လီဗာပူးလက်ထောက်နည်းပြ ပပ်လင်ဒါးက စီနီယာအသင်းသားတွေဖြစ်တဲ့ ဖာဘင်ညို၊ ဖာမင်နို၊ အယ်လီဆန်တို့ အသင်းထံ လာရောက်ပူးပေါင်းမှုမှာ လေ့ကျင့်ရေးတွေကို တစ်ဆင့်မြင့် ကစားနိုင်ပြီလို့ ထုတ်ပြောလာပါတယ်။
သြစတြီးယား ရာသီကြိုမှာ ပူးပေါင်းထားတဲ့ လူငယ်တွေထဲက အချို့ကိုတော့ အက်ဆာ လေ့ကျင့်ရေးထံ ပြန်လွတ်ပါမယ်။ ဒါကလည်း လေ့ကျင့်ရေးမှာ ကစားသမားတွေကို အနီးကပ် ကွပ်ကဲဖို့ရာ လူဦးရေး ထိန်းသိမ်းခြင်းပဲဖြစ်ပြီး စီနီယာတွေကို ပိုမို အာရုံစိုက်နိုင်ဖို့ လူငယ်အချို့က သက်ဆိုင်ရာ သက်တမ်းအလိုက်တွေထံ ပြန်သွားရမှာပဲဖြစ်တယ်။
လင်ဒါးက ” ဖာဘင်ညို၊ ဖာမင်နို၊ အယ်လီတို့ အီဗီရွန်မှာ အသင်းနဲ့ လာရောက် ပူးပေါင်းပြီဖြစ်တာကြောင့် လူငယ်ကစားသမားအချို့ကို အက်ဆာလေ့ကျင့်ရေးစင်တာထံ ပြန်လွတ်သွားမှာဖြစ်ပါတယ်။
လူငယ်လေးတွေက ကွင်းတွင်း ကွင်းပြင် အနေအထားတွေမှာ အထင်ကြီးဖို့ကောင်းခဲ့ပါတယ်။ ဒီလူငယ်လေးတွေကို တွေ့ဆုံပြီး အက်ဆာကို ပြန်ရတာက သူတို့ရဲ့ တိုးတက်မှုအတွက်ဆိုတာကို သေချာ ရှင်းပြဖြစ်ပါတယ်။ စီနီယာသုံးဦးအတွက် နေရာဖယ်ပေးရတယ်ဆိုပြီး စိတ်ပျက်နေဖို့ မလိုပါဘူး။
အယ်လီ၊ ဖာမင်နို၊ ဖာဘင်ညိုတို့ ပြန်လာပြီဖြစ်လို့ ကျနေ်ာတို့က အတွေ့အကြုံရှိ ကစားသမားတွေ ပြည့်နေပြီဖြစ်ပြီး နည်းစနစ်ပိုင်းနဲ့ စွန့်စားမှုတွေကို လေ့ကျင့်ကြတော့မှာဖြစ်ပါတယ်။ အီဗီရွန်မှာ တိုးတက်မှုတွေ ဆက်လက် ရှာဖွေပြီး ကျနေ်ာတို့ရဲ့ ပွဲတွေမှာ ပုံမှန်နည်းလမ်းအတိုင်း ပိုကစားနိုင်ဖို့ လုပ်ပါတော့မယ်။
ဒါကပဲ အောင်မြင်တဲ့အသင်းဖြစ်လာဖို့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။ သင်ယူမှုတွေရဲ့ တိုးတက်မှုအပေါ်မှာ အာရုံစိုက်ထားပြီး ကြိုတင်ခန့်မှန်းမရအောင်၊ ပိုပြီး လိုက်လျောညီထွေဖြစ်လာအောင် ကြိုးစားဖို့က ရည်မှန်းချက်ဖြစ်ပါတယ်။
တိုက်စစ်ကို နှလုံးသွင်းပြီး ဖြစ်နိုင်သလောက် အခြေအနေတွေကို ခပ်မြန်မြန် တုန့်ပြန်နိုင်ရေး ဖန်တီးရပါမယ်။ ဘောလုံးက ကမ္ဘာပေါ်က လူတွေအများကြီးကို ဆွဲဆောင်နိုင်တယ်။ ပျော်ရွှင်စရာ၊ ဒရာမာဆန်စွာနဲ့ ဒီရာသီမှာ သိပ်ကောင်းတဲ့ အမှတ်တရတွေကို အတူတကွ ထပ်ပြီး ဖန်တီးနိုင်ဖို့ မျှော်လင့်ထားပါတယ် ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။
