လီဗာပူးအသင်းဟာ အသင်း အစွန်ခံစစ်မှူး ထရန့် အလက်ဇန်းဒါး အာနိုးကို ၂၀၂၅ ထိ အသင်းမှာ ဆက်ရှိစေမယ့် စာချုပ်သစ် တစ်ရပ် သက်တမ်းတိုး ချုပ်ဆိုလိုက်ပြီ ဖြစ်ပြီး ထရန့်ပြီးနောက် အသင်းမှ ကြယ်ပွင့် ကစားသမား ၆ ဦးကိုလည်း ဆက်လက် သက်တမ်းတိုးဖို့ လှုပ်ရှားနေပါတယ်။
The Athletic သတင်းဌာန အဆို အရ အားကစား ဒါရိုက်တာ မိုက်ကယ်အက်ဒ်ဝပ်ဟာ ယာဂင်ကလော့ပ် အသင်း လူစာရင်းမှ အမာခံ အသင်းသားတွေကို သက်တမ်းတိုးပြီး ဆက်ထိန်းထားဖို့ သူ့အလုပ် စတင်နေပြီ လို့ သိရပါတယ်။
နောက်ထပ် လီဗာပူး သက်တမ်းတိုးလိုတဲ့ ကစားသမားထဲမှာ တိုက်စစ်သမားတွေ ဖြစ်တဲ့ မိုဟာမက် ဆာလက်နဲ့ ဆာဒီယို မာနေးတို့ အဓိက ပါဝင်နေပြီး သူတို့နဲ့ တွဲဖက် ဖာမီနိုကတော့ မပါဝင်သေးပါဘူး။ လီဗာပူးရဲ့ တိုက်စစ် သုံးယောက်တွဲဟာ ပြီးခဲ့တဲ့ ရာသီ ၎င်းတို့ကြား သွင်းဂိုး ၄၂ ဂိုး ရှိခဲ့ပါတယ်။
အဓိက တိုက်စစ်သုံးယောက်တန်းမှာ အသက် ၂၉ နှစ်အရွယ် ဘရာဇီးသားရဲ့ စွမ်းဆောင်ရည်တွေက မေးခွန်းထုတ်စရာတွေ ဖြစ်လာနေပြီး ပြီးခဲ့တဲ့ရာသီမှာ သွင်းဂိုးနဲ့ ဂိုးထောက်ပံ့နိုင်စွမ်းတွေ နည်းပါးခဲ့ပါတယ်။ ဖာမီနိုရဲ့ လက်ရှိ စာချုပ်က ၂၀၂၃ မှာ ကုန်ဆုံးမှာပါ။
ဂိုးသမား အယ်လစ်ဆန်၊ ဗဟိုခံစစ်မှူး ဗန်ဒိုက်နဲ့ ဘယ်စွန်ခံစစ်မှူး အန်ဒီ ရော်ဘတ်ဆန် တို့ကိုလည်း ကလပ်အသင်းက ထပ်မံ သက်တမ်းတိုးလိုနေပါတယ်။ ဒါ့အပြင် သက်တမ်းတိုးမယ့် ၆ ဦးထဲမှာ ဘရာဇီး ကွင်းလယ် ဖာဘင်ညိုလည်း ပါဝင်နေပါတယ်။ သို့ပေမယ့် အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို သက်တမ်းတိုးရေးကတော့ အဆင်မပြေဖြစ်ထားခဲ့တယ်လို့ သိထားရတာ ဖြစ်ပါတယ်။
