ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ အာဆင်နယ်ပရိသတ်တွေအနေဖြင့် ၎င်းတို့ကို ဆန်ကျင်ဆန္ဒပြသည့် စာတမ်းကိုင်ဆောင်ခဲ့မည်ဆိုရင် ပြင်းပြင်းထန်ထန်အရေးယူသွားမည်လို့ သတိပေးစကား ပြောဆိုလာပါတယ်။

ဂန်းနားပရိသတ်တွေဘက်က အသင်းရဲ့ကွင်းလယ်ကစားသမား မီခီတာရမ်ကို အဇာဘိုင်ဂျန် ဘာကူသို့ ပြည်ဝင်ခွင့်ရရှိစေရန် UEFA က အကူအညီမပေးခဲ့မှုများအတွက် ဒေါသပေါက်ကွဲနေပြီး၊ ၄င်းကိစ္စကို စာတမ်းများကိုင်ဆောင်ကာ ဆန္ဒပြရန် အာဆင်နယ်အသင်းပရိသတ်အချို့က စီစဉ်ထားကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေပါတယ်။

အာမေးနီယန်းနိုင်ငံသားဖြစ်တဲ့ မီခီတာရမ်ဟာ အာမေနီးယန်းနှင့် အဇာဘိုင်ဂျန်အကြားတွင် နိုင်ငံရေးအရ သဘောထားတင်းမာမှုများ ရှိနေခြင်းကြောင့် ပြည်ဝင်ခွင့်မရရှိခဲ့ခြင်းဖြစ်သလို၊ UEFA ဘက်က အားကစားနှင့် နိုင်ငံရေးကို မရောယှက်သင့်ကြောင်း ဥပဒေကို လက်စွဲပြုပြီး ဖိအားပေးသင့်တယ်လို့ ဂန်းနားတို့က ယူဆနေတယ်။

အာဆင်နယ်ပရိသတ်များအနေနဲ့ စာတမ်းများကိုင်ဆောင်ခြင်း၊ အော်ဟစ်ကြွေးကြော်ခြင် တို့နဲ့ UEFA ကို ဆန္ဒပြရန်စီစဉ်ထားခြင်းဖြစ်ကာ မီခီတာရမ်ကတော့ အသင်းအတွက် အရေးပါသည့် ဗိုလ်လုပွဲကို လွဲချော်ခဲ့ရသည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်မိကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

မီခီတာရမ်ဟာ လာမယ့် နွေရာသီဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းမှ ထွက်ခွာသွားနိုင်ချေရှိသည့် ကစားသမားများအနက် တစ်ဦးအပါအ၀င်ဖြစ်နေပြီး ၎င်းကိုခေါ်ယူရန် ဂျာမန်ဘွန်ဒက်စ်လီဂါ နှင့် အီတလီစီးရီးအေကလပ်များက ချိတ်ဆက်မှုများလည်းရှိနေပါတယ်။