ဘရာဇီးအသင်းနဲ့ ကိုပါအမေရိကဖလား ပြိုင်ပွဲအပြီး အနားရထားတဲ့ ဖာဘင်ညိုက အင်စတာဂရမ်မှာပဲ ပရိသတ်တွေအတွက် အမေးအဖြေ သဘောမျိုးကို လုပ်ပေးသွားပါတယ်။
ဖာဘင်ညိုဟာ လီဗာပူးအသင်းက ကာလရှည် သက်တမ်းတိုးစာချုပ်ပေးခြင်း ခံရမယ်လို့ သတင်းကြီးနေသူဖြစ်တယ်။ ရာသီသစ်မှာတော့ သူ့ကို ဗဟိုခံစစ်နေရာ ထုတ်သုံးမှာ မဟုတ်ဘဲ ကွင်းလယ် နံပါတ် ၆ နေရာမှာ ထားပြီး သီယာဂို၊ ဟန်ဒိုတို့နဲ့ တွဲဘက်ပေးမှာဖြစ်တယ်။
သြဂုတ်လ ပထမအပတ်ထဲ လီဗာပူးအသင်းနဲ့ ပြန်လာပူးပေါင်းမယ် ဖာဘင်ညိုဟာ လက်တလောမှာတော့ ဇနီးသည်နဲ့အတူ အားလပ်ရက်ကို အပန်းဖြေရင်း ကုန်ဆုံးနေပါတယ်။
Q. ဖာဘင်ညို မင်းအတွက် လီဗာပူးကစားသမားဘဝ အကောင်းဆုံး အခိုက်အတန့်က ဘာဖြစ်မလဲ? YNWA
Fab. အန်ဖီးက ဘာစီလိုနာကို အနိုင်ရတဲ့ come back ပွဲပါ။ အဲ့အခိုက်အတန်က တကယ်ကို ထူးရှယ်ပါပဲ။
Q. နံပါတ် ၃ ကို ရွေးချယ်ရတဲ့ အကြောင်းပြချက်က..
Fab. အဲ့နံပါတ် လွတ်နေလို့ပါ 😀
Q. အကြိုက်ဆုံး ဘောလုံးဖျက်ထုတ်မှု?
Fab. အန်ဖီးမှာ ယှဉ်ပြိုင်ကစားတဲ့ပွဲက ဆွာရက်စ်ခြေထဲက ဘောလုံးကို ရှင်းထုတ်တာ
Q. မင်းနဲ့ မာတစ်ဆိုရင် ဘယ်သူ ပိုမြန်လဲ
Fab. ငါပဲပေါ့
Q. Idol ကစားသမားက
ကိုစတက်က တကယ်ကို မွန်းစတားပါပဲ။ အရမ်းသန်မာတယ်၊ သိပ်ကောင်းတယ်။ သူက ငါ့ရဲ့ idol ပါပဲ။
Q. မင်းဘေးနားက အရည်အချင်းအရှိဆုံး အသင်းဖော်က
Fab. ဘော်ဘီပေါ့
Q. မန်နေဂျာကြီး အကြိုက်ဆုံး အသင်းသားက
Fab. ဗန်ဒိုက်
ZAWGYI
Fab. ငါပဲပေါ့
Q. Idol ကစားသမားက
Fab. ဘော်ဘီပေါ့
Fab. ဗန်ဒိုက်