မန်ချက်စတာ ယူနိုက်တက်ဟာ ပြင်သစ်ကလပ် လိုင်ယွန်အသင်းမှ တိုက်စစ်မှူး ဒမ်ဘီလီကို ပြောင်းရွှေ့ကြေး ယူရို ၄၀ သန်းပေးမယ့် ကမ်းလှမ်းမှုတစ်ခုနဲ့ ချဉ်းကပ်မှုကို စတင်လိုက်ပါပြီ။

စကော့တလန်ကလပ် ဆဲလ်တစ်အသင်းကနေ ပြင်သစ်လိဂ်ကို မပြောင်းခင်မှာ ဒမ်ဘီလီဟာ လူငယ်ဘဝကို အင်္ဂလန်မှာ ဖြတ်သန်းခဲ့ဖူးပါတယ်။ တိုက်စစ်သမားရဲ့ တိုးအားနဲ့ အဆုံးသတ်စွမ်းရည် ကောင်းမွန်မှုတွေက မန်နေဂျာ ဆိုးရှားကို စိတ်လှုပ်ရှားစေခဲ့တာဖြစ်တယ်။

ပြင်သစ်သား တိုက်စစ်မှူးဟာ သူ့ရဲ့ ပထမဆုံးသော ပြင်သစ်လီဂူး ဘောလုံးရာသီကို ရင်ဆိုင်ထားရပေမယ့် ပြိုင်ပွဲစုံ သွင်းဂိုး ၂၃ ဂိုးထိ ရယူနိုင်ခဲ့တယ်။ ဒမ်ဘီလီဟာ လိုင်ယွန်အသင်းနဲ့ ၂၀၂၁ ခုနှစ်ထိ စာချုပ်ရှိနေတာပါ။

ဒမ်ဘီလီ အတွက် လိုင်ယွန်ဟာ ဆဲလ်တစ်ကို ပေါင် ၂၀ သန်း ပေးခဲ့ပြီး တကယ်လို့ သူ့ကို ထပ်ရောင်းဖို့ ဆုံးဖြတ်မယ်ဆိုရင် သူရောက်ရှိပြီး ၁၂ လ အတွင်း တိုးတက်လာတဲ့ ခြေစွမ်းတွေအရ အနည်းဆုံး သူတို့ ကုန်ကျခဲ့တဲ့ငွေ နှစ်ဆကို ပြောင်းရွှေ့ကြေးအဖြစ် ရယူလိုနေပါတယ်။

လိုင်ယွန်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရထားလို့ မန်ယူဘက်က ပြင်သစ်သား တိုက်စစ်မှူးကို အလိုရှိရင် ပုံမှန်ပွဲထွက်ခွင့် အာမခံချက်ပါဝင်မယ့် စာချုပ်မျိုး ကမ်းလှမ်းမှပဲ ဒမ်ဘီလီဟာ အင်္ဂလန်မြေကို ပြောင်းလာဖို့က ဖြစ်နိုင်ပါမယ်။