ချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲအဆင့်ကနေ အုပ်စုအဆင့်ကို ရောက်နိုင်ရေး၊ ရာသီသစ်မှာ စကော့တလန် အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ရေးတွေအတွက် ကြိုးစားပြင်ဆင်နေတဲ့ စတီဗင်ရဲ့ ရိန်းဂျားကတော့ ရာသီကြိုမှာ လုပ်နိုင်စွမ်းတွေ ပြသနေပါတယ်။
လိဂ်ဝမ်းကလပ် ထရန်မီယီကို အရေးနိမ့်အပြီး အသင်းရဲ့ စွမ်းဆောင်ရည်ကို ရှက်တောင်ရှက်မိတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ စတီဗင်ဟာ နောက်ပိုင်း ခြေစစ်ပွဲ ၃ ပွဲအဖြစ် အာဆင်နယ်၊ ဘရိုက်တန်၊ ရီးရဲလ်မက်ဒရစ်အသင်းတွေကို ရင်ဆိုင်ရာမှာ သူ့အသင်းကို ရလဒ်ကောင်းတွေရအောင် ဦးဆောင်ပေးနိုင်ခဲ့တယ်။
စတီဗင်ရဲ့ အသင်းဟာ ရလဒ်အတွက် နောက်ကနေ လိုက်ကစားခဲ့ရပြီးမှ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ကို ၂-၂ သရေ၊ ဘရိုက်တန်ကို ဝ-၀ သရေ ရလဒ် ရယူနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကိုတော့ ၂-၁ ဖြင့်ပါ အိမ်ကွင်းမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဘက်က အဓိက ကစားသမားတွေ အားလုံး မပါပေမယ့် နာချို၊ မာဆယ်လို၊ လူးကပ် ဗက်ဂွက်စ်၊ အိုဒီဂတ်၊ အစ္စကို၊ ရိုဒရီဂို၊ အိုဒရီဇိုလာ၊ ဂျိုဗစ်တို့ပါတာကြောင့် အသင်းကောင်းဖြင့် ယှဉ်ပြိုင်သွားတာ ဖြစ်ပါတယ်။
ဂျူလိုင်လ ၃၁ ရက်နေ့မှာ စကော့အမှတ်ပေးဖလားကို စတင် ယှဉ်ပြိုင်မယ့် ရိန်းဂျားအသင်းဟာ သြဂုတ်လ ၄ ရက်နေ့မှာတော့ ချန်ပီယံလိဂ် တတိယအဆင့် ခြေစစ်ပွဲကို ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ဒုတိယအကျော့ကတော့ သြဂုတ်လ ၁၀ ရက်နေ့မှာ ဖြစ်ပါတယ်။
စကော်တလန်လိဂ်ရဲ့ အတိုးတက်ဆုံးအသင်းဟာ ဒီဘက်နှစ်တွေမှာ စကော့ကလပ်တွေ မလုပ်ထားနိုင်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုတွင်းထံ ဝင်ရောက်ခွင့်ရလာနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ZAWGYI
ခ်န္ပီယံလိဂ္ျပိဳင္ပြဲ ေျခစစ္ပြဲအဆင့္ကေန အုပ္စုအဆင့္ကို ေရာက္ႏုိင္ေရး၊ ရာသီသစ္မွာ စေကာ့တလန္ အမွတ္ေပးဖလားကို စိန္ေခၚႏုိင္ေရးေတြအတြက္ ၾကိဳးစားျပင္ဆင္ေနတဲ့ စတီဗင္ရဲ႕ ရိန္းဂ်ားကေတာ့ ရာသီၾကိဳမွာ လုပ္ႏုိင္စြမ္းေတြ ျပသေနပါတယ္။
လိဂ္ဝမ္းကလပ္ ထရန္မီယီကို အေရးနိမ့္အျပီး အသင္းရဲ႕ စြမ္းေဆာင္ရည္ကို ရွက္ေတာင္ရွက္မိတယ္လို႔ ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့တဲ့ စတီဗင္ဟာ ေနာက္ပိုင္း ေျခစစ္ပြဲ ၃ ပြဲအျဖစ္ အာဆင္နယ္၊ ဘရိုက္တန္၊ ရီးရဲလ္မက္ဒရစ္အသင္းေတြကို ရင္ဆိုင္ရာမွာ သူ႔အသင္းကို ရလဒ္ေကာင္းေတြရေအာင္ ဦးေဆာင္ေပးႏုိင္ခဲ့တယ္။
စတီဗင္ရဲ႕ အသင္းဟာ ရလဒ္အတြက္ ေနာက္ကေန လိုက္ကစားခဲ့ရျပီးမွ ဒုတိယပိုင္း သြင္းဂိုးေတြနဲ႔ အႏုိင္ရသြားခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ကို ၂-၂ သေရ၊ ဘရိုက္တန္ကို ၀-၀ သေရ ရလဒ္ ရယူႏုိင္ခဲ့ျပီး ရီးရဲလ္မက္ဒရစ္ကိုေတာ့ ၂-၁ ျဖင့္ပါ အိမ္ကြင္းမွာ အႏုိင္ရခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ဘက္က အဓိက ကစားသမားေတြ အားလံုး မပါေပမယ့္ နာခ်ိဳ၊ မာဆယ္လို၊ လူးကပ္ ဗက္ဂြက္စ္၊ အိုဒီဂတ္၊ အစၥကို၊ ရိုဒရီဂို၊ အိုဒရီဇိုလာ၊ ဂ်ိဳဗစ္တို႔ပါတာေၾကာင့္ အသင္းေကာင္းျဖင့္ ယွဥ္ျပိဳင္သြားတာ ျဖစ္ပါတယ္။
ဂ်ဴလိုင္လ ၃၁ ရက္ေန႔မွာ စေကာ့အမွတ္ေပးဖလားကို စတင္ ယွဥ္ျပိဳင္မယ့္ ရိန္းဂ်ားအသင္းဟာ ၾသဂုတ္လ ၄ ရက္ေန႔မွာေတာ့ ခ်န္ပီယံလိဂ္ တတိယအဆင့္ ေျခစစ္ပြဲကို ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ ဒုတိယအေက်ာ့ကေတာ့ ၾသဂုတ္လ ၁၀ ရက္ေန႔မွာ ျဖစ္ပါတယ္။
စေကာ္တလန္လိဂ္ရဲ႕ အတိုးတက္ဆံုးအသင္းဟာ ဒီဘက္ႏွစ္ေတြမွာ စေကာ့ကလပ္ေတြ မလုပ္ထားႏုိင္တဲ့ ခ်န္ပီယံလိဂ္ျပိဳင္ပြဲ အုပ္စုတြင္းထံ ဝင္ေရာက္ခြင့္ရလာႏုိင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။