မန်ယူဟာ အေဂျက်ကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ လူငယ်ကစားသမားလေး Dillon Hoogewerf ကို ခေါ်ယူဖို့ရာ မကြာခင်မှာ ပြီးမြောက်တော့မယ်လို့ သိရပါတယ်။ ကစားသမားဟာ စီနီယာအသင်းအတွက်ထက် လူငယ်အသင်းအတွက် ဖြစ်လာပါမယ်။

အေဂျက် ယူ-၁၇ အသင်းမှာ ခြေစွမ်းပြနေတဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်လေးဟာ ဒီနွေမှာ ထွက်ခွာမှာဖြစ်ပြီး မန်ယူဘက်က ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရဖို့ နီးစပ်နေတာပါ။ သူဟာ အေဂျက်အသင်းရဲ့ အတိုးတက်ဆုံး လူငယ်အဖြစ်လည်း မှတ်ချက်ကောင်း ရထားပါတယ်။

Dillon Hoogewerf ဟာ အေဂျက်အသင်းနဲ့အတူ လူငယ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပါဝင်ထားသူဖြစ်တယ်။ ယူ-၁၇ အသင်းနဲ့တော့ ကိုယ်တိုင် ၁၀ ဂိုးသွင်းပြီး ၆ ဂိုးအထိ ဖန်တီးမှု လုပ်ပေးထားနိုင်ပါတယ်။
အသက် ၁၆ နှစ်သာရှိသေးပေမယ့် အေဂျက်အသင်းရဲ့ အတိုးတက်ဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦး ဖြစ်ကာ ဒီနှစ် ယူ-၁၇ ပြိုင်ပွဲမှာ ၁၀ ဂိုးသွင်းပြီး ၆ ဂိုးအထိ ဖန်တီးပေးထားနိုင်တယ်လို့ သိရပါတယ်။

သူ နိုင်ငံခြား ကလပ်အသင်းတစ်သင်းကို ထွက်ခွာမှာပါ။ ကျနော်တို့ သူ့ကို ဆက်ထိန်းဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး အနာဂတ်မှာအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ သူက ရွေးချယ်မှုတွေ လုပ်ရာမှာ နိုင်ငံခြား ကလပ်အသင်းကို ရွေးခဲ့ပါတယ် ” လို့ အေဂျက်တီဗီကို ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီအပတ်တွေထဲမှာ မန်ယူနဲ့ သတင်းတွေထွက်နေခဲ့လို့ မန်ချက်စတာကို ရောက်လာမယ်လို့ ခန့်မှန်းရပြီး မန်ယူဟာ မိုနာကိုမှ ဆယ်ကျော်သက်လေး Hannibal Mejbri ကိုလည်း ထပ်လိုက်နေပါတယ်။