လီဗာပူးကစားသမားဟောင်း မက်အတီယာက ကလပ်ရဲ့ လူငယ်ကြယ်ပွင့် အယ်လီးယော့ ကွင်းလယ်လူအဖြစ် ကစားချိန်မှာ သူ့ထံက ဇာဗီ၊ အင်နီယေစတာတို့ရဲ့ အရည်အချင်းမျိုးတွေ မြင်တွေ့နေရတယ်လို့ ချီးကျူးပါတယ်။

တောင်ပံတိုက်စစ်သမား အယ်လီးယော့ဟာ ဒီနွေမှာ လီဗာပူးအသင်းနဲ့အတူ ရာသီကြိ ပြင်ဆင်မှုတွေကို လိုက်ပါနေတာပါ။ အသက် ၁၈ နှစ်အရွယ် တိုက်စစ်သမားက ပုံမှန်နေရာကနေ ရွှေ့လျားကာ ကွင်းလယ် နံပါတ် ၁၀ နေရာကို ပိုအားပြုတဲ့ ညာခြမ်း ကွင်းလယ်လူနေရာက ကစားခွင့်ရနေတာဖြစ်တယ်။

ကစားသမားနဲ့ ပတ်သက်ပြီး မက်အတီယာက ” သူ့ရဲ့ အကောင်းဆုံး နေရာက ဘယ်မှာဖြစ်မလဲဆိုတာ မေးခွန်းဖြစ်နေဆဲပါ။ ကျနော်ကတော့ သူ့ထံကနေ ဇာဗီ၊ အင်နီယေစတာရဲ့ အရည်အချင်းတွေ မြင်နေရတယ်။ သူက သီယာဂိုလို ကစားသမားအဖြစ် တိုးတက်လာဦးမယ့်သူဖြစ်ပါတယ်။

ဒီလိုပြောရတာက သူ့ထံကနေ ဘောလုံးကို သက်သောင့်သက်သာ ကိုင်ထားနိုင်စွမ်းနဲ့တကွ ဘောလုံးကို ဘယ်လိုပေးရမယ်ဆိုတာ မြင်နိုင်တဲ့ ကစားသမားဆိုတာ မြင်နေရလို့ပါပဲ။ သူ့ရဲ့ ခေါင်းက ပတ်ပတ်လည်ကို အမြဲတမ်း ကြည့်ရှုနေပြီး ပေးချက်ကောင်းတွေ လုပ်နိုင်ပါတယ် ” လို့ ချီးကျူးခဲ့တယ်။

အယ်လီးယော့ဟာ မနှစ်ကရာသီ ဘလက်ဘန်းထံ တစ်ရာသီ အငှားထွက်ခဲ့ရာက နေရာစုံကနေ ကစားခွင့်လည်း ရခဲ့ပါတယ်။ ဒါကြောင့်ပဲ တိုက်စစ်ပိုင်း နေရာတွေမှာ အတွေ့အကြုံကောင်းတွေဖြင့် တိုးတက်လာခဲ့ပါတယ်။

” သူ့ကို အငှားချလိုက်တာကလည်း အရေးပါပါလိမ့်မယ်။ သူ့က အထာပိုကျလာတယ်။ ဘလက်ဘန်းကနေ ပြန်လာချိန်မှာ သူအဲ့က သင်ယူမှုတွေ အများကြီး လုပ်လာနိုင်ခဲ့ပုံရပါတယ်။ သူ့ကြည့်ရတာ သက်သောင့်သက်သာရှိနေပုံပါ။ အတွေ့အကြုံကောင်းတွေလည်း ရလာခဲ့တယ်။

သူက တိုက်စစ်ပိုလိုက်ရတဲ့နေရာတွေနဲ့ အချို့နေရာတွေမှာ ကစားပြီး လီဗာပူးအသင်းထဲ ပါဝင်ကစားနိုင်ဖို့ နည်းလမ်းရှာရမှာပါ။ မာနေးနဲ့ ဆာလာတို့ရဲ့ နေရာမှာ သူကစားနိုင်မလားဆိုတာကိုလည်း ကြည့်ရပါမယ်။

ဖာဘင်ညိုရဲ့ ဘယ်ခြမ်း (သို့) ညာခြမ်က ကွင်းလယ်တစ်နေရာမှာ သူကစားနိုင်တယ် ဒါပေမယ့် နည်းနည်းတော့ အချိန်ယူရပါလိမ့်မယ်။ သူက မှန်ကန်တဲ့ ပုံစံဖြင့် တိုးတက်လာနေပြီး စူပါစတားတစ်ဦး ဖြစ်လာနိုင်ပါတယ် ” လို့လည်း မတ်အတီယာ ချီးကျူးသွားပါတယ်။

