လီဗာပူးအသင်းဟာ အန်ဖီးကွင်းရဲ့ တိုးချဲ့လို့ရတဲ့ ပွဲကြည့်စင် ဘက်ခြမ်းတွေထဲ တစ်ခုအဖြစ် Anfield Road ကို စတင် တိုးချဲ့ တည်ဆောက်နေပြီဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်မှာ အပြီးသတ်မယ့် အဆိုပါ တည်ဆောက်မှု ပြီးစီးခဲ့ရင် ၁၈၉၂ ခုနှစ်တည်းက စတင်တည်ထောင်လာခဲ့တဲ့ လီဗာပူးသမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် အန်ဖီးကွင်းဟာ ပရိသတ်ဝင်ဆံ့မှု အများဆုံးအဖြစ် ပရိသတ် ၆၁၀၀၀ ကို ဧည့်ခံနိုင်မှာဖြစ်တယ်။ ကွင်းဧရိယာထဲမှာလည်း မော်ဒန်ခေတ် အစိတ်အပိုင်းတွေ အများကြီး ပါဝင်လာပါမယ်။

သို့ပေမယ့်လို့ လီဗာပူးအသင်းဟာ အသင်းရဲ့ အိမ်ကွင်းကို ခြားနားတဲ့ ပုံစံတွေဖြင့် အသွင်ပြောင်းဖို့ ကြိုးစားခဲ့တာ FSG ကပဲ ပထမဆုံးတော့ မဟုတ်ပါဘူး။ အခြားသော အသင်းပိုင်ရှင်တွေကလည်း ကွင်းသစ်တည်ဆောက်ဖို့ ပလန်တွေ ဆွဲခဲ့ကြပေမယ့် တစ်ဖွဲ့မှတော့ အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့တာဖြစ်တယ်။ ဒီတော့ သမိုင်းထဲက လီဗာပူးကြိုးစားခဲ့တဲ့ ကွင်းတွေအကြောင်း ဖော်ပြမှာဖြစ်ပါတယ်။

The Parry Bowl

၂၀၀၂ ခုနှစ်မှာ ထိုစဉ် ကလပ် အမှုဆောင်ချုပ် ရစ်ပယ်ရီက ပရိသတ် ၅၅၀၀၀ ဝင်ဆံ့မယ့် ကွင်းသစ်ကြီးကို ပေါင် သန်း ၂၇၀ အကုန်အကျခံပြီး ၂၀၀၅ ခုနှစ်အမှီ အပြီးသတ် တည်ဆောက်ဖို့ အိုင်ဒီယာ ထုတ်ခဲ့ပါတယ်။ စတန်လေပက်ခ်မှာ တည်ဆောက်မှာဖြစ်ကာ ကွင်းသစ်ကိုလည်း အန်ဖီးလို့ပဲ အမည်ပေးဖို့ စီစဉ်ခဲ့တယ်။ သို့ပေမယ့်လို့ ကွင်းတည်ဆောက်ဖို့ ကုန်ကျမယ့် စရိတ်တွေကို ရှာဖွေရေးဟာ ခက်ခဲစွာ ရုန်းကန်ရမှာဖြစ်လို့ အဆိုပါ အစီအစဉ်ကို ရပ်ဆိုင်းခဲ့ပါတယ်။

တွမ်ဟစ်နဲ့ ဂျီလတ်ရဲ့ လက်တွဲမှု

လီဗာပူးအသင်းကို တွမ်ဟင်နဲ့ ဂျီလတ်တို့ ပူးတွဲပိုင်ဆိုင်မှုနောက်မှာ ၂၀၀၇ ခုနှစ်အတွင်း ပရိသတ် ၆၀၀၀၀ ဝင်ဆံ့မယ့် ပေါင် သန်း ၃၀၀ တန် ကွင်းသစ်တည်ဆောက်မှု စီမံကိန်းကို စတင်ခဲ့ပါတယ်။ အဆိုပါကွင်းသစ်ကို ၂၀၁၀ မှာ အပြီးသတ် တည်ဆောက်မှာဖြစ်ပြီး Kop တွေ ၁၈၀၀၀ ထိ ကြည့်ရှုနိုင်မယ့် ပွဲကြည့်စင်လည်း ပါဝင်ခဲ့တယ်။

