စတီဗင်ဂျရတ်က လီဗာပူးအသင်းမှာ ယာဂင်ကလော့ပ်နေရာ အစားထိုးခံရမယ့်သူအဖြစ် ရေပန်းစားတဲ့အပေါ် အာရုံမထားဘဲ ကိုယ်အလုပ်ကိုယ်ပဲ အာရုံစိုက်ပါကြောင်း ထုတ်ပြောလာပါတယ်။

အန်ဖီးရဲ့ ဂန္တဝင်ကြီးဟာ သူ့ရဲ့ မန်နေဂျာဘဝ လေးရာသီမြောက်ကို ရိန်းဂျားအသင်းမှာ အကောင်းဆုံး ဖြတ်သန်းဖို့ပဲ အာရုံစိုက်နေတယ်။ ဆယ်စုနှစ်တစ်ခုကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန်အောင်မြင်ခဲ့ပေမယ့် ရာသီသစ်မှာ ရိန်းဂျားအသင်းနဲ့အတူ ချန်ပီယံလိဂ် အုပ်စုတွင်း ဝင်ရောက်ခွင့်၊ အမှတ်ပေးဖလား ကာကွယ်ခွင့်တွေအတွက် စတီဗင်က အများကြီး အလုပ်လုပ်လိုနေပါတယ်။

မာဆေးဆိုဒ်က ဟူတန်အရပ်မှာ မွေးဖွားခဲ့တဲ့ စတီဗင်ဟာ တစ်ရက်မှာ လီဗာပူးမန်နေဂျာရာထူးကို ဆက်ခံသွားမလားအမေးကို ခပ်မြန်မြန်ပဲ ပယ်ချခဲ့ပါတယ်။

ဂျရတ်က ” ကျနော် ရာထူးနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့ ဖော်ပြချက်တွေအပေါ် လိုက်ပြီး ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။ ကျနော်ကတော့ သဘောမကျဘူး၊ လိုက်ပြောနေမှာလည်း မဟုတ်ဘူး။ ရိန်းဂျားအသင်းမှာ ကိုယ်အလုပ်ကိုယ်ပဲ အာရုံစိုက်နေမှာပါ။ လက်ရှိ ကျနော်ရဲ့ အနေအထားအတွက် ကျေနပ်အားရမှုရှိပါတယ်။

ရိန်းဂျားမှာ ပျော်နေပါတယ်။ ဒါကို အကြိမ်တွေ အများကြီး ပြောခဲ့ပြီးပါပြီ။ ဒီမှာ ကျနော် အခြေကျနေတယ်၊ ပျော်ရွှင်နေတယ်။ ဆက်ပြီးလည်း တိုးတက်လာဖို့နဲ့ အသင်းကို ရှေ့ဆက်တွန်းနိုင်ဖို့ တွန်းအားပေး ကြိုးစားလိုပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ကစားသမားဘဝ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလားတို့ကို အနိုင်ရဖူးတဲ့ စတီဗင်က ရိန်းဂျားမှာ အမှတ်ပေးဖလားတစ်လုံးရလိုက်တာနဲ့ ကျေနပ်နေမယ့်သူ မဟုတ်ဘူးလို့ ဆိုပါတယ်။ ထပ်ပြီးလည်း ဆုဖလားတွေ အနိုင်ရဖို့ ကြိုးစားကာ စီးရီးလိုက် အောင်မြင်သူဖြစ်ရေးကိုပဲ အာရုံပြုနေပါတယ်။

ဂျရတ်က ” ကျနော် အနိုင်မရခဲ့တာ အတော်ကြာပါပြီ။ ရာသီကုန်မှာ ဆုဖလားတွေအနိုင်ရဖို့ကို အမြဲတမ်း ကြိုးစားခဲ့ပေမယ့် ကစားသမားအဖြစ် ပရီးမီးယားလိဂ်ဖလားကို အနိုင်မရဖူးပါဘူး။ နောက်ပြီး LA Galaxy ကိုသွားခဲ့တယ်။ လီဗာပူးလူငယ်အသင်းမှာ နည်းပြလက်မှတ်ရအောင် ကြိုးစားခဲ့တယ်။ ဒါကြောင့် အချိန်အတော်များများမှာ ယှဉ်ပြိုင်ရခြင်းမရှိဘဲ အချိန်ကုန်ဆုံးခဲ့ပါတယ်။

