လီဗာပူးလူငယ်လေး ဟာဗေး အယ်လီးယော့က ဟာသာဘာလင်ကို ၃-၄ ဖြင့် အရေးနိမ့်တဲ့ပွဲမှာ သူကစားရတဲ့ နေရာအတွက် ကျေနပ်ပါတယ်လို့ ထုတ်ပြောလာပါတယ်။

တောင်ပံတိုက်စစ်ကို အားသန်တဲ့ အယ်လီးယော့ဟာ ဒီရာသီမှာ စီနီယာအသင်းနဲ့အတူ ရာသီကြိုခရီးစဉ်ကို လိုက်ပါလာခဲ့သူဖြစ်တယ်။ သူဟာ ကွင်းလယ်သုံးယောက်တန်းမှာ ညာခြမ်း ကွင်းလယ်နေရာကို တာဝန်ယူနေပြီး တိုက်စစ်ထိပါ လိုက်ပါကစားခွင့်ရနေသူဖြစ်တယ်။

အယ်လီးယောဟာ သြစတြီးယား ရာသီကြို ခြေစမ်းပွဲတွေမှာ ပွဲကစားခွင့် မိနစ် ၁၂၀ ထိလည်း ရရှိထားသူဖြစ်ပါတယ်။ သူ့ထက် ပိုကစားခွင့်ရတဲ့ စီနီယာတွေတောင်မှ ပွဲကစားချိန် ၁၃၅ မိနစ်ထိပဲ အမြင့်ဆုံး ရထားခဲ့ပါတယ်။ ကစားသမားကတော့ လီဗာပူးဂျာစီ ဝတ်ဆင့်ခွင့်ရချိန်မှာ အစွမ်းကုန် ပေးဆပ်လိုတယ်လို့ ဝန်ခံပါတယ်။

ဟာဗေးက ” ဘယ်နေရာမှာ ကစားရပါစေ ကျနော်ကတော့ ကိစ္စမရှိပါဘူး။ လီဗာပူးဂျာစီကို ဝတ်ဆင်ပြီး ၁၀၀% ပေးဆပ်ကစားဖို့ အပေါ်မှာပဲ ကျနော် စိတ်လှုပ်ရှားနေပါတယ်။

ရာသီကြိုမှာ ဒါကို လုပ်နိုင်ဖို့ကပဲ အရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်။ အမှားတွေလုပ်မိခြင်းက ရာသီမစခင်မှာ ဒါတွေကို ပြင်ဆင်နိုင်စေပါလိမ့်မယ်။ ပွဲကို အရေးနိမ့်ခဲ့တာကြောင့် လူတိုင်းကတော့ ခံစားချက်တွေ ကောင်းမနေပါဘူး ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

မနှစ်ကရာသီ ဘလက်ဘန်းအသင်းထံ အငှားထွက်ကစားခဲ့တဲ့ တိုက်စစ်သမားကို ရာသီသစ်မှာ အငှားခေါ်ယူဖို့ ရှက်ဖီးအသင်းက ကြိုးစားနေသေးတာပါ။ သို့ပေမယ့် ယာဂင်ကလော့ပ်က သူ့ကို ကလပ်ရဲ့ အစီအစဉ်တွေမှာ ထည့်သွင်းထားတာကြောင့် အငှားချသွားမယ့် ကစားသမား မဟုတ်ပါကြောင်း ရှက်ဖီးကို အကြောင်းပြန်ထားတယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးလူငယ္ေလး ဟာေဗး အယ္လီးေယာ့က ဟာသာဘာလင္ကို ၃-၄ ျဖင့္ အေရးနိမ့္တဲ့ပြဲမွာ သူကစားရတဲ့ ေနရာအတြက္ ေက်နပ္ပါတယ္လို႔ ထုတ္ေျပာလာပါတယ္။

ေတာင္ပံတိုက္စစ္ကို အားသန္တဲ့ အယ္လီးေယာ့ဟာ ဒီရာသီမွာ စီနီယာအသင္းနဲ႔အတူ ရာသီၾကိဳခရီးစဥ္ကို လိုက္ပါလာခဲ့သူျဖစ္တယ္။ သူဟာ ကြင္းလယ္သံုးေယာက္တန္းမွာ ညာျခမ္း ကြင္းလယ္ေနရာကို တာဝန္ယူေနျပီး တိုက္စစ္ထိပါ လိုက္ပါကစားခြင့္ရေနသူျဖစ္တယ္။

အယ္လီးေယာဟာ ၾသစၾတီးယား ရာသီၾကိဳ ေျခစမ္းပြဲေတြမွာ ပြဲကစားခြင့္ မိနစ္ ၁၂၀ ထိလည္း ရရွိထားသူျဖစ္ပါတယ္။ သူ႔ထက္ ပိုကစားခြင့္ရတဲ့ စီနီယာေတြေတာင္မွ ပြဲကစားခ်ိန္ ၁၃၅ မိနစ္ထိပဲ အျမင့္ဆံုး ရထားခဲ့ပါတယ္။ ကစားသမားကေတာ့ လီဗာပူးဂ်ာစီ ဝတ္ဆင့္ခြင့္ရခ်ိန္မွာ အစြမ္းကုန္ ေပးဆပ္လိုတယ္လို႔ ဝန္ခံပါတယ္။

ဟာေဗးက ” ဘယ္ေနရာမွာ ကစားရပါေစ က်ေနာ္ကေတာ့ ကိစၥမရွိပါဘူး။ လီဗာပူးဂ်ာစီကို ဝတ္ဆင္ျပီး ၁၀၀% ေပးဆပ္ကစားဖို႔ အေပၚမွာပဲ က်ေနာ္ စိတ္လႈပ္ရွားေနပါတယ္။

ရာသီၾကိဳမွာ ဒါကို လုပ္ႏုိင္ဖို႔ကပဲ အေရးၾကီးတယ္လို႔ က်ေနာ္ ထင္ပါတယ္။ အမွားေတြလုပ္မိျခင္းက ရာသီမစခင္မွာ ဒါေတြကို ျပင္ဆင္ႏုိင္ေစပါလိမ့္မယ္။ ပြဲကို အေရးနိမ့္ခဲ့တာေၾကာင့္ လူတိုင္းကေတာ့ ခံစားခ်က္ေတြ ေကာင္းမေနပါဘူး ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။

မႏွစ္ကရာသီ ဘလက္ဘန္းအသင္းထံ အငွားထြက္ကစားခဲ့တဲ့ တိုက္စစ္သမားကို ရာသီသစ္မွာ အငွားေခၚယူဖို႔ ရွက္ဖီးအသင္းက ၾကိဳးစားေနေသးတာပါ။ သို႔ေပမယ့္ ယာဂင္ကေလာ့ပ္က သူ႔ကို ကလပ္ရဲ႕ အစီအစဥ္ေတြမွာ ထည့္သြင္းထားတာေၾကာင့္ အငွားခ်သြားမယ့္ ကစားသမား မဟုတ္ပါေၾကာင္း ရွက္ဖီးကို အေၾကာင္းျပန္ထားတယ္လို႔ သိရပါတယ္။