ဒီစီမံကိန်းအတွက် ဗြိတိန် ဗိသုကာအဖွဲ့ HKS နဲ့ လီဗာပူးမြို့ကောင်စီတို့ အစည်းအဝေး ပြုလုပ်ခဲ့အပြီးမှာ မအောင်မြင်ခဲ့တာကြောင့် ကွင်းတည်ဆောက်မှုလည်း ပျက်ပြယ်ခဲ့ပါတယ်။

ဝင်ဘာလေပုံတူကွင်း

တွမ်ဟစ်နဲ့ ဂျီလက်တို့ဟာ ကွင်းသစ်တည်ဆောက်မှုကို လက်မလျော့ဘဲ ဝင်ဘာလေ ပုံတူ ကွင်းသစ်ကို လီဗာပူးအတွက် တည်ဆောက်ဖို့ ထပ်မံ အကြံထုတ်ခဲ့တယ်။ ပထမပလန်ထက် ကုန်ကျစရိတ် ပိုမိုသက်သာခြင်းကြောင့် မြို့ကောင်စီက ခွင့်ပြုလိုခဲ့ပေမယ့် ၂၀၀၈ ခုနှစ် ကမ္ဘာစီးပွားပျက်ကပ်ကို ရင်ဆိုင်ရခြင်းကြောင့် လီဗာပူးရဲ့ ကွင်းသစ် စီမံကိန်းက အမှန်တကယ် တည်ဆောက်ဖို့ထက် လေထဲက ပုံပြင်အဆင့်မှာသာ ရပ်တန့်ခဲ့ပြီး နောက်ပိုင်းမှာ အမေရိကန်ပိုင်ရှင်တွေဟာ အသင်းကို FSG ထံ ရောင်းထုတ်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ FSG လက်အောက်မှာတော့ မှန်ကန်တဲ့ ဖွဲ့စည်းပုံနဲ့ ခြေလှမ်းတွေကို ပြန်လည် စတင်နိုင်ခဲ့ပြီး စတန်လေပက်ခ်မှာ ကွင်းသစ်တည်ဆောက်ဖို့ထက် အသင်းရဲ့ သမိုင်းဝင် အငွေ့အသက်တွေ ဖုံးလွှမ်းရာ အန်ဖီးကွင်းကိုပဲ တိုးချဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်။

FSG ဟာ အန်ဖီးအနီးတဝိုက်က မြေတွေကို ဝယ်ယူမှုလို ကိစ္စတွေအတွက်နဲ့ အန်ဖီးကွင်းအနီးဘက်တွေမှာ တိုးတက်မှုဆိုင်ရာ ကိစ္စတွေလုပ်ဆောင်ဖို့အတွက် မြို့ကောင်စီရဲ့ အကူအညီတွေ အများကြီး ယူခဲ့ရတယ်။ လက်ရှိမှာတော့ The Main Stand ကနေ စတင်ခဲ့တဲ့ ကွင်းတိုးချဲ့မှုဟာ ဒီနွေမှာတော့ Anfield Road ဘက်ကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ အန္ဖီးကြင္းရဲ႕ တိုးခ်ဲ႔လို႔ရတဲ့ ပြဲၾကည့္စင္ ဘက္ျခမ္းေတြထဲ တစ္ခုအျဖစ္ Anfield Road ကို စတင္ တိုးခ်ဲ႔ တည္ေဆာက္ေနျပီျဖစ္ပါတယ္။

