ဘောလုံးအားကစားသမားဘဝကနေ အနားယူခဲ့ပြီဖြစ်တဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်းကြီး ရော်ဘင်ဗန်ပါစီဟာ သူရဲ့ ကစားသမားဘဝတလျှောက် တွဲဖက်ကစားလာခဲ့တဲ့ အကောင်းဆုံးတွဲဘက် ၆ ယောက်ကို ဖော်ပြခဲ့ရာ မန်ယူအသင်းဖော်တွေ အများအပြား ပါဝင်နေခဲ့ပါတယ်။

နယ်သာလန်ကလပ် ဖီယင်နုကနေ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းမှာ ဗန်ပါစီဟာ သူရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ကာ အက်အေဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ အောင်မြင်မှုမရခဲ့တာကြောင့် မန်ယူကို ပြောင်းရွှေ့ခဲ့တာဖြစ်တယ်။

မန်ယူကို ပြောင်းကစားတဲ့ ဘောလုံးရာသီမှာပဲ ပရီးမီးယားလိဂ်ဆုဖလားကို အောင်မြင်ခဲ့တယ်။ အဲ့ဒီနောက်ဗန်ပါစီဟာ တူရကီကလပ် ဖီနာဘာချီအသင်းနဲ့ သူရဲ့ အသင်းဟောင်းဖီယင်နု တို့မှာ ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းခဲ့ပါတယ်။

ကစားသမားဘဝ အတွေ့အကြုံတွေ ကြွယ်ဝခဲ့တဲ့ ဗန်ပါစီက အာဆင်နယ်အသင်းဖော် ဘားကမ့်၊ အွန်နရီနဲ့ မန်ယူ အသင်းဖော်ဟောင်းများဖြစ်တဲ့ ဂစ်၊ ပေါစခိုး ဝိန်းရွန်းနီနဲ့ နစ္စတယ်ရွိုင်းတို့ကို အကောင်းဆုံး တွဲဘက်တွေအဖြစ် ရွေးချယ်ခဲ့တယ်။ ဗန်ပါစီဟာ ၅ ဦးနဲ့ ကလပ်အသင်းတွေမှာ တွဲကစားခဲ့ပြီး နစ္စတယ်ရွိုင်းနဲ့တော့ နယ်သာလန်မှာ တွဲဘက်ကစားခဲ့တာဖြစ်တယ်။

သတင်းသမားတွေက နောက်ဆုံးမေးခွန်းအဖြစ် ” ခင်ဗျားရင်ဆိုင်ခဲ့ရတဲ့ပြိုင်ဘက်ကစားတွေထဲမှာ အကောင်းဆုံးကဘယ်သူဖြစ်မလဲ “လို့ မေးခွန်းထုတ်ခံရချိန်မှာ ဗန်ပါစီက ” ခံစစ်အတွဲတစ်တွဲရှိတယ် ဗီဒစ်နဲ့ဖာဒီနန်ပေါ့ ” လို့ ဖြေဆိုခဲ့ပါတယ်။