လီဗာပူးနည်းပြအဖွဲ့က မီနာမီနိုကို လာမယ့်ရာသီ အငှားမချဘဲ အသင်းမှာပဲ ဆက်ထိန်းထားဖို့ ရည်ရွယ်ခြင်းမှာ ကစားသမားရဲ့ လေ့ကျင့်ရေးအတွင်း စွမ်းဆောင်ရည်က သိပ်ကောင်းခြင်းကြောင်းလည်း ပါဝင်ပါတယ်။
ကြံ့ခိုင်မှုကောင်းနေတဲ့ မီနာမီနိုဟာ သြစတြီးယားက အသင်းရဲ့ ရာသီကြို လေ့ကျင့်ရေးတွေမှာ ခြေစွမ်းပြနိုင်တဲ့ အသင်းသားတွေထဲက တစ်ဦးဖြစ်တယ်။ သူဟာ တိုက်စစ်ပိုင်း ဖိအားပေးပြီး ဘောလုံးပြန်ဆယ်ခြင်း၊ ကောင်တာတိုက်စစ် အစရှိတဲ့ လေ့ကျင့်ရေးတွေမှာ ထူးချွန်အသင်းသားတစ်ဦးအဖြစ် ခြေစွမ်းကောင်းတွေ ပြသနေတယ်။
Inside Training တွေမှာ ခြေစောင်းထက်တဲ့ မီနာမီနိုဟာ mini-games တွေမှာလည်း အနိုင်ရအသင်းတွေထဲ အမြဲတမ်း ပါဝင်သူဖြစ်တယ်။ လီဗာပူးရဲ့ လေ့ကျင့်ရေး ဗီဒီယိုတွေမှာ ထူးချွန်းစွာ အားထုတ်နိုင်တဲ့ မီနာမီနိုကိုကြည့်ပြီး အသင်းပရိသတ်တွေက ဂျပန်သား တိုက်စစ်သမားဟာ လေ့ကျင့်ရေးက ယုံကြည်မှုတွေကို ပွဲနေ့တွေမှာလည်း ဖော်ဆောင်နိုင်ဖို့ လိုအပ်နေတာဖြစ်ကြောင်း မှတ်ချက်ပြုကြတယ်။
Obstacle rondos လို လေ့ကျင့်ရေး၊ 3 vs 2 ကောင်တာလေ့ကျင့်ရေးတွေမှာ မီနာမီနိုရဲ့ မြန်ဆန်ခြင်း၊ သားရဲတစ်ကောင်လို အရူးအမူး ကစားနိုင်ခြင်း၊ ကျော်ဖြတ်ပုံ ပါးနပ်လှပခြင်းတွေဟာ ထိပ်တန်းခြေစွမ်းရှင်အဖြစ် အသိအမှတ်ပြုရအောင် ကောင်းမွန်လှတယ်။ ဒါပေမယ့် လေ့ကျင့်ရေးတွေမှာ မြင်သာလှတဲ့ သူ့ရဲ့ အရည်အချင်းက ခြေစမ်းပွဲလို အဆင့်တွေမှာတောင် မြင်တွေ့နေရခြင်း မရှိပါဘူး။
လီဗာပူးပရိသတ် အချို့ကတော့ အာရှသားတွေဟာ အင်္ဂလန်လိဂ်မှာ ကျင်လည်တဲ့အခါ ထိပ်တန်းခြေစွမ်းပြဖို့ အချိန်ယူရလေ့ရှိတဲ့ အချက်ကို မမေ့ဖို့ ထောက်ပြမှုတွေ ရှိထားတယ်။ ထိပ်တန်းခြေစွမ်းရှင် စပါးတိုက်စစ်သမား ဆွန်တောင်မှ ပထမဆုံးရာသီမှာ ရုန်းကန်ထားရပါတယ်။
မီနာမီနို အနေနဲ့ လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်နဲ့ ယုံကြည်မှုကောင်းတွေကို ဆက်လက် ထိန်းသိမ်းပြီး တိုက်စစ်၊ ခံစစ် အကူးအပြောင်းတွေမှာ သူ့ရဲ့ လုပ်နိုင်စွမ်းတွေကို ကွင်းတွင်းမှာ ထုတ်ပြနိုင်မယ်ဆိုရင် လီဗာပူးအတွက် အကျိုးရှိလှမယ့် ကစားသမားဖြစ်လာမယ်ဆိုတဲ့ မှတ်ချက်တွေကတော့ များပြားနေခဲ့ပြီဖြစ်ပါတယ်။
