နယ်သာလန် တိုက်စစ်သမား မာလန်
လီဗာပူးအသင်းက ပီအက်စ်ဗီအသင်း တိုက်စစ်မှူး မာလန်ကို အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ရေးအတွက် စကားပြောမှု စတင်လိုက်ကြောင်း သတင်းထွက်လာပါတယ်။ ဒီကနဦး စကားပြောမှုက နွေမှာ ကစားသမားအား ခေါ်ယူခွင့်ရနိုင်မလား စုံစမ်းခြင်းဖြစ်မယ်လို့ နားလည်ရတယ်။
အသက် ၂၂ နှစ်အရွယ် နယ်သာလန် လက်ရွေးစင်ဟာ မနှစ်က ရာသီမှာ သွင်းဂိုး ၂၇ ဂိုး ရယူနိုင်ခဲ့ကာ ဂိုးထောက်ပံ့မှု ၁၀ ကြိမ်ထိ လုပ်နိုင်ခဲ့သူဖြစ်တယ်။ သူဟာ ယူရို ၂၀၂၀ ပြိုင်ပွဲဝင် ဖရန့် ဒီဘိုးဝါးရဲ့ နယ်သာလန်အသင်းအတွက်လည်း ပါဝင်ကစားပေးနေပါတယ်။
လန်ဒန်ကလပ်တွေနှင့်အပြိုင် စောင့်ကြည့်နေ
အီတလီသတင်းထောက် Nicolo Schira ရဲ့ အဆိုအရ လီဗာပူးအသင်းဟာ လန်ဒန်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ ဝက်ဟမ်းအသင်းတို့နဲ့အပြိုင် စပါတာပရက်အသင်းမှ ချက်လူငယ် တိုက်စစ်သမား အဒမ် ဟလိုဇယ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ တိုက်စစ်သမားဟာ အသက် ၁၆ နှစ်အရွယ်ဖြစ်တဲ့ ၂၀၁၈ မှာတင် စပါတာပရက်အသင်းရဲ့ စီနီယာပွဲထွက်ခွင့်ကို စယူလာခဲ့ပြီးနောက် ချက်အသင်းအတွက် ၈၅ ပွဲ ကစားကာ ၂၈ ဂိုးထိ သွင်းထားပေးနိုင်တယ်။ မနှစ်ကရာသီ သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးထောက်ပံ့မှု ၉ ကြိမ် လုပ်ထားနိုင်တဲ့ တိုက်စစ်သမားအတွက် ယူရို သန်း ၂၀ လောက် ကျသင့်ပါမယ်။
ရီနာတို ဆန်းချက်စ်က ဈေးကြီးလွန်တယ်
ကုန်ခဲ့တဲ့ ၄ နှစ်အတွင်းမှာ လီဗာပူးဟာ ကွင်းလယ်ပိုင်း အားဖြည့်မှုတွေအတွက် ပေါင် သန်း ၁၅၀ သုံးထားပါတယ်။ ဒါပေမယ့်လို့ ကွင်းလယ်မှာ ဟန်ဒါဆန်ကိုပဲ အဓိက အားကိုးနေရဆဲဖြစ်ကာ လာမယ့်ရာသီမှာတော့ ဖာဘင်ညို၊ သီယာဂိုအတွဲကို ပိုတွဲထုတ်လာနိုင်တယ်။
ချိန်ဘာလိန်၊ ကိတ်တာတို့ အခုချိန်ထိ ကြံ့ခိုင်မှုပိုင်း သက်သေမပြရသေးဘဲ ကလော့ပ်ရဲ့ စိတ်ကြိုက် ကစားသမားဖြစ်သူ ဝိုက်နယ်ဒမ်ကလည်း အလွတ်ဖြင့် ထွက်ခွာသွားပါပြီ။ သူတို့နေရာမှာ လိုင်လီကွင်းလယ်လူ ဆန်းချက်စ်ကို နှစ်သက်မှု ရှိခဲ့ပေမယ့် ပေါ်တူဂီသားအတွက် ပြောင်းရွှေ့ကြေးက ဈေးကြီးလွန်းနေတယ်လို့ သိရပါတယ်။
မော်ရင်ညိုအတွက် ရိုးမားမှာ ဆက်နေမယ့် ပယ်လီဂရီနီ
လီဗာပူးနဲ့ သတင်းထွက်နေတဲ့ ကစားသမားတွေထဲမှာ ရိုးမားကွင်းလယ်လူ ပယ်လီဂရီနီလည်း ပါဝင်ထားပါတယ်။ အသက် ၂၄ နှစ်အရွယ် အီတလီသား ကွင်းလယ်လူက နယ်မြေသစ်ထံ ပြောင်းဖို့ထက် လာမယ့်ရာသီအတွက် မော်ရင်ညိုအတွက် ကစားပေးဖို့ကိုပဲ ဆုံးဖြတ်ထားပါတယ်။