၂၀၂၃ ခုႏွစ္မွာ အျပီးသတ္မယ့္ အဆိုပါ တည္ေဆာက္မႈ ျပီးစီးခဲ့ရင္ ၁၈၉၂ ခုႏွစ္တည္းက စတင္တည္ေထာင္လာခဲ့တဲ့ လီဗာပူးသမိုင္းတစ္ေလွ်ာက္ ပထမဆံုးအျဖစ္ အန္ဖီးကြင္းဟာ ပရိသတ္ဝင္ဆံ့မႈ အမ်ားဆံုးအျဖစ္ ပရိသတ္ ၆၁၀၀၀ ကို ဧည့္ခံႏုိင္မွာျဖစ္တယ္။ ကြင္းဧရိယာထဲမွာလည္း ေမာ္ဒန္ေခတ္ အစိတ္အပိုင္းေတြ အမ်ားၾကီး ပါဝင္လာပါမယ္။

သို႔ေပမယ့္လို႔ လီဗာပူးအသင္းဟာ အသင္းရဲ႕ အိမ္ကြင္းကို ျခားနားတဲ့ ပံုစံေတြျဖင့္ အသြင္ေျပာင္းဖို႔ ၾကိဳးစားခဲ့တာ FSG ကပဲ ပထမဆံုးေတာ့ မဟုတ္ပါဘူး။ အျခားေသာ အသင္းပိုင္ရွင္ေတြကလည္း ကြင္းသစ္တည္ေဆာက္ဖို႔ ပလန္ေတြ ဆြဲခဲ့ၾကေပမယ့္ တစ္ဖြဲ႔မွေတာ့ ေအာင္ျမင္ေအာင္ မလုပ္ေဆာင္ႏုိင္ခဲ့တာျဖစ္တယ္။ ဒီေတာ့ သမိုင္းထဲက လီဗာပူးၾကိဳးစားခဲ့တဲ့ ကြင္းေတြအေၾကာင္း ေဖာ္ျပမွာျဖစ္ပါတယ္။

The Parry Bowl

၂၀၀၂ ခုႏွစ္မွာ ထိုစဥ္ ကလပ္ အမႈေဆာင္ခ်ဳပ္ ရစ္ပယ္ရီက ပရိသတ္ ၅၅၀၀၀ ဝင္ဆံ့မယ့္ ကြင္းသစ္ၾကီးကို ေပါင္ သန္း ၂၇၀ အကုန္အက်ခံျပီး ၂၀၀၅ ခုႏွစ္အမွီ အျပီးသတ္ တည္ေဆာက္ဖို႔ အိုင္ဒီယာ ထုတ္ခဲ့ပါတယ္။ စတန္ေလပက္ခ္မွာ တည္ေဆာက္မွာျဖစ္ကာ ကြင္းသစ္ကိုလည္း အန္ဖီးလို႔ပဲ အမည္ေပးဖို႔ စီစဥ္ခဲ့တယ္။ သို႔ေပမယ့္လို႔ ကြင္းတည္ေဆာက္ဖို႔ ကုန္က်မယ့္ စရိတ္ေတြကို ရွာေဖြေရးဟာ ခက္ခဲစြာ ရုန္းကန္ရမွာျဖစ္လို႔ အဆိုပါ အစီအစဥ္ကို ရပ္ဆိုင္းခဲ့ပါတယ္။

တြမ္ဟစ္နဲ႔ ဂ်ီလတ္ရဲ႕ လက္တြဲမႈ

လီဗာပူးအသင္းကို တြမ္ဟင္နဲ႔ ဂ်ီလတ္တို႔ ပူးတြဲပိုင္ဆိုင္မႈေနာက္မွာ ၂၀၀၇ ခုႏွစ္အတြင္း ပရိသတ္ ၆၀၀၀၀ ဝင္ဆံ့မယ့္ ေပါင္ သန္း ၃၀၀ တန္ ကြင္းသစ္တည္ေဆာက္မႈ စီမံကိန္းကို စတင္ခဲ့ပါတယ္။ အဆိုပါကြင္းသစ္ကို ၂၀၁၀ မွာ အျပီးသတ္ တည္ေဆာက္မွာျဖစ္ျပီး Kop ေတြ ၁၈၀၀၀ ထိ ၾကည့္ရႈႏိုင္မယ့္ ပြဲၾကည့္စင္လည္း ပါဝင္ခဲ့တယ္။