ZAWGYI
လီဗာပူးနည္းျပအဖြဲ႔က မီနာမီႏိုကို လာမယ့္ရာသီ အငွားမခ်ဘဲ အသင္းမွာပဲ ဆက္ထိန္းထားဖို႔ ရည္ရြယ္ျခင္းမွာ ကစားသမားရဲ႕ ေလ့က်င့္ေရးအတြင္း စြမ္းေဆာင္ရည္က သိပ္ေကာင္းျခင္းေၾကာင္းလည္း ပါဝင္ပါတယ္။
ၾကံ႕ခိုင္မႈေကာင္းေနတဲ့ မီနာမီႏိုဟာ ၾသစၾတီးယားက အသင္းရဲ႕ ရာသီၾကိဳ ေလ့က်င့္ေရးေတြမွာ ေျခစြမ္းျပႏုိင္တဲ့ အသင္းသားေတြထဲက တစ္ဦးျဖစ္တယ္။ သူဟာ တိုက္စစ္ပိုင္း ဖိအားေပးျပီး ေဘာလံုးျပန္ဆယ္ျခင္း၊ ေကာင္တာတိုက္စစ္ အစရွိတဲ့ ေလ့က်င့္ေရးေတြမွာ ထူးခၽြန္အသင္းသားတစ္ဦးအျဖစ္ ေျခစြမ္းေကာင္းေတြ ျပသေနတယ္။
Inside Training ေတြမွာ ေျခေစာင္းထက္တဲ့ မီနာမီႏိုဟာ mini-games ေတြမွာလည္း အႏုိင္ရအသင္းေတြထဲ အျမဲတမ္း ပါဝင္သူျဖစ္တယ္။ လီဗာပူးရဲ႕ ေလ့က်င့္ေရး ဗီဒီယိုေတြမွာ ထူးခၽြန္းစြာ အားထုတ္ႏုိင္တဲ့ မီနာမီႏိုကိုၾကည့္ျပီး အသင္းပရိသတ္ေတြက ဂ်ပန္သား တိုက္စစ္သမားဟာ ေလ့က်င့္ေရးက ယံုၾကည္မႈေတြကို ပြဲေန႔ေတြမွာလည္း ေဖာ္ေဆာင္ႏုိင္ဖို႔ လိုအပ္ေနတာျဖစ္ေၾကာင္း မွတ္ခ်က္ျပဳၾကတယ္။
Obstacle rondos လို ေလ့က်င့္ေရး၊ 3 vs 2 ေကာင္တာေလ့က်င့္ေရးေတြမွာ မီနာမီႏိုရဲ႕ ျမန္ဆန္ျခင္း၊ သားရဲတစ္ေကာင္လို အရူးအမူး ကစားႏုိင္ျခင္း၊ ေက်ာ္ျဖတ္ပံု ပါးနပ္လွပျခင္းေတြဟာ ထိပ္တန္းေျခစြမ္းရွင္အျဖစ္ အသိအမွတ္ျပဳရေအာင္ ေကာင္းမြန္လွတယ္။ ဒါေပမယ့္ ေလ့က်င့္ေရးေတြမွာ ျမင္သာလွတဲ့ သူ႔ရဲ႕ အရည္အခ်င္းက ေျခစမ္းပြဲလို အဆင့္ေတြမွာေတာင္ ျမင္ေတြ႔ေနရျခင္း မရွိပါဘူး။
လီဗာပူးပရိသတ္ အခ်ိဳ႔ကေတာ့ အာရွသားေတြဟာ အဂၤလန္လိဂ္မွာ က်င္လည္တဲ့အခါ ထိပ္တန္းေျခစြမ္းျပဖို႔ အခ်ိန္ယူရေလ့ရွိတဲ့ အခ်က္ကို မေမ့ဖို႔ ေထာက္ျပမႈေတြ ရွိထားတယ္။ ထိပ္တန္းေျခစြမ္းရွင္ စပါးတိုက္စစ္သမား ဆြန္ေတာင္မွ ပထမဆံုးရာသီမွာ ရုန္းကန္ထားရပါတယ္။
မီနာမီႏို အေနနဲ႔ ေလ့က်င့္ေရးကြင္းက စြမ္းေဆာင္ရည္နဲ႔ ယံုၾကည္မႈေကာင္းေတြကို ဆက္လက္ ထိန္းသိမ္းျပီး တိုက္စစ္၊ ခံစစ္ အကူးအေျပာင္းေတြမွာ သူ႔ရဲ႕ လုပ္ႏုိင္စြမ္းေတြကို ကြင္းတြင္းမွာ ထုတ္ျပႏုိင္မယ္ဆိုရင္ လီဗာပူးအတြက္ အက်ိဳးရွိလွမယ့္ ကစားသမားျဖစ္လာမယ္ဆိုတဲ့ မွတ္ခ်က္ေတြကေတာ့ မ်ားျပားေနခဲ့ျပီျဖစ္ပါတယ္။