ဘန္းအသင္းမွာ ေျခစြမ္းျပခဲ့တဲ့ အီးလီးေယာ့ဟာ ရာသီၾကိဳမွာ မန္ေနဂ်ာကေလာ့ပ္ရဲ႕ စီနီယာအသင္းနဲ႔အတူ ပူးေပါင္းရမွာပါ။ ဘလက္ဘန္းဘက္က သူ႔ကုိ ေနာက္ထပ္ တစ္ရာသီ အငွားေခၚယူလိုေပမယ့္ လီဗာပူးဘက္ကေတာ့ ခြင့္ျပဳမွာ မဟုတ္သလို အကယ္လို႔ အငွားထပ္ခ်ခဲ့ရင္ေတာင္ ပရီးမီးယားလိဂ္ကလပ္ တစ္သင္းထံပဲ ျဖစ္လာပါလိမ့္မယ္။
က်ဴပီအာအသင္းမွာ လူငယ္ကစားသမားဘဝ စတင္ခဲ့ျပီး ဖူလ္ဟမ္ကို ေျပာင္းေရႊ႔ခဲ့ကာ ၂၀၁၉ မွာေတာ့ အီးလီးေယာ့ဟာ လီဗာပူးအသင္းကို ေျပာင္းေရႊ႔လာခဲ့တယ္။ အသင္းမွာ တစ္ရာသီ ရွိခဲ့ျပီးေနာက္ မႏွစ္ကေတာ့ စီနီယာအဆင့္ အေတြ႔အၾကံဳရဖို႔ ကလပ္က အငွားခ်ခဲ့ကာ ခ်န္ပီယံရွစ္ကလပ္ ဘလက္ဘန္းအသင္းမွာ ကိုယ္တိုင္ ၇ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၁၁ ၾကိမ္ လုပ္ႏုိင္ခဲ့ပါတယ္။
မန္ေနဂ်ာကေလာ့ပ္နဲ႔ သူ႔ရဲ႕ နည္းျပအဖြဲ႔က ရာသီသစ္အတြက္ ဘယ္ကစားသမားေတြကို ဆက္ထိန္းရမယ္ဆိုတာကို အကဲျဖတ္ေနတယ္။ သူတို႔က အီးလီးေယာ့ကို အမ်ားၾကီး ေမွ်ာ္လင့္ထားကာ ရာသီၾကိဳမွာ ဆယ္ေက်ာ္သက္ တိုက္စစ္သမားေလး ဘာလုပ္ျပႏုိင္မလဲကို ေစာင့္ၾကည့္သြားမွာျဖစ္ပါတယ္။
လီဗာပူးဘက္က မီနာမီႏို၊ ရွာကီြရီ၊ အိုရီဂီတို႔အျပင္ ဝဲလ္ဆန္၊ ဂရုဂ်စ္တို႔ကိုလည္း ရွင္းထုတ္ဖို႔ လုပ္ေဆာင္ေနတာေၾကာင့္ လာမယ့္ရာသီ အီးလီးေယာ့ကို ပြဲကစားခြင့္ေတြ ပိုေပးႏုိင္ဖြယ္ရွိတယ္။ ဆာလာ၊ မာေနးတို႔ထံကေန သင္ယူခြင့္ေတြဟာ အသက္ ၁၈ ႏွစ္အရြယ္ တိုက္စစ္သမားရဲ႕ တိုးတက္မႈေတြအတြက္ အေထာက္အပံ့ျဖစ္လာေစမယ္ ယူဆရတာျဖစ္ပါတယ္။