လီဗာပူးအသင်းဟာ နွေးဈေးကွက်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ကစားသမား ရောင်းထုတ်မှုတွေထဲက ထက်ဝက်ခန့်ကို ရှင်းထုတ်လာနိုင်ခဲ့ပြီလို့ TIA က ဖော်ပြပါတယ်။

ဒါပေမယ့်လို့ လူစာရင်း ဟန်ချက်ညီဖို့ရာ homegrown ကစားသမားတွေ အပါအဝင် အသုံးစရိတ် စီမံခန့်ခွဲမှုတွေမှာ ဂရုစိုက်ဖို့ လိုအပ်နေသေးတာဖြစ်တယ်။ လီဗာပူးရဲ့ အနေအထားက ကနဦး ရည်မှန်းထားတာရဲ့ တစ်ဝက်လောက်ကို အောင်မြင်စွာ လုပ်ဆောင်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဝဲလ်ဆန် (ပေါင် ၁၂ သန်း)၊ ဂရုဂျစ် (ပေါင် ၁၀.၅ သန်း)၊ အဝန်နီယီ (ပေါင် ၆.၅) သန်းတို့ကို ရှင်းထုတ်မှု အပါအဝင် လီဗာပူးက ကစားသမား ၆ ဦးကို ရောင်းထုတ်ကာ အသုံးစရိတ် ပေါင် ၃၃ သန်းကျော် ရထားခဲ့ပါပြီ။ ဒါပေမယ့်လို့ နောက်ထပ် ကစားသမား ၈ ဦးကိစ္စကိုလည်း စီမံရမှာဖြစ်ကာ ပေါင် ၇၅-၁၀၀ သန်း ရှာဖွေမယ့် အစီအစဉ်ကို အဆုံးသတ်ဖို့ အချိန် ၁ လဝန်းကျင်ပဲ ကျန်ရှိပါတော့မယ်။

လီဗာပူးရဲ့ နောက်ထပ် ရှင်းထုတ်မယ့် ကစားသမားက အသက် ၂၉ နှစ်အရွယ် ရှာကွီရီဖြစ်ပြီး ကလပ်က ပေါင် ၁၅ သန်း ရဖို့ မျှော်လင့်ထားတယ်။ ဒါ့အပြင် ဗဟိုခံစစ်မှူး နက်ဖီးလစ်အတွက် ပေါင် ၁၅ သန်း၊ ညာအစွန်လူ နီကိုးအတွက် ပေါင် ၁၀ သန်းတို့ဟာ ဒီနွေမှာ လီဗာပူး မျှော်လင့်နိုင်သေးတဲ့ အထွက်စာရင်းတွေ ဖြစ်ပါတယ်။

၂၀၁၉ ဇန်နဝါရီမှာ ပေါင် ၇.၅ သန်းဖြင့် ခေါ်ယူထားတဲ့ မီနာမီနိုကို လာမယ့် ရာသီသစ်မှာ ရောင်းထုတ်နိုင်ဖွယ် မရှိသေးပါဘူး။ ဒါ့အပြင် ပေါင် သန်း ၂၀ မှ ပေါင် ၁၀ သန်းထိ လျော့ချပေးလာပေမယ့် အိုရီဂီအတွက်လည်း ကမ်းလှမ်းမယ့်ကလပ် မရှိတာဖြစ်တယ်။ အိုဂျို၊ ကားရီးယက်စ်၊ ဘမ်ဒေးဗစ်တို့အတွက် အသင်းက ပေါင် ၇ သန်း အလိုရှိပေမယ့် ကမ်းလှမ်းမယ့်အသင်းတွေ ရလာခြင်း မရှိသေးပါဘူး။

ဒီရာသီ လီဗာပူးရောင်းထုတ်ဖို့ ကြိုးစားနေတဲ့ အသင်းသား အများအပြားဟာ ၂၄ နှစ်အထက်တွေဖြစ်ကာ ပွဲကစားခွင့် နည်းပါးမယ့်သူတွေဖြစ်တယ်။ လာမယ့်ရာသီမှာလည်း အသင်းကစာချုပ် တစ်နှစ်ပဲကျန်မယ့် ချိန်ဘာလိန်၊ ကိတ်တာတို့လို ကစားသမားတွေရဲ့ အနာဂတ်ကို စီမံရမှာဖြစ်လို့ ကစားသမား ရောင်းထုတ်ရေးတွေမှာ အချိန်ဆွဲလို့မရတဲ့ အနေအထား ဖြစ်ပါတယ်။

ကစားသမား ရောင်းချမှုတွေက ရရှိလာတဲ့ အသုံးစရိတ်ကို ဘယ်လို စီမံမလဲဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် လူစာရင်း ဟန်ချက်ညီဖို့ရာ အသင်းသား ၈ ဦးလောက်ထိ ဆက်လက် ရောင်းထုတ်ဖို့ ဈေးကွက်ထဲမှာ လီဗာပူးအသင်း ဆက်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေႏြးေစ်းကြက္မွာ ျပဳလုပ္ဖို႔ စီစဥ္ထားတဲ့ ကစားသမား ေရာင္းထုတ္မႈေတြထဲက ထက္ဝက္ခန္႔ကို ရွင္းထုတ္လာႏုိင္ခဲ့ျပီလို႔ TIA က ေဖာ္ျပပါတယ္။

