မန်ချက်စတာ ယူနိုက်တက်ဟာ ပီအက်စ်ဂျီကနေ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာလာတော့မယ့် ကွင်းလယ်ကစား ရာဘီရော့ကို ခေါ်ယူရန် စဉ်းစားနေပါတယ်။

မန်ယူအသင်းဟာ လက်ရှိ ဂိုးသမား ဒီဂီယာ ကို လက်လွတ်လိုက်ရပါကာ သူရဲ့နေရာမှာ အစားထိုးဖို့အတွက် အေစီမီလန်အသင်းရဲ့ လူငယ်ဂိုးသမား ဒွမ်ရမ်မာ နဲ့ အစားထိုးမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

မန်ယူက ပဲလေ့စ်ခံစစ်မှူး ၀မ်ဘစ်ဆာကာကို ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပေမယ့် ခရစ္စတယ်ပဲလေ့စ်ဘက်ကတော့ ၄င်းတို့ ကစားသမား အတွက် ပေါင် သန်း ၅၀ အလိုရှိနေပြီး ယူနိုက်တက် ကမ်းလှမ်းမှုကို ခပ်ပြတ်ပြတ် ပယ်ချမှာ ဖြစ်ပါတယ်။

အီတလီကလပ် အင်တာမီလန်အသင်းဟာ မန်ယူအသင်းရဲ့တိုက်စစ်မှူး လူကာကူ ကို ပေါင်သန်း ၃၀ နဲ့အထက် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မန်ယူနဲ့ သဘောတူညီမှု ရလုနီးပါး ဖြစ်နေတဲ့ ဆွမ်ဆီးတိုက်စစ်သမား ဒန်နီရယ်ဂျိမ်းစ်ဟာ ဖခင် ဆုံးပါးသွားတာကြောင့် ဝေးစ်အသင်း ထရိန်နင်မှာ ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ၄င်းရဲ့ အပြောင်းအရွှေ့ ကိစ္စများကလည်း ဒီရက်ပိုင်းအတွင်း ထူးခြားမှာမဟုတ်ဘဲ နှောင့်နှေးဖွယ် ရှိလာပါတယ်။

ချယ်ဆီးနည်းပြဟောင်း ကွန်တီဟာ အင်တာမီလန်ကိုသာ ကိုင်တွယ်ဖြစ်ရင် ပထမဆုံး ခေါ်ယူမယ့် ကစားသမားက မန်ယူ တိုက်စစ်မှူး လူကာကူ ဖြစ်ပြီး ယခင် ချယ်ဆီးမှာ လက်တွဲဖူးတဲ့ ဗစ်တာမော့ဆက်ကိုပါ ခေါ်ယူဖို့ ကြံရွယ်နေပါတယ်။

မေဂျာလိဂ် ဒီစီ ယူနိုက်တက်အသင်းမှာ ကစားနေတဲ့ မန်ယူတိုက်စစ်မှူးဟောင်း ၀ိန်း ရွန်းနီက ကစားသမားဘ၀ အနားယူတာနဲ့ တပြိုင်နက် ဘောလုံးနည်းပြ လောကထဲသို့ ၀င်ရောက်ဖို့ စီစဉ်ထားကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဂျာမန်ဂန္တ၀င်ကစားသမားကြီး လိုသာမားသီရက် လက်ရှိ မန်ယူ ကစားသမားတွေဟာ ပိုက်ဆံကြောင့် အသင်းမှာ ဆက် ကစားနေကြတာ ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။