ဟန်ဒါဆန်၊ မာနေး၊ ဖာဘင်ညိုတို့ရဲ့ လက်ရှိ စာချုပ်တွေဟာ ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ကာ အယ်လီဆန်ရဲ့ စာချုပ်ကတော့ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာပဲ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ အသင္း အစြန္ခံစစ္မွဴး ထရန္႔ အလက္ဇန္းဒါး အာနိုးကို ၂၀၂၅ ထိ အသင္းမွာ ဆက္ရွိေစမယ့္ စာခ်ဳပ္သစ္ တစ္ရပ္ သက္တမ္းတိုး ခ်ဳပ္ဆိုလိုက္ျပီ ျဖစ္ျပီး ထရန္႔ျပီးေနာက္ အသင္းမွ ၾကယ္ပြင့္ ကစားသမား ၆ ဦးကိုလည္း ဆက္လက္ သက္တမ္းတိုးဖို႔ လႈပ္ရွားေနပါတယ္။
The Athletic သတင္းဌာန အဆို အရ အားကစား ဒါရိုက္တာ မိုက္ကယ္အက္ဒ္၀ပ္ဟာ ယာဂင္ကေလာ့ပ္ အသင္း လူစာရင္းမွ အမာခံ အသင္းသားေတြကို သက္တမ္းတိုးျပီး ဆက္ထိန္းထားဖို႔ သူ႔အလုပ္ စတင္ေနျပီ လို႔ သိရပါတယ္။
ေနာက္ထပ္ လီဗာပူး သက္တမ္းတိုးလိုတဲ့ ကစားသမားထဲမွာ တိုက္စစ္သမားေတြ ျဖစ္တဲ့ မိုဟာမက္ ဆာလက္နဲ႕ ဆာဒီယို မာေနးတို႔ အဓိက ပါ၀င္ေနျပီး သူတို႔နဲ႕ တြဲဖက္ ဖာမီနိုကေတာ့ မပါ၀င္ေသးပါဘူး။ လီဗာပူးရဲ႕ တိုက္စစ္ သံုးေယာက္တြဲဟာ ျပီးခဲ့တဲ့ ရာသီ ၄င္းတို႔ၾကား သြင္းဂိုး ၄၂ ဂိုး ရွိခဲ့ပါတယ္။
အဓိက တိုက္စစ္သံုးေယာက္တန္းမွာ အသက္ ၂၉ ႏွစ္အရြယ္ ဘရာဇီးသားရဲ႕ စြမ္းေဆာင္ရည္ေတြက ေမးခြန္းထုတ္စရာေတြ ျဖစ္လာေနျပီး ျပီးခဲ့တဲ့ရာသီမွာ သြင္းဂိုးနဲ႔ ဂိုးေထာက္ပံ့ႏုိင္စြမ္းေတြ နည္းပါးခဲ့ပါတယ္။ ဖာမီနိုရဲ႕ လက္ရွိ စာခ်ဳပ္က ၂၀၂၃ မွာ ကုန္ဆံုးမွာပါ။
ဂိုးသမား အယ္လစ္ဆန္၊ ဗဟိုခံစစ္မွဴး ဗန္ဒိုက္နဲ႕ ဘယ္စြန္ခံစစ္မွဴး အန္ဒီ ေရာ္ဘတ္ဆန္ တို႔ကိုလည္း ကလပ္အသင္းက ထပ္မံ သက္တမ္းတိုးလိုေနပါတယ္။ ဒါ့အျပင္ သက္တမ္းတိုးမယ့္ ၆ ဦးထဲမွာ ဘရာဇီး ကြင္းလယ္ ဖာဘင္ညိဳလည္း ပါဝင္ေနပါတယ္။ သို႔ေပမယ့္ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို သက္တမ္းတိုးေရးကေတာ့ အဆင္မေျပျဖစ္ထားခဲ့တယ္လို႔ သိထားရတာ ျဖစ္ပါတယ္။
ဟန္ဒါဆန္၊ မာေနး၊ ဖာဘင္ညိဳတို႔ရဲ႕ လက္ရွိ စာခ်ဳပ္ေတြဟာ ၂၀၂၃ ခုႏွစ္မွာ ကုန္ဆံုးမွာျဖစ္ကာ အယ္လီဆန္ရဲ႕ စာခ်ဳပ္ကေတာ့ ၂၀၂၄ ခုႏွစ္မွာ ကုန္ဆံုးမွာပဲ ျဖစ္ပါတယ္။