ဒါေပမယ့္လို႔ လူစာရင္း ဟန္ခ်က္ညီဖို႔ရာ homegrown ကစားသမားေတြ အပါအဝင္ အသံုးစရိတ္ စီမံခန္႔ခြဲမႈေတြမွာ ဂရုစိုက္ဖို႔ လိုအပ္ေနေသးတာျဖစ္တယ္။ လီဗာပူးရဲ႕ အေနအထားက ကနဦး ရည္မွန္းထားတာရဲ႕ တစ္ဝက္ေလာက္ကို ေအာင္ျမင္စြာ လုပ္ေဆာင္လာႏုိင္ခဲ့ျပီျဖစ္ပါတယ္။

ဝဲလ္ဆန္ (ေပါင္ ၁၂ သန္း)၊ ဂရုဂ်စ္ (ေပါင္ ၁၀.၅ သန္း)၊ အဝန္နီယီ (ေပါင္ ၆.၅) သန္းတို႔ကို ရွင္းထုတ္မႈ အပါအဝင္ လီဗာပူးက ကစားသမား ၆ ဦးကို ေရာင္းထုတ္ကာ အသံုးစရိတ္ ေပါင္ ၃၃ သန္းေက်ာ္ ရထားခဲ့ပါျပီ။ ဒါေပမယ့္လို႔ ေနာက္ထပ္ ကစားသမား ၈ ဦးကိစၥကိုလည္း စီမံရမွာျဖစ္ကာ ေပါင္ ၇၅-၁၀၀ သန္း ရွာေဖြမယ့္ အစီအစဥ္ကို အဆံုးသတ္ဖို႔ အခ်ိန္ ၁ လဝန္းက်င္ပဲ က်န္ရွိပါေတာ့မယ္။

လီဗာပူးရဲ႕ ေနာက္ထပ္ ရွင္းထုတ္မယ့္ ကစားသမားက အသက္ ၂၉ ႏွစ္အရြယ္ ရွာကီြရီျဖစ္ျပီး ကလပ္က ေပါင္ ၁၅ သန္း ရဖို႔ ေမွ်ာ္လင့္ထားတယ္။ ဒါ့အျပင္ ဗဟိုခံစစ္မွဴး နက္ဖီးလစ္အတြက္ ေပါင္ ၁၅ သန္း၊ ညာအစြန္လူ နီကိုးအတြက္ ေပါင္ ၁၀ သန္းတို႔ဟာ ဒီေႏြမွာ လီဗာပူး ေမွ်ာ္လင့္ႏုိင္ေသးတဲ့ အထြက္စာရင္းေတြ ျဖစ္ပါတယ္။

၂၀၁၉ ဇန္နဝါရီမွာ ေပါင္ ၇.၅ သန္းျဖင့္ ေခၚယူထားတဲ့ မီနာမီႏိုကို လာမယ့္ ရာသီသစ္မွာ ေရာင္းထုတ္ႏုိင္ဖြယ္ မရွိေသးပါဘူး။ ဒါ့အျပင္ ေပါင္ သန္း ၂၀ မွ ေပါင္ ၁၀ သန္းထိ ေလ်ာ့ခ်ေပးလာေပမယ့္ အိုရီဂီအတြက္လည္း ကမ္းလွမ္းမယ့္ကလပ္ မရွိတာျဖစ္တယ္။ အိုဂ်ိဳ၊ ကားရီးယက္စ္၊ ဘမ္ေဒးဗစ္တို႔အတြက္ အသင္းက ေပါင္ ၇ သန္း အလိုရွိေပမယ့္ ကမ္းလွမ္းမယ့္အသင္းေတြ ရလာျခင္း မရွိေသးပါဘူး။

ဒီရာသီ လီဗာပူးေရာင္းထုတ္ဖို႔ ၾကိဳးစားေနတဲ့ အသင္းသား အမ်ားအျပားဟာ ၂၄ ႏွစ္အထက္ေတြျဖစ္ကာ ပြဲကစားခြင့္ နည္းပါးမယ့္သူေတြျဖစ္တယ္။ လာမယ့္ရာသီမွာလည္း အသင္းကစာခ်ဳပ္ တစ္ႏွစ္ပဲက်န္မယ့္ ခ်ိန္ဘာလိန္၊ ကိတ္တာတို႔လို ကစားသမားေတြရဲ႕ အနာဂတ္ကို စီမံရမွာျဖစ္လို႔ ကစားသမား ေရာင္းထုတ္ေရးေတြမွာ အခ်ိန္ဆြဲလို႔မရတဲ့ အေနအထား ျဖစ္ပါတယ္။

ကစားသမား ေရာင္းခ်မႈေတြက ရရွိလာတဲ့ အသံုးစရိတ္ကို ဘယ္လို စီမံမလဲဆိုတာကို ေစာင့္ၾကည့္ရဦးမွာျဖစ္ေပမယ့္ လူစာရင္း ဟန္ခ်က္ညီဖို႔ရာ အသင္းသား ၈ ဦးေလာက္ထိ ဆက္လက္ ေရာင္းထုတ္ဖို႔ ေစ်းကြက္ထဲမွာ လီဗာပူးအသင္း ဆက္ရွိေနဦးမွာပဲ ျဖစ္ပါတယ္။