ဒီစီမံကိန္းအတြက္ ျဗိတိန္ ဗိသုကာအဖြဲ႔ HKS နဲ႔ လီဗာပူးျမိဳ႔ေကာင္စီတို႔ အစည္းအေဝး ျပဳလုပ္ခဲ့အျပီးမွာ မေအာင္ျမင္ခဲ့တာေၾကာင့္ ကြင္းတည္ေဆာက္မႈလည္း ပ်က္ျပယ္ခဲ့ပါတယ္။

ဝင္ဘာေလပံုတူကြင္း

တြမ္ဟစ္နဲ႔ ဂ်ီလက္တို႔ဟာ ကြင္းသစ္တည္ေဆာက္မႈကို လက္မေလ်ာ့ဘဲ ဝင္ဘာေလ ပံုတူ ကြင္းသစ္ကို လီဗာပူးအတြက္ တည္ေဆာက္ဖို႔ ထပ္မံ အၾကံထုတ္ခဲ့တယ္။ ပထမပလန္ထက္ ကုန္က်စရိတ္ ပိုမိုသက္သာျခင္းေၾကာင့္ ျမိဳ႕ေကာင္စီက ခြင့္ျပဳလိုခဲ့ေပမယ့္ ၂၀၀၈ ခုႏွစ္ ကမၻာစီးပြားပ်က္ကပ္ကို ရင္ဆိုင္ရျခင္းေၾကာင့္ လီဗာပူးရဲ႕ ကြင္းသစ္ စီမံကိန္းက အမွန္တကယ္ တည္ေဆာက္ဖို႔ထက္ ေလထဲက ပံုျပင္အဆင့္မွာသာ ရပ္တန္႔ခဲ့ျပီး ေနာက္ပိုင္းမွာ အေမရိကန္ပိုင္ရွင္ေတြဟာ အသင္းကို FSG ထံ ေရာင္းထုတ္ခဲ့ပါတယ္။

လီဗာပူးအသင္းဟာ FSG လက္ေအာက္မွာေတာ့ မွန္ကန္တဲ့ ဖြဲ႔စည္းပံုနဲ႔ ေျခလွမ္းေတြကို ျပန္လည္ စတင္ႏုိင္ခဲ့ျပီး စတန္ေလပက္ခ္မွာ ကြင္းသစ္တည္ေဆာက္ဖို႔ထက္ အသင္းရဲ႕ သမိုင္းဝင္ အေငြ႔အသက္ေတြ ဖံုးလႊမ္းရာ အန္ဖီးကြင္းကိုပဲ တိုးခ်ဲ႔ဖို႔ ဆံုးျဖတ္ခဲ့တယ္။

FSG ဟာ အန္ဖီးအနီးတဝိုက္က ေျမေတြကို ဝယ္ယူမႈလို ကိစၥေတြအတြက္နဲ႔ အန္ဖီးကြင္းအနီးဘက္ေတြမွာ တိုးတက္မႈဆိုင္ရာ ကိစၥေတြလုပ္ေဆာင္ဖို႔အတြက္ ျမိဳ႔ေကာင္စီရဲ႕ အကူအညီေတြ အမ်ားၾကီး ယူခဲ့ရတယ္။ လက္ရွိမွာေတာ့ The Main Stand ကေန စတင္ခဲ့တဲ့ ကြင္းတိုးခ်ဲ႔မႈဟာ ဒီေႏြမွာေတာ့ Anfield Road ဘက္ကို ေရာက္လာခဲ့ျပီျဖစ္ပါတယ္။