ဒီရာသီမှာ မန်နေဂျာကလော့ပ်ဟာ ကွင်းလယ်လူ ကိတ်တာကို စတုတ္ထအကြိမ် အခွင့်အရေး ပေးသွားမှာဖြစ်ပြီး ဒါဟာ ဂူနီယာသား ကွင်းလယ်လူအတွက် နောက်ဆုံး အခွင့်အရေးလည်း ဖြစ်လာဖို့ ရှိနေပါတယ်။
လီဗာပူးအသင်းရဲ့ ‘ထားသော်လည်း မစွံ၊ ရောင်းသော်လည်း မထွက်’ လို့ ဆိုရမယ့် ကိတ်တာဟာ ၂၀၁၈ နွေမှာ လိုက်ဇစ်ကနေ ပေါင် ၅၂.၇၅ သန်းဖြင့် ပြောင်းလာခဲ့သူဖြစ်တယ်။ လီဗာပူးအသင်းကို ရောက်လာစဉ်မှာ သူနှစ်သက်တဲ့ ကျောနံပါတ် ၈ ကို ဝတ်ဆင်ခဲ့သလို ပရိသတ်တွေနဲ့ ပြဿနာ မဖြစ်စေဖို့ စတီဗင်ဂျရတ် ကိုယ်တိုင်က သူ့ကျောနံပါတ်ကို လာပေးသည့်ထိ အသင်းဘက်က အကောင်းဆုံးတွေ လုပ်ပေးခဲ့ပါတယ်။
ဒါပေမယ့်လည်း လီဗာပူးကစားသမားဘဝ ၃ ရာသီတိုင်တိုင် ဒဏ်ရာပြဿနာတွေဖြင့်ပဲ ရုန်းကန်ခဲ့ရပြီး အသင်းပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။ ဧပရယ်လတုန်းက ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ရဲ့ ဒုတိယပိုင်း အစမှာတင် သူ့ကို လူစားလဲခဲ့တဲ့နောက် ကိတ်တာရဲ့ လီဗာပူးကစားသမားဘဝ အနာဂတ်က အပြီးသတ်ခဲ့ပြီလို့ မှတ်ယူခံခဲ့ရတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ လီဗာပူးသတင်းထောက် ဂျိမ်းပီယော့ဇ်က ” သင့်လျော်တဲ့ ကမ်းလှမ်းမှု မရရှိခြင်း၊ ကွင်းလယ်ပိုင်းက ဝိုက်နယ်ဒမ် ထွက်ခွာသွားခြင်း၊ ပြောင်းရွှေ့ကြေးကြီးတွေ မလုပ်နိုင်ခြင်းဆိုတဲ့ အကြောင်းတရားတွေကြောင့် မနှစ်ကရာသီ လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၉ ပွဲပဲ ပွဲထွက်လူစာရင်းက ပါဝင်နိုင်ခဲ့တဲ့ ကိတ်တာဟာ အသင်းမှာ ဆက်ရှိနေရခြင်းဖြစ်တယ်။
သူက အသက် ၂၆ နှစ်အရွယ် ရောက်လာပြီဖြစ်ကာ ဆင်ခြေတွေပေးရဖို့လည်း မရှိတော့ပါဘူး။ ကလော့ပ်ရဲ့ စိတ်ရှည်ပေးမှုအတွက် ပြန်လည် ပေးဆပ်ဖို့ အချိန် ကျရောက်လာပြီဖြစ်တယ်။ ကိတ်တာအတွက်တော့ သေရင်မြေကြီး၊ ရှင်ရင် ရွှေထီးဆောင်းရမယ့် ကာလတွေ ရောက်လို့ လာခဲ့ပါပြီ ” ဆိုပြီး The Athletic ကနေ ဖော်ပြသွားပါတယ်။
လီဗာပူးသမိုင်းမှာ ဗန်ဒိုက်နဲ့ အယ်လီဆန်ပြီးနောက် တတိယ ဈေးအကြီးဆုံး ခေါ်ယူမှုဖြစ်တဲ့ ကိတ်တာဟာ အခုချိန်ထိ သူ့ရဲ့ ထိုက်တန်မှုတွေကို ပြသနိုင်ခြင်း မရှိသေးပါဘူး။ ဒီရာသီမှာ ခြေစွမ်းမပြနိုင်ဘူးဆိုရင် သူဟာ လီဗာပူးသမိုင်းထဲက အဆိုးရွားဆုံး ခေါ်ယူမှုနဲ့ ယာဂင်ကလော့ပ် လက်ထက် အကျိုးအမဲ့ဆုံး အပြောင်းအရွှေ့တစ်ခု ဖြစ်လာဖို့ ရှိနေတယ်။
ကိတ်တာဟာ လီဗာပူးအသင်းနဲ့ စာချုပ်အားဖြင့် နှစ်နှစ်ပဲ ကျန်ရှိတော့သူဖြစ်ကာ ဒီရာသီ သူ့ရဲ့ အခြေအနေက လာမယ့်နွေမှာ သူ့ကို ရောင်းထုတ်မယ်ဆိုရင် သင့်လျော်တဲ့ ဈေးနှုန်းတစ်ရပ်ရစေဖို့ရာ အဆုံးအဖြတ် ဖြစ်လာဖို့ ရှိနေခဲ့ပါပြီ။
ZAWGYI
