ဒီရက်ပိုင်းမှာ လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စတွေ စတင်ကြားသိလာရတဲ့နောက် နောက်ဆုံး အခြေအနေတွေအတွက် နာမည်ကြီး အားကစားသတင်းထောက် Fabrizio Romano က ထုတ်ပြောလာပါတယ်။

Fabrizio Romano က ယာဂင်ဟာ ဝုဗ်အသင်းတိုက်စစ်သမား ထရာအိုရေးကို နှစ်သက်နေကြောင်းလည်း ထုတ်ပြောထားတယ်။ ဒါပေမယ့်လို့ လီဗာပူးဘက်က တရားဝင် ကမ်းလှမ်းမှု လုပ်ဖို့တော့ အစီအစဉ်မရှိသေးဘူးလို့ သူကဆိုပါတယ်။ သြဂုတ်လထဲမှာ သတင်းကြီးတွေ ထွက်လာဖို့ရှိနေတဲ့ ဆောရဲ့ အနာဂတ်ကိစ္စမှာ လီဗာပူးက ကြီးကြီးမားမား ပါဝင်လာနိုင်ကြောင်းကိုလည်း ဆက်ပြီး ရှင်းပြသွားခဲ့တယ်။

Fabrizio Romano က ” လီဗာပူးက ဟန်ဒါဆန်ကိစ္စကို ဖြေရှင်းလိုနေပါတယ်။ ဘာလို့လည်းဆိုတော့ အခုချိန်ထိ ဟန်ဒါဆန်ရဲ့ သက်တမ်းတိုးကိစ္စ သဘောတူညီမှုမရထားတာက သတင်းမှန်ဖြစ်နေလို့ပါပဲ။ အင်္ဂလန်ပြင်ပ ကလပ်တွေအများကြီးက ဟန်ဒါဆန်ကို အထင်ကြီး သဘောကျနေပါတယ်။

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ စကားပြောဆိုထားခဲ့ပေမယ့် လီဗာပူးအသင်းကတော့ ဟန်ဒါဆန်ကို သက်တမ်းတိုးနိုင်မယ် မျှော်လင့်နေဆဲဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ လီဗာပူးအသင်းက ဆောနီဂွက်စ်အတွက် တရားဝင် ကမ်းလှမ်းမှု မလုပ်ထားပါဘူး။ ဆောရဲ့ အခြေအနေကို ဝင်ရောက် မေးမြန်းထားတဲ့ အင်္ဂလန်အသင်းတွေထဲမှာ လီဗာပူးအသင်းလည်း ပါဝင်လာပါတယ်။ ကစားသမားက ပရီးမီးယားလိဂ်အတွေ့အကြုံကို ခံစားလိုနေပေမယ့် ဂရစ်စမန်းနဲ့ အလဲအထက်ကိစ္စ ပြီးကတည်းက တရားဝင် ကမ်းလှမ်းမှုတွေ တစ်ခုမှ မရရှိသေးပါဘူး။

တနင်္လာနေ့ အင်္ဂလန်ကို ဆောရဲ့ကိုယ်စားလှယ်ပဲ လာရောက်မှာဖြစ်ပြီး ကစားသမားကတော့ လိုက်ပါလာမှာ မဟုတ်ပါဘူး ” လို့ သူက ထုတ်ပြောသွားခဲ့ပါတယ်။

ဟန်ဒါဆန်ကို ခေါ်ယူဖို့ အက်သလက်တီကိုနဲ့ ပီအက်စ်ဂျီတို့က အတော်လေး စိတ်ဝင်စားနေတယ်။ ကစားသမားဘက်ကတော့ ဒီနွေမှာပဲ စာချုပ်ကိစ္စကို အဖြေရှာလိုက်လိုနေတယ်လို့လည်း လီဗာပူးသတင်းထောက်တွေရဲ့ ဖော်ပြမှုအရ သိထားရပါတယ်။

