ဘင်ဖီကာအသင်းက လီဗာပူးတိုက်စစ်သမား ဟယ်ရီဝဲလ်ဆန်ကို ခေါ်ယူလိုနေပေမယ့် ကနဦး စကားပြောမှုမှာတင် အဆင်မပြေခဲ့ဘူးလို့ The Athletic သတင်းထောက် James Pearce က ဖော်ပြပါတယ်။

အသက် ၂၄ နှစ်အရွယ် တိုက်စစ်သမားဟာ မနှစ်ကရာသီမှာ ချန်ပီယံရှစ်ကလပ် ကာဒစ်အသင်းထံ အငှားထွက်ကစားခဲ့ပြီး ကိုယ်တိုင် ၇ ဂိုး သွင်းယူကာ ဂိုးထောက်ပံ့မှု ၁၂ ကြိမ် လုပ်နိုင်ခဲ့တယ်။ လီဗာပူးအသင်းကနေ ၅ သင်းထိ အငှားထွက်ကစားထားတဲ့ ဝဲလ်ဆန်အတွက် ကလပ်ဘက်က ယူရို ၁၅ သန်း အလိုရှိနေပါတယ်။

ဘင်ဖီကာဘက်က တရားဝင် စကားပြောမှု လုပ်ခဲ့ပေမယ့် သူတို့ဘက်က တောင်းဆိုဈေးဟာ လီဗာပူး လိုချင်နေတဲ့ကြေးထက် အများကြီး ကွာဟလွန်းနေခဲ့တယ်။ သို့ပေမယ့် ဘင်ဖီကာဘက်က နောက်ထပ် ကမ်းလှမ်းမှုတွေ ပေးလာဦးမယ်လို့ မာဆေးဆိုဒ်အသင်းဘက်က ယုံကြည်နေပါတယ်။

မနှစ်ကနွေမှာ ဝဲလ်ဆန်ကို ခေါ်ယူဖို့ ဘန်လေဘက်က ပေါင် ၁၁ သန်းဖြင့် ကမ်းလှမ်းပေမယ့် လီဗာပူးဘက်က ငြင်းဆန်ခဲ့တာပါ။ ဒီနွေမှာတော့ ဝဲလ်ဆန်အတွက် ယူရို ၁၅ သန်း တန်ကြေးရှိတဲ့ ပေါင် ၁၃ သန်းတင် ဈေးသတ်မှတ်ပေးထားတာဖြစ်တယ်။

ဝေလ်းတိုက်စစ်သမားကို ခေါ်ယူဖို့ ဘရန့်ဖိုဒ့်နဲ့ ဝက်ဘရွန်းအသင်းတို့က စိတ်ဝင်စားနေသလို အကယ်ဒမီအသင်းမှာ လက်တွဲဖူးတဲ့ ဆွမ်ဆီးမန်နေဂျာ စတိဗ်ကူပါကလည်း အလိုရှိနေပါတယ်။

ယူရို ၂၀၂၀ အပြီးမှာ ဝေလ်းကစားသမားလေးဟာ လီဗာပူးကနေ အပြီးသတ် စာချုပ်ဖြင့် ထွက်ခွာသွားဖို့ နီးစပ်နေပြီး ဝဲလ်ဆန်ကိုယ်တိုင်ကတော့ ပုံမှန် ပွဲကစားခွင့်ပေးမယ့် အသင်းကိုပဲ ပြောင်းလိုနေတယ်လို့ သိထားရတာဖြစ်ပါတယ်။

ZAWGYI

ဘင္ဖီကာအသင္းက လီဗာပူးတိုက္စစ္သမား ဟယ္ရီဝဲလ္ဆန္ကို ေခၚယူလိုေနေပမယ့္ ကနဦး စကားေျပာမႈမွာတင္ အဆင္မေျပခဲ့ဘူးလို႔ The Athletic သတင္းေထာက္ James Pearce က ေဖာ္ျပပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ တိုက္စစ္သမားဟာ မႏွစ္ကရာသီမွာ ခ်န္ပီယံရွစ္ကလပ္ ကာဒစ္အသင္းထံ အငွားထြက္ကစားခဲ့ျပီး ကိုယ္တုိင္ ၇ ဂိုး သြင္းယူကာ ဂိုးေထာက္ပံ့မႈ ၁၂ ၾကိမ္ လုပ္ႏုိင္ခဲ့တယ္။ လီဗာပူးအသင္းကေန ၅ သင္းထိ အငွားထြက္ကစားထားတဲ့ ဝဲလ္ဆန္အတြက္ ကလပ္ဘက္က ယူရို ၁၅ သန္း အလိုရွိေနပါတယ္။

ဘင္ဖီကာဘက္က တရားဝင္ စကားေျပာမႈ လုပ္ခဲ့ေပမယ့္ သူတို႔ဘက္က ေတာင္းဆိုေစ်းဟာ လီဗာပူး လိုခ်င္ေနတဲ့ေၾကးထက္ အမ်ားၾကီး ကြာဟလြန္းေနခဲ့တယ္။ သို႔ေပမယ့္ ဘင္ဖီကာဘက္က ေနာက္ထပ္ ကမ္းလွမ္းမႈေတြ ေပးလာဦးမယ္လို႔ မာေဆးဆိုဒ္အသင္းဘက္က ယံုၾကည္ေနပါတယ္။

မႏွစ္ကေႏြမွာ ဝဲလ္ဆန္ကို ေခၚယူဖို႔ ဘန္ေလဘက္က ေပါင္ ၁၁ သန္းျဖင့္ ကမ္းလွမ္းေပမယ့္ လီဗာပူးဘက္က ျငင္းဆန္ခဲ့တာပါ။ ဒီေႏြမွာေတာ့ ဝဲလ္ဆန္အတြက္ ယူ၇ို ၁၅ သန္း တန္ေၾကးရွိတဲ့ ေပါင္ ၁၃ သန္းတင္ ေစ်းသတ္မွတ္ေပးထားတာျဖစ္တယ္။

ေဝလ္းတိုက္စစ္သမားကို ေခၚယူဖို႔ ဘရန္႔ဖိုဒ့္နဲ႔ ဝက္ဘရြန္းအသင္းတို႔က စိတ္ဝင္စားေနသလို အကယ္ဒမီအသင္းမွာ လက္တြဲဖူးတဲ့ ဆြမ္ဆီးမန္ေနဂ်ာ စတိဗ္ကူပါကလည္း အလိုရွိေနပါတယ္။

ယူရို ၂၀၂၀ အျပီးမွာ ေဝလ္းကစားသမားေလးဟာ လီဗာပူးကေန အျပီးသတ္ စာခ်ဳပ္ျဖင့္ ထြက္ခြာသြားဖို႔ နီးစပ္ေနျပီး ဝဲလ္ဆန္ကိုယ္တုိင္ကေတာ့ ပံုမွန္ ပြဲကစားခြင့္ေပးမယ့္ အသင္းကိုပဲ ေျပာင္းလိုေနတယ္လို႔ သိထားရတာျဖစ္ပါတယ္။