ZAWGYI

လီဗာပူးကစားသမားေဟာင္း မက္အတီယာက ကလပ္ရဲ႕ လူငယ္ၾကယ္ပြင့္ အယ္လီးေယာ့ ကြင္းလယ္လူအျဖစ္ ကစားခ်ိန္မွာ သူ႔ထံက ဇာဗီ၊ အင္နီေယစတာတို႔ရဲ႕ အရည္အခ်င္းမ်ိဳးေတြ ျမင္ေတြ႔ေနရတယ္လို႔ ခ်ီးက်ဴးပါတယ္။

ေတာင္ပံတိုက္စစ္သမား အယ္လီးေယာ့ဟာ ဒီေႏြမွာ လီဗာပူးအသင္းနဲ႔အတူ ရာသီၾကိ ျပင္ဆင္မႈေတြကို လိုက္ပါေနတာပါ။ အသက္ ၁၈ ႏွစ္အရြယ္ တိုက္စစ္သမားက ပံုမွန္ေနရာကေန ေရႊ႔လ်ားကာ ကြင္းလယ္ နံပါတ္ ၁၀ ေနရာကို ပိုအားျပဳတဲ့ ညာျခမ္း ကြင္းလယ္လူေနရာက ကစားခြင့္ရေနတာျဖစ္တယ္။

ကစားသမားနဲ႔ ပတ္သက္ျပီး မက္အတီယာက ” သူ႔ရဲ႕ အေကာင္းဆံုး ေနရာက ဘယ္မွာျဖစ္မလဲဆိုတာ ေမးခြန္းျဖစ္ေနဆဲပါ။ က်ေနာ္ကေတာ့ သူ႔ထံကေန ဇာဗီ၊ အင္နီေယစတာရဲ႕ အရည္အခ်င္းေတြ ျမင္ေနရတယ္။ သူက သီယာဂိုလို ကစားသမားအျဖစ္ တိုးတက္လာဦးမယ့္သူျဖစ္ပါတယ္။

ဒီလိုေျပာရတာက သူ႔ထံကေန ေဘာလံုးကို သက္ေသာင့္သက္သာ ကိုင္ထားႏုိင္စြမ္းနဲ႔တကြ ေဘာလံုးကို ဘယ္လိုေပးရမယ္ဆိုတာ ျမင္ႏုိင္တဲ့ ကစားသမားဆိုတာ ျမင္ေနရလို႔ပါပဲ။ သူ႔ရဲ႕ ေခါင္းက ပတ္ပတ္လည္ကို အျမဲတမ္း ၾကည့္ရႈေနျပီး ေပးခ်က္ေကာင္းေတြ လုပ္ႏုိင္ပါတယ္ ” လို႔ ခ်ီးက်ဴးခဲ့တယ္။

အယ္လီးေယာ့ဟာ မႏွစ္ကရာသီ ဘလက္ဘန္းထံ တစ္ရာသီ အငွားထြက္ခဲ့ရာက ေနရာစံုကေန ကစားခြင့္လည္း ရခဲ့ပါတယ္။ ဒါေၾကာင့္ပဲ တိုက္စစ္ပိုင္း ေနရာေတြမွာ အေတြ႔အၾကံဳေကာင္းေတြျဖင့္ တိုးတက္လာခဲ့ပါတယ္။

” သူ႔ကို အငွားခ်လိုက္တာကလည္း အေရးပါပါလိမ့္မယ္။ သူ႔က အထာပိုက်လာတယ္။ ဘလက္ဘန္းကေန ျပန္လာခ်ိန္မွာ သူအဲ့က သင္ယူမႈေတြ အမ်ားၾကီး လုပ္လာနုိင္ခဲ့ပံုရပါတယ္။ သူ႔ၾကည့္ရတာ သက္ေသာင့္သက္သာရွိေနပံုပါ။ အေတြ႔အၾကံဳေကာင္းေတြလည္း ရလာခဲ့တယ္။

သူက တိုက္စစ္ပိုလိုက္ရတဲ့ေနရာေတြနဲ႔ အခ်ိဳ႔ေနရာေတြမွာ ကစားျပီး လီဗာပူးအသင္းထဲ ပါဝင္ကစားႏုိင္ဖို႔ နည္းလမ္းရွာရမွာပါ။ မာေနးနဲ႔ ဆာလာတို႔ရဲ႕ ေနရာမွာ သူကစားႏုိင္မလားဆိုတာကိုလည္း ၾကည့္ရပါမယ္။

ဖာဘင္ညိဳရဲ႕ ဘယ္ျခမ္း (သို႔) ညာျခမ္က ကြင္းလယ္တစ္ေနရာမွာ သူကစားႏုိင္တယ္ ဒါေပမယ့္ နည္းနည္းေတာ့ အခ်ိန္ယူရပါလိမ့္မယ္။ သူက မွန္ကန္တဲ့ ပံုစံျဖင့္ တိုးတက္လာေနျပီး စူပါစတားတစ္ဦး ျဖစ္လာႏုိင္ပါတယ္ ” လို႔လည္း မတ္အတီယာ ခ်ီးက်ဴးသြားပါတယ္။