အသက် ၂၂ နှစ်အရွယ် လီဗာပူးခံစစ်မှူး ကိုနတေးဟာ မာဆေးဆိုဒ်ကလပ်နဲ့ ပထမဆုံးသော ရာသီကြို လေ့ကျင့်ရေးဟာ ခက်ခဲပင်ပန်းလှတာကို ဝန်ခံပါတယ်။

မန်နေဂျာကလော့ပ်က ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ကစားသမားတွေကလွဲရင် ကျန်အသင်းသားတွေကို တစ်ရက်မှာ လေ့ကျင့်ချိန် နှစ်ချိန်ဝင်ထားစေတာပါ။ ဖိအားပေးနဲ့ ကောင်တာတိုက်စစ်အတွက် အကျိုးဖြစ်မယ့် လေ့ကျင့်ရေးတွေကြောင့် အတော်လေး ပင်ပန်းလှပြီး အိပ်ယာထဲကို ရောက်တာနဲ့ တစ်ချိုးတည်း အိပ်ပျော်သွားတော့တာပဲလို့ ပြင်သစ်သား ခံစစ်သမားက ဆိုပါတယ်။

ကိုနတေးက “ သိပ်ကို ပင်ပန်းတာပေါ့ဗျာ။ ဒါပေမယ့် ပင်ပန်းတာကို ကျနော် ဂရုမစိုက်ပါဘူး။ ကျနေ်ာတို့ ဒီမှာရှိနေတာက အသင်းကောင်းအဖြစ်၊ ကြီးကျယ်တဲ့အသင်းအဖြစ်ပါ။ ကျနေ်ာတို့ ပြေးလွှားမှုတွေနဲ့အတူ ပွဲတွေကို အနိုင်ရမယ့် စိတ်ဓါတ်ပိုင်းတွေ လိုပါတယ်။ အဲ့အတွက် လေ့ကျင့်ရေးက ခက်ခဲမှာဖြစ်ပေမယ့် ခက်ခဲမှုတွေကပဲ ကျနေ်ာတို့ကို ပိုကောင်းလာစေပါမယ်။

ကျနော် ကောင်းကောင်းအိပ်ပျော်ပါတယ်။ ဘာလို့လည်းဆိုတော့ အိပ်ဖို့ကလွဲပြီး ကျနော်မှာ ရွေးချယ်စရာမရှိဘူး။ ပင်ပန်းလွန်းတာကြောင့် အိပ်ယာထဲရောက်တာနဲ့ အိပ်ပျော်သွားတော့တာပဲ။ ခေါင်းချတာနဲ့ တန်းအိပ်ပျော်ပါတယ် ” လို့ သူက ပြောပါတယ်။

ဟာသာဘာလင်နဲ့ပွဲမှာ လီဗာပူးအတွက် ၄၅ မိနစ် ကစားပေးထားတဲ့ ကိုနတေးဟာ လက်ရှိမှာ လီဗာပူးအသင်နဲ့အတူ ဇာတိနိုင်ငံမှာ လေ့ကျင့်ရေး ဆင်းနေပါတယ်။ ဒီအပတ်ထဲမှာ ဘိုလော့ညာနဲ့ ချစ်ကြည်ရေးပွဲ ကစားမှာဖြစ်ကာ ဘာသာစကား ၃ မျိုးထိ ပြောဆိုနိုင်တဲ့ ကိုနတေးက အသင်းဖော်တွေနဲ့ ဆက်ဆံရေးမှာ အဆင်ပြေနေပါတယ်။

ကိုနတေးက “ အသင်းနဲ့အတူ ရှိနေရတာကို ပျော်ပါတယ်။ အသင်းအတွက် ပွဲကစားခွင့်တွေ ရထားတာလည်း ပျော်ပါတယ်။ အသင်းဖော်တွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိပါတယ်။ အဲ့ကြောင့်လည်း ပျော်မိပါတယ်။

အချို့အသင်းဖော်တွေနဲ့တော့ ပြင်သစ်လို ပြောပါတယ်။ နောက်ပြီး ကျနော်က အချို့အသင်းဖော်တွေနဲ့ အင်္ဂလိပ်ကို ပြောပါတယ်။ ကျနော်က ဂျာမာန်လိုလည်း ပြောတတ်ပါတယ်။ ဒီတော့ အသင်းဖော်တွေနဲ့ ဆက်သွယ်ရေးပိုင်းမှာ အေးဆေးပါပဲ။ အဲ့အတွက် ပြဿနာ မရှိပါဘူး ” လို့လည်း ဖွင့်ဟသွားသေးတာဖြစ်ပါတယ်။