ZAWGYI

ဒီရက္ပိုင္းမွာ လီဗာပူးအသင္းရဲ႕ အေျပာင္းအေရႊ႔ ကိစၥေတြ စတင္ၾကားသိလာရတဲ့ေနာက္ ေနာက္ဆံုး အေျခအေနေတြအတြက္ နာမည္ၾကီး အားကစားသတင္းေထာက္ Fabrizio Romano က ထုတ္ေျပာလာပါတယ္။

Fabrizio Romano က ယာဂင္ဟာ ဝုဗ္အသင္းတိုက္စစ္သမား ထရာအိုေရးကို ႏွစ္သက္ေနေၾကာင္းလည္း ထုတ္ေျပာထားတယ္။ ဒါေပမယ့္လို႔ လီဗာပူးဘက္က တရားဝင္ ကမ္းလွမ္းမႈ လုပ္ဖို႔ေတာ့ အစီအစဥ္မရွိေသးဘူးလို႔ သူကဆိုပါတယ္။ ၾသဂုတ္လထဲမွာ သတင္းၾကီးေတြ ထြက္လာဖို႔ရွိေနတဲ့ ေဆာရဲ႕ အနာဂတ္ကိစၥမွာ လီဗာပူးက ၾကီးၾကီးမားမား ပါဝင္လာႏုိင္ေၾကာင္းကိုလည္း ဆက္ျပီး ရွင္းျပသြားခဲ့တယ္။

Fabrizio Romano က ” လီဗာပူးက ဟန္ဒါဆန္ကိစၥကို ေျဖရွင္းလိုေနပါတယ္။ ဘာလို႔လည္းဆိုေတာ့ အခုခ်ိန္ထိ ဟန္ဒါဆန္ရဲ႕ သက္တမ္းတိုးကိစၥ သေဘာတူညီမႈမရထားတာက သတင္းမွန္ျဖစ္ေနလို႔ပါပဲ။ အဂၤလန္ျပင္ပ ကလပ္ေတြအမ်ားၾကီးက ဟန္ဒါဆန္ကို အထင္ၾကီး သေဘာက်ေနပါတယ္။

ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္းနဲ႔ စကားေျပာဆိုထားခဲ့ေပမယ့္ လီဗာပူးအသင္းကေတာ့ ဟန္ဒါဆန္ကို သက္တမ္းတိုးႏုိင္မယ္ ေမွ်ာ္လင့္ေနဆဲျဖစ္ပါတယ္။

တစ္ခ်ိန္တည္းမွာ လီဗာပူးအသင္းက ေဆာနီဂြက္စ္အတြက္ တရားဝင္ ကမ္းလွမ္းမႈ မလုပ္ထားပါဘူး။ ေဆာရဲ႕ အေျခအေနကို ဝင္ေရာက္ ေမးျမန္းထားတဲ့ အဂၤလန္အသင္းေတြထဲမွာ လီဗာပူးအသင္းလည္း ပါဝင္လာပါတယ္။ ကစားသမားက ပရီးမီးယားလိဂ္အေတြ႔အၾကံဳကို ခံစားလိုေနေပမယ့္ ဂရစ္စမန္းနဲ႔ အလဲအထက္ကိစၥ ျပီးကတည္းက တရားဝင္ ကမ္းလွမ္းမႈေတြ တစ္ခုမွ မရရွိေသးပါဘူး။

တနလၤာေန႔ အဂၤလန္ကို ေဆာရဲ႔ကိုယ္စားလွယ္ပဲ လာေရာက္မွာျဖစ္ျပီး ကစားသမားကေတာ့ လိုက္ပါလာမွာ မဟုတ္ပါဘူး ” လို႔ သူက ထုတ္ေျပာသြားခဲ့ပါတယ္။

ဟန္ဒါဆန္ကို ေခၚယူဖို႔ အက္သလက္တီကိုနဲ႔ ပီအက္စ္ဂ်ီတို႔က အေတာ္ေလး စိတ္ဝင္စားေနတယ္။ ကစားသမားဘက္ကေတာ့ ဒီေႏြမွာပဲ စာခ်ဳပ္ကိစၥကို အေျဖရွာလိုက္လိုေနတယ္လို႔လည္း လီဗာပူးသတင္းေထာက္ေတြရဲ႕ ေဖာ္ျပမႈအရ သိထားရပါတယ္။