ZAWGYI
နယ္သာလန္ တိုက္စစ္သမား မာလန္
လီဗာပူးအသင္းက ပီအက္စ္ဗီအသင္း တိုက္စစ္မွဴး မာလန္ကို အေျပာင္းအေရႊ႔မွာ ေခၚယူႏုိင္ေရးအတြက္ စကားေျပာမႈ စတင္လိုက္ေၾကာင္း သတင္းထြက္လာပါတယ္။ ဒီကနဦး စကားေျပာမႈက ေႏြမွာ ကစားသမားအား ေခၚယူခြင့္ရႏုိင္မလား စံုစမ္းျခင္းျဖစ္မယ္လို႔ နားလည္ရတယ္။
အသက္ ၂၂ ႏွစ္အရြယ္ နယ္သာလန္ လက္ေရြးစင္ဟာ မႏွစ္က ရာသီမွာ သြင္းဂိုး ၂၇ ဂိုး ရယူႏုိင္ခဲ့ကာ ဂိုးေထာက္ပံ့မႈ ၁၀ ၾကိမ္ထိ လုပ္ႏုိင္ခဲ့သူျဖစ္တယ္။ သူဟာ ယူရို ၂၀၂၀ ျပိဳင္ပြဲဝင္ ဖရန္႔ ဒီဘိုးဝါးရဲ႕ နယ္သာလန္အသင္းအတြက္လည္း ပါဝင္ကစားေပးေနပါတယ္။
လန္ဒန္ကလပ္ေတြႏွင့္အျပိဳင္ ေစာင့္ၾကည့္ေန
အီတလီသတင္းေထာက္ Nicolo Schira ရဲ႕ အဆိုအရ လီဗာပူးအသင္းဟာ လန္ဒန္ကလပ္ေတြျဖစ္တဲ့ အာဆင္နယ္၊ ဝက္ဟမ္းအသင္းတို႔နဲ႔အျပိဳင္ စပါတာပရက္အသင္းမွ ခ်က္လူငယ္ တိုက္စစ္သမား အဒမ္ ဟလိုဇယ္ကို စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။
အသက္ ၁၈ ႏွစ္ပဲ ရွိေသးတဲ့ တိုက္စစ္သမားဟာ အသက္ ၁၆ ႏွစ္အရြယ္ျဖစ္တဲ့ ၂၀၁၈ မွာတင္ စပါတာပရက္အသင္းရဲ႕ စီနီယာပြဲထြက္ခြင့္ကို စယူလာခဲ့ျပီးေနာက္ ခ်က္အသင္းအတြက္ ၈၅ ပြဲ ကစားကာ ၂၈ ဂိုးထိ သြင္းထားေပးႏုိင္တယ္။ မႏွစ္ကရာသီ သြင္းဂိုး ၁၅ ဂိုးနဲ႔ ဂိုးေထာက္ပံ့မႈ ၉ ၾကိမ္ လုပ္ထားႏုိင္တဲ့ တိုက္စစ္သမားအတြက္ ယူရို သန္း ၂၀ ေလာက္ က်သင့္ပါမယ္။
ရီနာတို ဆန္းခ်က္စ္က ေစ်းၾကီးလြန္တယ္
ကုန္ခဲ့တဲ့ ၄ ႏွစ္အတြင္းမွာ လီဗာပူးဟာ ကြင္းလယ္ပိုင္း အားျဖည့္မႈေတြအတြက္ ေပါင္ သန္း ၁၅၀ သံုးထားပါတယ္။ ဒါေပမယ့္လို႔ ကြင္းလယ္မွာ ဟန္ဒါဆန္ကိုပဲ အဓိက အားကိုးေနရဆဲျဖစ္ကာ လာမယ့္ရာသီမွာေတာ့ ဖာဘင္ညိဳ၊ သီယာဂိုအတြဲကို ပိုတြဲထုတ္လာႏုိင္တယ္။
ခ်ိန္ဘာလိန္၊ ကိတ္တာတို႔ အခုခ်ိန္ထိ ၾကံ႕ခိုင္မႈပိုင္း သက္ေသမျပရေသးဘဲ ကေလာ့ပ္ရဲ႕ စိတ္ၾကိဳက္ ကစားသမားျဖစ္သူ ဝိုက္နယ္ဒမ္ကလည္း အလြတ္ျဖင့္ ထြက္ခြာသြားပါျပီ။ သူတို႔ေနရာမွာ လိုင္လီကြင္းလယ္လူ ဆန္းခ်က္စ္ကို ႏွစ္သက္မႈ ရွိခဲ့ေပမယ့္ ေပၚတူဂီသားအတြက္ ေျပာင္းေရႊ႔ေၾကးက ေစ်းၾကီးလြန္းေနတယ္လို႔ သိရပါတယ္။
ေမာ္ရင္ညိဳအတြက္ ရိုးမားမွာ ဆက္ေနမယ့္ ပယ္လီဂရီနီ
လီဗာပူးနဲ႔ သတင္းထြက္ေနတဲ့ ကစားသမားေတြထဲမွာ ရိုးမားကြင္းလယ္လူ ပယ္လီဂရီနီလည္း ပါဝင္ထားပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ အီတလီသား ကြင္းလယ္လူက နယ္ေျမသစ္ထံ ေျပာင္းဖို႔ထက္ လာမယ့္ရာသီအတြက္ ေမာ္ရင္ညိဳအတြက္ ကစားေပးဖို႔ကိုပဲ ဆံုးျဖတ္ထားပါတယ္။