ZAWGYI
လီဗာပူးလက္ေထာက္နည္းျပ ပပ္လင္ဒါးက စီနီယာအသင္းသားေတြျဖစ္တဲ့ ဖာဘင္ညိဳ၊ ဖာမင္ႏို၊ အယ္လီဆန္တို႔ အသင္းထံ လာေရာက္ပူးေပါင္းမႈမွာ ေလ့က်င့္ေရးေတြကို တစ္ဆင့္ျမင့္ ကစားႏုိင္ျပီလို႔ ထုတ္ေျပာလာပါတယ္။
ၾသစၾတီးယား ရာသီၾကိဳမွာ ပူးေပါင္းထားတဲ့ လူငယ္ေတြထဲက အခ်ိဳ႔ကိုေတာ့ အက္ဆာ ေလ့က်င့္ေရးထံ ျပန္လြတ္ပါမယ္။ ဒါကလည္း ေလ့က်င့္ေရးမွာ ကစားသမားေတြကို အနီးကပ္ ကြပ္ကဲဖို႔ရာ လူဦးေရး ထိန္းသိမ္းျခင္းပဲျဖစ္ျပီး စီနီယာေတြကို ပိုမို အာရံုစိုက္ႏုိင္ဖို႔ လူငယ္အခ်ိဳ႔က သက္ဆိုင္ရာ သက္တမ္းအလိုက္ေတြထံ ျပန္သြားရမွာပဲျဖစ္တယ္။
လင္ဒါးက ” ဖာဘင္ညိဳ၊ ဖာမင္ႏို၊ အယ္လီတို႔ အီဗီရြန္မွာ အသင္းနဲ႔ လာေရာက္ ပူးေပါင္းျပီျဖစ္တာေၾကာင့္ လူငယ္ကစားသမားအခ်ိဳ႔ကို အက္ဆာေလ့က်င့္ေရးစင္တာထံ ျပန္လြတ္သြားမွာျဖစ္ပါတယ္။
လူငယ္ေလးေတြက ကြင္းတြင္း ကြင္းျပင္ အေနအထားေတြမွာ အထင္ၾကီးဖို႔ေကာင္းခဲ့ပါတယ္။ ဒီလူငယ္ေလးေတြကို ေတြ႔ဆံုျပီး အက္ဆာကို ျပန္ရတာက သူတို႔ရဲ႕ တိုးတက္မႈအတြက္ဆိုတာကို ေသခ်ာ ရွင္းျပျဖစ္ပါတယ္။ စီနီယာသံုးဦးအတြက္ ေနရာဖယ္ေပးရတယ္ဆိုျပီး စိတ္ပ်က္ေနဖို႔ မလိုပါဘူး။
အယ္လီ၊ ဖာမင္ႏို၊ ဖာဘင္ညိဳတို႔ ျပန္လာျပီျဖစ္လို႔ က်ေန္ာတို႔က အေတြ႔အၾကံဳရွိ ကစားသမားေတြ ျပည့္ေနျပီျဖစ္ျပီး နည္းစနစ္ပိုင္းနဲ႔ စြန္႔စားမႈေတြကို ေလ့က်င့္ၾကေတာ့မွာျဖစ္ပါတယ္။ အီဗီရြန္မွာ တိုးတက္မႈေတြ ဆက္လက္ ရွာေဖြျပီး က်ေန္ာတို႔ရဲ႕ ပြဲေတြမွာ ပံုမွန္နည္းလမ္းအတိုင္း ပိုကစားႏုိင္ဖို႔ လုပ္ပါေတာ့မယ္။
ဒါကပဲ ေအာင္ျမင္တဲ့အသင္းျဖစ္လာဖို႔ လွ်ိဳ႔ဝွက္ခ်က္ျဖစ္ပါတယ္။ သင္ယူမႈေတြရဲ႕ တိုးတက္မႈအေပၚမွာ အာရံုစိုက္ထားျပီး ၾကိဳတင္ခန္႔မွန္းမရေအာင္၊ ပိုျပီး လိုက္ေလ်ာညီေထြျဖစ္လာေအာင္ ၾကိဳးစားဖို႔က ရည္မွန္းခ်က္ျဖစ္ပါတယ္။
တိုက္စစ္ကို ႏွလံုးသြင္းျပီး ျဖစ္ႏုိင္သေလာက္ အေျခအေနေတြကို ခပ္ျမန္ျမန္ တုန္႔ျပန္ႏုိင္ေရး ဖန္တီးရပါမယ္။ ေဘာလံုးက ကမၻာေပၚက လူေတြအမ်ားၾကီးကို ဆြဲေဆာင္ႏုိင္တယ္။ ေပ်ာ္ရႊင္စရာ၊ ဒရာမာဆန္စြာနဲ႔ ဒီရာသီမွာ သိပ္ေကာင္းတဲ့ အမွတ္တရေတြကို အတူတကြ ထပ္ျပီး ဖန္တီးႏုိင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့ပါတယ္။