သရဲနီပရိသတ်တွေအတွက် လက်တလော ထွက်ရှိနေတဲ့ အပြောင်းအရွှေ့ သတင်းတိုင်းကို တင်းပေးရပေမယ့် အတည်ပြုသတင်းတွေ တစ်ခုကိုမှ အခုချိန်ထိ မတင်ပေးနိုင်သေးပါဘူး။ ဒါပေမယ့်လို့ ကိုယ်တွေမန်ယူဟာ တစ်လအတွင်းမှာ အပြောင်းအရွှေ့ ခေါ်ယူမှုတွေကို အပြီးသတ်မှာပါ။

မန်နေဂျာဆိုးရှားကိုယ်တိုင်က ဇူလိုင်လ ၁ ရက်နေ့ မတိုင်ခင်မှာ လူသစ်ခေါ်ယူမှုတွေအားလုံး အပြီးသတ်သွားဖို့ ရည်ရွယ်ထားကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ဒါကြောင့် ဂျိမ်းစ်၊ လောင်းစတပ်ကစလို့ အခြားသော ဈေးကွက်အတွင်း ချိတ်ဆက်မှုတွေအာလုံး လမယ့်လမှာ အပြီးသတ်ပါမယ်။

မန်နေဂျာဆိုးရှားက “ ကျနော်တို့ အသင်းက အခြေခိုင်ဖို့ လိုအပ်ပြီး ကြိုတင်စီစဉ်ထားတဲ့ အစီအစဉ်အတိုင်း ဖြစ်အောင် လုပ်နေပါတယ်။ အခြား မည်သည့်အကြောင်းပြချက်တွေမှ ပေးမှာမဟုတ်ပဲ ဇူလိုင်လ ၁ ရက်နေ့မှာတော့ အသင်းက အားလုံး အဆင်သင့် ဖြစ်နေပါမယ် ” လို့ ဆိုပါတယ်။

မန်ယူဟာ နွေရာသီကြို ပြင်ဆင်မှုအဖြစ် အာရှနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ စင်ကာပူတို့မှာ စပါး၊ အင်တာမီလန် တို့နဲ့ ခြေစွမ်းပွဲများ ကစားသွားမှာဖြစ်ပြီး ဆိုးရှားရဲ့ ဇာတိ နော်ဝေမှာ ကစားမယ့် ခြေစမ်းပွဲကိုလည်း စီစဉ်ထားတယ်။

ဆိုးရှားရဲ့ မန်ယူဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အကြီးအကျယ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားဖို့ရှိပြီး အဓိက ကစားသမားများ ရှင်းထုတ်မှုတွေကိုလည်း ခပ်မြန်မြန်ပဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။