ကြိုတင်ကာ ရေပန်းစားနေတဲ့အတိုင်းပဲ ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ၂၀၁၈-၁၉ ရာသီအတွက် ဥရောပ ရွှေဖိနပ်ဆုကို အနိုင်ရသွားခဲ့ပါပြီ။

မက်ဆီဟာ ပြိုင်ဘက် အမ်ဘတ်ပီအား ကျော်ဖြတ်ကာ ရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့တာဖြစ်ပြီး ၃ နှစ်ဆက်တိုက် ရယူသွားနိုင်ခဲ့သည် ပထမဦးဆုံးကစားသမားဖြစ်လာပါတယ်။ ရွှေဖိနပ်ဆုကို ရရှိနိုင်ဖို့အတွက် မက်ဆီက PSG အသင်းမှ အမ်ဘတ်ပီ နှင့်အပြိုင်ဖြစ်နေခဲ့မေယ့် ၃ ဂိုး ကွားဟချက်ကြောင့် မက်ဆီကပဲ အနိုင်ရသွားခဲ့တာပါ။

၂၀၁၀ မှ ၂၀၁၉ အထိ (၉) နှစ်တာကာလအတွင်း မက်ဆီဟာ ရွှေဖိနပ်ဆုကို (၆) ကြိမ် ရယူနိုင်ခဲ့ပြီး ဂွာဒီယိုလာ လက်ထက်မှစ၍ ဗယ်ဗာဒီလက်ထက်အထိ ဖြစ်တယ်။ ၉ နှစ်တာကာလအတွင်း သွင်းဂိုးအများဆုံး နှစ်မှာ ၂၀၁၁-၁၂ ရာသီဖြစ်ပြီး ဥရောပတွင် စုစုပေါင်းသွင်းဂိုး ၅၀ အထိရရှိခဲ့ပါတယ်။

မက်ဆီနဲ့ အပြိုင် ဂျူဗင်တပ်စ်ကစားသမား စီရော်နယ်လ်ဒိုသည်လည်း အများဆုံး (၄)ကြိမ်သာ ရယူနိုင်သည့်အတွက် မက်ဆီဟာ သမိုင်းတစ်လျှောက် ဆုအများဆုံးရရှိသည့် ကစားသမားလည်းဖြစ်ပါတယ်။

ဥရောပရွှေဖိနပ်ဆုကို အနိုင်ရခဲ့တဲ့ မက်ဆီဟာ ဘလွန်းဒီအောဆုအတွက်လည်း ရေပန်းစားမှု မြင့်တက်လာဖွယ် ရှိနေပါတယ်။