အာဆင်နယ်အသ်း တိုက်စစ်မှူး ၀ဲလ်ဘတ်ဟာ ရာသီကုန်ရင် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ပြီ ဖြစ်လို့ အသင်းကနေ ထွက်ခွာရတော့မှာပါ။ ဒါပေမယ့် ၄င်းရဲ့ အာဆင်နယ် ကစားသမားဘ၀ နောက်ဆုံးပွဲစဉ်ဖြစ်မယ့် ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်ကို ၀င်ရောက်ကစားဖို့ မဖြစ်နိုင်တော့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ခြေကျင်းဝတ်ရိုးကျိုးလို့ အနားယူခဲ့ရတဲ့ ၀ဲလ်ဘတ်ဟာ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီ ဖြစ်သော်လည်း ကြံ့ခိုင်မှု အပြည့်အ၀ မရှိသေးတာကြောင့် ဘာကူမှာ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို လွဲချော်တော့မှာပါ။

ဒဏ်ရာမှ ပြန်လည်သက်သာ ကောင်းမွန်လာတဲ့ ၀ဲလ်ဘတ်က သြစတြီးယားကလပ် LASK Linz နဲ့ တံခါးပိတ်ကစားသည့် ခြေစမ်းပွဲမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ ဗိုလ်လုပွဲ အတွက် အပြင်းအထန် လေ့ကျင့်နေတဲ့ အာဆင်နယ်အသင်းဟာ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားခဲ့တဲ့ Linz အသင်းကို ထရိန်နင် ကစားခဲ့သည့် အနေအထားကို လျှိုဝှက်ထားရန် တောင်းဆိုထားပြီး မည်သည့်သတင်းအချက်အလက်မှ ပေါက်ကြားခြင်းမရှိစေရန် စီမံထားခဲ့ပါတယ်။

ခြေစမ်းပွဲမှာ နည်းစနစ်ပိုင်းကို အဓိက ဦးစားပေး လေ့ကျင့်သွားခဲ့ပြီး နည်းပြချုပ် အူနိုင်းအမ်မရီမှ စနစ်တကျ ညွှန်ကြားထားခဲ့သလို၊ ကစားသမားများရဲ့ ကစားပုံ နည်းဗျူဟာနှင့် ပတ်သတ်ပြီး တိုးတက်လာစေရန် လေ့ကျင့်ခဲ့ကြောင်းသာ သိရပါတယ်။