ရိန်းဂျားမန်နေဂျာရာထူးကို လွန်ခဲ့တဲ့ ၃ နှစ်က စတင်တာဝန်ယူခဲ့တယ်။ ဒီအခွင့်အရေးက ပြိုင်ဆိုင်ခွင့်ရဖို့ အခွင့်အရေးကို ပေးသလို ကျနော်အတွက် အနိုင်ရခြင်းရဲ့ ခံစားချက်တွေကို ပြန်ရလာစေပါတယ်။ ကာလရှည် စောင့်ခဲ့ရတာက တန်ပါတယ်။ အမှတ်ပေးဖလား အနိုင်ရတဲ့ ခံစားချက်က သိပ်ကောင်းပါတယ်။

မန်နေဂျာဘဝ ပထမဆုံးဆုဖလားကို အနိုင်ရတာက ကြီးမားတဲ့ အကျိုးအမြတ်ဖြစ်ပေမယ့် အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် ထိပ်တန်းမန်နေဂျာတွေအတွက် ဆုဖလား တစ်လုံးတည်းက မလုံလောက်ပါဘူး။ အောင်မြင်မှုတွေ အမြဲရနေဖို့ဆိုတဲ့ တောင်းဆိုမှုနဲ့ တာဝန်တွေ ပိုရလာစေပါတယ် ” လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

စတီဗင္ဂ်ရတ္က လီဗာပူးအသင္းမွာ ယာဂင္ကေလာ့ပ္ေနရာ အစားထိုးခံရမယ့္သူအျဖစ္ ေရပန္းစားတဲ့အေပၚ အာရံုမထားဘဲ ကိုယ္အလုပ္ကိုယ္ပဲ အာရံုစိုက္ပါေၾကာင္း ထုတ္ေျပာလာပါတယ္။

အန္ဖီးရဲ႕ ဂႏၱဝင္ၾကီးဟာ သူ႔ရဲ႕ မန္ေနဂ်ာဘဝ ေလးရာသီေျမာက္ကို ရိန္းဂ်ားအသင္းမွာ အေကာင္းဆံုး ျဖတ္သန္းဖို႔ပဲ အာရံုစိုက္ေနတယ္။ ဆယ္စုႏွစ္တစ္ခုၾကာ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို တစ္ေက်ာ့ျပန္ေအာင္ျမင္ခဲ့ေပမယ့္ ရာသီသစ္မွာ ရိန္းဂ်ားအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ အုပ္စုတြင္း ဝင္ေရာက္ခြင့္၊ အမွတ္ေပးဖလား ကာကြယ္ခြင့္ေတြအတြက္ စတီဗင္က အမ်ားၾကီး အလုပ္လုပ္လိုေနပါတယ္။

မာေဆးဆိုဒ္က ဟူတန္အရပ္မွာ ေမြးဖြားခဲ့တဲ့ စတီဗင္ဟာ တစ္ရက္မွာ လီဗာပူးမန္ေနဂ်ာရာထူးကို ဆက္ခံသြားမလားအေမးကို ခပ္ျမန္ျမန္ပဲ ပယ္ခ်ခဲ့ပါတယ္။

ဂ်ရတ္က ” က်ေနာ္ ရာထူးနဲ႔ပတ္သက္ျပီး မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္ေတြအေပၚ လိုက္ျပီး ထိန္းခ်ဳပ္ႏုိင္စြမ္း မရွိပါဘူး။ က်ေနာ္ကေတာ့ သေဘာမက်ဘူး၊ လိုက္ေျပာေနမွာလည္း မဟုတ္ဘူး။ ရိန္းဂ်ားအသင္းမွာ ကိုယ္အလုပ္ကိုယ္ပဲ အာရံုစိုက္ေနမွာပါ။ လက္ရွိ က်ေနာ္ရဲ႕ အေနအထားအတြက္ ေက်နပ္အားရမႈရွိပါတယ္။