ဒီရာသီမွာ မန္ေနဂ်ာကေလာ့ပ္ဟာ ကြင္းလယ္လူ ကိတ္တာကို စတုတၳအၾကိမ္ အခြင့္အေရး ေပးသြားမွာျဖစ္ျပီး ဒါဟာ ဂူနီယာသား ကြင္းလယ္လူအတြက္ ေနာက္ဆံုး အခြင့္အေရးလည္း ျဖစ္လာဖို႔ ရွိေနပါတယ္။
လီဗာပူးအသင္းရဲ႕ ‘ထားေသာ္လည္း မစြံ၊ ေရာင္းေသာ္လည္း မထြက္’ လို႔ ဆိုရမယ့္ ကိတ္တာဟာ ၂၀၁၈ ေႏြမွာ လိုက္ဇစ္ကေန ေပါင္ ၅၂.၇၅ သန္းျဖင့္ ေျပာင္းလာခဲ့သူျဖစ္တယ္။ လီဗာပူးအသင္းကို ေရာက္လာစဥ္မွာ သူႏွစ္သက္တဲ့ ေက်ာနံပါတ္ ၈ ကို ဝတ္ဆင္ခဲ့သလို ပရိသတ္ေတြနဲ႔ ျပႆနာ မျဖစ္ေစဖို႔ စတီဗင္ဂ်ရတ္ ကိုယ္တိုင္က သူ႔ေက်ာနံပါတ္ကို လာေပးသည့္ထိ အသင္းဘက္က အေကာင္းဆံုးေတြ လုပ္ေပးခဲ့ပါတယ္။
ဒါေပမယ့္လည္း လီဗာပူးကစားသမားဘဝ ၃ ရာသီတိုင္တိုင္ ဒဏ္ရာျပႆနာေတြျဖင့္ပဲ ရုန္းကန္ခဲ့ရျပီး အသင္းပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့ပါတယ္။ ဧပရယ္လတုန္းက ရီးရဲလ္မက္ဒရစ္ကို အေရးနိမ့္တဲ့ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပထမအေက်ာ့ရဲ႕ ဒုတိယပိုင္း အစမွာတင္ သူ႔ကို လူစားလဲခဲ့တဲ့ေနာက္ ကိတ္တာရဲ႕ လီဗာပူးကစားသမားဘဝ အနာဂတ္က အျပီးသတ္ခဲ့ျပီလို႔ မွတ္ယူခံခဲ့ရတယ္။
ဒီကိစၥနဲ႔ ပတ္သက္လို႔ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီေယာ့ဇ္က ” သင့္ေလ်ာ္တဲ့ ကမ္းလွမ္းမႈ မရရွိျခင္း၊ ကြင္းလယ္ပိုင္းက ဝိုက္နယ္ဒမ္ ထြက္ခြာသြားျခင္း၊ ေျပာင္းေရႊ႔ေၾကးၾကီးေတြ မလုပ္ႏုိင္ျခင္းဆိုတဲ့ အေၾကာင္းတရားေတြေၾကာင့္ မႏွစ္ကရာသီ လီဗာပူးအတြက္ ျပိဳင္ပြဲစံုမွာ ၉ ပြဲပဲ ပြဲထြက္လူစာရင္းက ပါဝင္ႏုိင္ခဲ့တဲ့ ကိတ္တာဟာ အသင္းမွာ ဆက္ရွိေနရျခင္းျဖစ္တယ္။
သူက အသက္ ၂၆ ႏွစ္အရြယ္ ေရာက္လာျပီျဖစ္ကာ ဆင္ေျခေတြေပးရဖို႔လည္း မရွိေတာ့ပါဘူး။ ကေလာ့ပ္ရဲ႕ စိတ္ရွည္ေပးမႈအတြက္ ျပန္လည္ ေပးဆပ္ဖို႔ အခ်ိန္ က်ေရာက္လာျပီျဖစ္တယ္။ ကိတ္တာအတြက္ေတာ့ ေသရင္ေျမၾကီး၊ ရွင္ရင္ ေရႊထီးေဆာင္းရမယ့္ ကာလေတြ ေရာက္လို႔ လာခဲ့ပါျပီ ” ဆိုျပီး The Athletic ကေန ေဖာ္ျပသြားပါတယ္။
လီဗာပူးသမိုင္းမွာ ဗန္ဒိုက္နဲ႔ အယ္လီဆန္ျပီးေနာက္ တတိယ ေစ်းအၾကီးဆံုး ေခၚယူမႈျဖစ္တဲ့ ကိတ္တာဟာ အခုခ်ိန္ထိ သူ႔ရဲ႕ ထိုက္တန္မႈေတြကို ျပသႏုိင္ျခင္း မရွိေသးပါဘူး။ ဒီရာသီမွာ ေျခစြမ္းမျပႏုိင္ဘူးဆိုရင္ သူဟာ လီဗာပူးသမိုင္းထဲက အဆိုးရြားဆံုး ေခၚယူမႈနဲ႔ ယာဂင္ကေလာ့ပ္ လက္ထက္ အက်ိဳးအမဲ့ဆံုး အေျပာင္းအေရႊ႔တစ္ခု ျဖစ္လာဖို႔ ရွိေနတယ္။
ကိတ္တာဟာ လီဗာပူးအသင္းနဲ႔ စာခ်ဳပ္အားျဖင့္ ႏွစ္ႏွစ္ပဲ က်န္ရွိေတာ့သူျဖစ္ကာ ဒီရာသီ သူ႔ရဲ႕ အေျခအေနက လာမယ့္ေႏြမွာ သူ႔ကို ေရာင္းထုတ္မယ္ဆိုရင္ သင့္ေလ်ာ္တဲ့ ေစ်းႏႈန္းတစ္ရပ္ရေစဖို႔ရာ အဆံုးအျဖတ္ ျဖစ္လာဖို႔ ရွိေနခဲ့ပါျပီ။