မန်ယူအသင်းနဲ့အတူ အကြိမ် ၂၀ မြောက် အမှတ်ပေး ချန်ပီယံဆု ကို ရရှိခဲ့တဲ့ ဗန်ပါစီ က ပြိုင်ဘက်မန်ယူအသင်း ကို ပြောင်းရွေ့မိ တာကြောင့် အသင်းဟောင်း အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေ ကို တောင်းပန်လိုက်ပါတယ်။

အာဆင်နယ် U23 အသင်းခေါင်းဆောင် Julio Pleguezuelo ဟာ လန်ဒန်ကလပ်ကနေ ထွက်ခွာတော့မှာ ဖြစ်ပြီး ဟော်လန်ကလပ် FC Twente သို့ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ ယွန်းဘတ်က ၄င်းကို သက်တမ်းတိုးဖို့ အာဆင်နယ်အား တိုက်တွန်းခဲ့ပေမယ့် သက်တမ်းတိုး ကမ်းလှမ်းခဲ့ခြင်း ရှိ မရှိကိုတော့ မသိရပါဘူး။

အိုဇေးလ်ရဲ့ ခြေစွမ်း မတည်ြငိမ်မှုနဲ့ လစာမြင့်မားမှုတွေ ရှိနေပေမယ့် အာဆင်နယ် အနေနဲ့ ဂျာမန်သားကို ရောင်းမထုတ်သင့်ကြောင်း အာဆင်နယ် ဂန္တ၀င်ကစားသမာ အိုင်ယန်ရိုက်က အကြံပေးစကားဆိုလိုက်ပါတယ်။

အာဆင်နယ်နဲ့ ချယ်ဆီးတို့ဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် လက်မှတ်ခွဲတမ်း ၆၀၀၀ စီရခဲ့ပေမယ့် လက်မှတ် ထက်ဝက်ကို ရောင်း မကုန်ခဲ့တာကြောင့် ယူအီးအက်ဖ်အေကို ပြန်အပ်သွားတော့မယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်း တိုက်စစ်မှူးဟောင်းဖြစ်သူ အီရန်ရိုက်က အသင်းဟောင်းကို ထိပ်တန်းအသင်းဖြစ်လာဖို့ ခေါ်ယူမှု အနည်းငယ် ပြုလုပ်ဖို့ လိုအပ်မယ်လို့ ထောက်ပြ ခဲ့ပါတယ်။

အီရန်ရိုက်ကတော့ နွေမှာ အာဆင်နယ်အနေနဲ့ ဘယ်အစွန်လူ ဘမ်ချီဝဲလ်၊ ကွင်းလယ်လူ တိုင်လီမန်းစ်နဲ့ တောင်ပံသမား နီကိုးလက်စ် ပီပီတို့ကို ခေါ်ယူစေလိုနေတာပါ။

အာဆင်နယ် ဂိုးသမားဟောင်းကြီး ဒေးဗစ်ဆီးမန်းက ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အာဆင်နယ်က အတောင့်တင်းဆုံး အသင်းအနေအထားနဲ့ ပွဲထွက်သင့်တာကြောင့် ပီတာချက်ထက် လီနို ပွဲထွက်ကစားစေသင့်ကြောင်း အကြံပေးစကား ဆိုလိုက်ပါတယ်။

အာဆင်နယ် ခံစစ်မှူး မူစတာဖီကလည်း ဗိုလ်လုပွဲအတွက် ဘာကုသို့ မလိုက်ပါတော့ဘဲ ချန်နေရစ်ခဲ့တဲ့ မီခီတာရန်အတွက် ယူရိုပါလိဂ် ဗိုလ်စွဲချင်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။