လီဗာပူးအသင်းဟာ သြစတြီးယား ရာသီကြိုအပြီး လာမယ့် စနေနေ့မှာတော့ ပြင်သစ်က အီဗီရွန်ကို ဆက်သွားပြီး နောက်ထပ် ရာသီကြို လေ့ကျင့်ရေး ဆက်ဝင်ဖို့ရှိပါတယ်။

ပြင်သစ်ရာသီကြိုဟာ လီဗာပူး စီနီယာအသင်းသား အားလုံးပါဝင်မယ့် ရာသီကြိုတစ်ခု ဖြစ်လာဖို့ရှိနေတယ်။ ဟန်ဒါဆန်၊ သီယာဂို၊ ဖာမင်နို၊ ဖာဘင်ညိုနဲ့ အယ်လီဆန်တို့ဟာ ပြင်သစ်က ရာသီကြိုမှာ ပူးပေါင်းကြမှာဖြစ်ပါတယ်။

အဆိုပါ ရာသီကြိုမှာပဲ သြဂုတ်လ ၅ ရက်အတွင်း မြန်မာစံတော်ချိန် ည ၈း၃၀ နာရီနဲ့ ၁၀း၃၀ နာရီတွေမှာ မိနစ် ၆၀ နှစ်ပွဲအဖြစ် စီးရီးအေကလပ် ဘိုလော့ညာအသင်းနဲ့ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ထုံးစံအတိုင်း မတူညီတဲ့ အသင်း ၂ သင်းဖြင့် အသင်းသားတွေကို ပွဲထွက်စေကာ ပွဲချိန်တွေပေးနိုင်ဖို့ကို စီစဉ်ပေးမှာဖြစ်ပါတယ်။

ယာဂင်က “ ဟာသာဘာလင်ပွဲက သြစတြီးယားမှာကစားတဲ့ နောက်ဆုံးပွဲပါ။ ပြီးရင်တော့ ပြင်သစ်ကို သွားပါမယ်။ ဘိုလော့ညာအသင်းနဲ့ မိနစ် ၆၀ ပွဲ နှစ်ပွဲကို ယှဉ်ပြိုင်ပါမယ်။

အဲ့ပွဲအပြီးမှာတော့ အန်ဖီးကို ပြန်ပါတော့မယ်။ ကျနေ်ာတို့ ပိုနီးစပ်လာပါပြီး ရာသီသစ်စဖို့ကလည်း သိပ်အဝေးကြီး မလိုတော့ပါဘူး။ ဒီတော့ ဖြစ်နိုင်သမျှ အကောင်းဆုံးပြင်ဆင်လိုပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းဟာ ပြင်သစ်ရာသီကြိုအပြီး အန်ဖီးမှာ ဘီဘာအို၊ အိုဆာဆူနာတို့နဲ့ ခြေစမ်းပွဲတွေ ထပ်မံကစားရမှာပါ။ အန်းဖီးကွင်းထဲ ပရိသတ်တွေလည်း ပြန်လည်ဝင်ရောက်ခွင့်ရမှာဖြစ်ကာ အသင်းပရိသတ်တွေကို တောင့်တင်းတဲ့လူစာရင်းဖြင့် ယှဉ်ပြိုင်ကစားခြင်းနဲ့ ဧည့်ခံသွားမယ်လို့ သိထားရတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ၾသစၾတီးယား ရာသီၾကိဳအျပီး လာမယ့္ စေနေန႔မွာေတာ့ ျပင္သစ္က အီဗီရြန္ကို ဆက္သြားျပီး ေနာက္ထပ္ ရာသီၾကိဳ ေလ့က်င့္ေရး ဆက္ဝင္ဖို႔ရွိပါတယ္။

ျပင္သစ္ရာသီၾကိဳဟာ လီဗာပူး စီနီယာအသင္းသား အားလံုးပါဝင္မယ့္ ရာသီၾကိဳတစ္ခု ျဖစ္လာဖို႔ရွိေနတယ္။ ဟန္ဒါဆန္၊ သီယာဂို၊ ဖာမင္ႏို၊ ဖာဘင္ညိဳနဲ႔ အယ္လီဆန္တို႔ဟာ ျပင္သစ္က ရာသီၾကိဳမွာ ပူးေပါင္းၾကမွာျဖစ္ပါတယ္။

အဆိုပါ ရာသီၾကိဳမွာပဲ ၾသဂုတ္လ ၅ ရက္အတြင္း ျမန္မာစံေတာ္ခ်ိန္ ည ၈း၃၀ နာရီနဲ႔ ၁၀း၃၀ နာရီေတြမွာ မိနစ္ ၆၀ ႏွစ္ပြဲအျဖစ္ စီးရီးေအကလပ္ ဘိုေလာ့ညာအသင္းနဲ႔ ေျခစမ္းပြဲေတြ ယွဥ္ျပိဳင္ကစားမွာျဖစ္ပါတယ္။ ထံုးစံအတိုင္း မတူညီတဲ့ အသင္း ၂ သင္းျဖင့္ အသင္းသားေတြကို ပြဲထြက္ေစကာ ပြဲခ်ိန္ေတြေပးႏုိင္ဖို႔ကို စီစဥ္ေပးမွာျဖစ္ပါတယ္။

ယာဂင္က “ ဟာသာဘာလင္ပြဲက ၾသစၾတီးယားမွာကစားတဲ့ ေနာက္ဆံုးပြဲပါ။ ျပီးရင္ေတာ့ ျပင္သစ္ကို သြားပါမယ္။ ဘိုေလာ့ညာအသင္းနဲ႔ မိနစ္ ၆၀ ပြဲ ႏွစ္ပြဲကို ယွဥ္ျပိဳင္ပါမယ္။

အဲ့ပြဲအျပီးမွာေတာ့ အန္ဖီးကို ျပန္ပါေတာ့မယ္။ က်ေန္ာတို႔ ပိုနီးစပ္လာပါျပီး ရာသီသစ္စဖို႔ကလည္း သိပ္အေဝးၾကီး မလိုေတာ့ပါဘူး။ ဒီေတာ့ ျဖစ္ႏုိင္သမွ် အေကာင္းဆံုးျပင္ဆင္လိုပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးအသင္းဟာ ျပင္သစ္ရာသီၾကိဳအျပီး အန္ဖီးမွာ ဘီဘာအို၊ အိုဆာဆူနာတို႔နဲ႔ ေျခစမ္းပြဲေတြ ထပ္မံကစားရမွာပါ။ အန္းဖီးကြင္းထဲ ပရိသတ္ေတြလည္း ျပန္လည္ဝင္ေရာက္ခြင့္ရမွာျဖစ္ကာ အသင္းပရိသတ္ေတြကို ေတာင့္တင္းတဲ့လူစာရင္းျဖင့္ ယွဥ္ျပိဳင္ကစားျခင္းနဲ႔ ဧည့္ခံသြားမယ္လို႔ သိထားရတာျဖစ္ပါတယ္။