ရိန္းဂ်ားမွာ ေပ်ာ္ေနပါတယ္။ ဒါကို အၾကိမ္ေတြ အမ်ားၾကီး ေျပာခဲ့ျပီးပါျပီ။ ဒီမွာ က်ေနာ္ အေျခက်ေနတယ္၊ ေပ်ာ္ရႊင္ေနတယ္။ ဆက္ျပီးလည္း တိုးတက္လာဖို႔နဲ႔ အသင္းကို ေရွ႔ဆက္တြန္းႏိုင္ဖို႔ တြန္းအားေပး ၾကိဳးစားလိုပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ကစားသမားဘဝ ခ်န္ပီယံလိဂ္၊ အက္ဖ္ေအဖလား၊ လိဂ္ဖလားတို႔ကို အႏုိင္ရဖူးတဲ့ စတီဗင္က ရိန္းဂ်ားမွာ အမွတ္ေပးဖလားတစ္လံုးရလိုက္တာနဲ႔ ေက်နပ္ေနမယ့္သူ မဟုတ္ဘူးလို႔ ဆိုပါတယ္။ ထပ္ျပီးလည္း ဆုဖလားေတြ အႏုိင္ရဖို႔ ၾကိဳးစားကာ စီးရီးလိုက္ ေအာင္ျမင္သူျဖစ္ေရးကိုပဲ အာရံုျပဳေနပါတယ္။

ဂ်ရတ္က ” က်ေနာ္ အႏိုင္မရခဲ့တာ အေတာ္ၾကာပါျပီ။ ရာသီကုန္မွာ ဆုဖလားေတြအႏုိင္ရဖို႔ကို အျမဲတမ္း ၾကိဳးစားခဲ့ေပမယ့္ ကစားသမားအျဖစ္ ပရီးမီးယားလိဂ္ဖလားကို အႏုိင္မရဖူးပါဘူး။ ေနာက္ျပီး LA Galaxy ကိုသြားခ့ဲတယ္။ လီဗာပူးလူငယ္အသင္းမွာ နည္းျပလက္မွတ္ရေအာင္ ၾကိဳးစားခဲ့တယ္။ ဒါေၾကာင့္ အခ်ိန္အေတာ္မ်ားမ်ားမွာ ယွဥ္ျပိဳင္ရျခင္းမရွိဘဲ အခ်ိန္ကုန္ဆံုးခဲ့ပါတယ္။

ရိန္းဂ်ားမန္ေနဂ်ာရာထူးကို လြန္ခဲ့တဲ့ ၃ ႏွစ္က စတင္တာဝန္ယူခဲ့တယ္။ ဒီအခြင့္အေရးက ျပိဳင္ဆိုင္ခြင့္ရဖို႔ အခြင့္အေရးကို ေပးသလို က်ေနာ္အတြက္ အႏုိင္ရျခင္းရဲ႕ ခံစားခ်က္ေတြကို ျပန္ရလာေစပါတယ္။ ကာလရွည္ ေစာင့္ခဲ့ရတာက တန္ပါတယ္။ အမွတ္ေပးဖလား အႏုိင္ရတဲ့ ခံစားခ်က္က သိပ္ေကာင္းပါတယ္။

မန္ေနဂ်ာဘဝ ပထမဆံုးဆုဖလားကို အႏုိင္ရတာက ၾကီးမားတဲ့ အက်ိဳးအျမတ္ျဖစ္ေပမယ့္ အတိတ္ကို ျပန္ၾကည့္မယ္ဆိုရင္ ထိပ္တန္းမန္ေနဂ်ာေတြအတြက္ ဆုဖလား တစ္လံုးတည္းက မလံုေလာက္ပါဘူး။ ေအာင္ျမင္မႈေတြ အျမဲရေနဖို႔ဆိုတဲ့ ေတာင္းဆိုမႈနဲ႔ တာဝန္ေတြ ပိုရလာေစပါတယ္ ” လို႔ ထုတ္ေျပာခဲ့တာ ျဖစ္ပါတယ္။