ZAWGYI

အသက္ ၂၂ ႏွစ္အရြယ္ လီဗာပူးခံစစ္မွဴး ကိုနေတးဟာ မာေဆးဆိုဒ္ကလပ္နဲ႔ ပထမဆံုးေသာ ရာသီၾကိဳ ေလ့က်င့္ေရးဟာ ခက္ခဲပင္ပန္းလွတာကို ဝန္ခံပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ဒဏ္ရာကေန ျပန္သက္သာလာတဲ့ ကစားသမားေတြကလြဲရင္ က်န္အသင္းသားေတြကို တစ္ရက္မွာ ေလ့က်င့္ခ်ိန္ ႏွစ္ခ်ိန္ဝင္ထားေစတာပါ။ ဖိအားေပးနဲ႔ ေကာင္တာတိုက္စစ္အတြက္ အက်ိဳးျဖစ္မယ့္ ေလ့က်င့္ေရးေတြေၾကာင့္ အေတာ္ေလး ပင္ပန္းလွျပီး အိပ္ယာထဲကို ေရာက္တာနဲ႔ တစ္ခ်ိဳးတည္း အိပ္ေပ်ာ္သြားေတာ့တာပဲလို႔ ျပင္သစ္သား ခံစစ္သမားက ဆိုပါတယ္။

ကိုနေတးက “ သိပ္ကို ပင္ပန္းတာေပါ့ဗ်ာ။ ဒါေပမယ့္ ပင္ပန္းတာကို က်ေနာ္ ဂရဳမစိုက္ပါဘူး။ က်ေန္ာတို႔ ဒီမွာရွိေနတာက အသင္းေကာင္းအျဖစ္၊ ၾကီးက်ယ္တဲ့အသင္းအျဖစ္ပါ။ က်ေန္ာတို႔ ေျပးလႊားမႈေတြနဲ႔အတူ ပြဲေတြကို အႏုိင္ရမယ့္ စိတ္ဓါတ္ပိုင္းေတြ လိုပါတယ္။ အဲ့အတြက္ ေလ့က်င့္ေရးက ခက္ခဲမွာျဖစ္ေပမယ့္ ခက္ခဲမႈေတြကပဲ က်ေန္ာတို႔ကို ပိုေကာင္းလာေစပါမယ္။

က်ေနာ္ ေကာင္းေကာင္းအိပ္ေပ်ာ္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ အိပ္ဖို႔ကလြဲျပီး က်ေနာ္မွာ ေရြးခ်ယ္စရာမရွိဘူး။ ပင္ပန္းလြန္းတာေၾကာင့္ အိပ္ယာထဲေရာက္တာနဲ႔ အိပ္ေပ်ာ္သြားေတာ့တာပဲ။ ေခါင္းခ်တာနဲ႔ တန္းအိပ္ေပ်ာ္ပါတယ္ ” လို႔ သူက ေျပာပါတယ္။

ဟာသာဘာလင္နဲ႔ပြဲမွာ လီဗာပူးအတြက္ ၄၅ မိနစ္ ကစားေပးထားတဲ့ ကိုနေတးဟာ လက္ရွိမွာ လီဗာပူးအသင္နဲ႔အတူ ဇာတိႏုိင္ငံမွာ ေလ့က်င့္ေရး ဆင္းေနပါတယ္။ ဒီအပတ္ထဲမွာ ဘိုေလာ့ညာနဲ႔ ခ်စ္ၾကည္ေရးပြဲ ကစားမွာျဖစ္ကာ ဘာသာစကား ၃ မ်ိဳးထိ ေျပာဆိုႏုိင္တဲ့ ကိုနေတးက အသင္းေဖာ္ေတြနဲ႔ ဆက္ဆံေရးမွာ အဆင္ေျပေနပါတယ္။

ကိုနေတးက “ အသင္းနဲ႔အတူ ရွိေနရတာကို ေပ်ာ္ပါတယ္။ အသင္းအတြက္ ပြဲကစားခြင့္ေတြ ရထားတာလည္း ေပ်ာ္ပါတယ္။ အသင္းေဖာ္ေတြနဲ႔လည္း ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြရွိပါတယ္။ အဲ့ေၾကာင့္လည္း ေပ်ာ္မိပါတယ္။

အခ်ိဳ႔အသင္းေဖာ္ေတြနဲ႔ေတာ့ ျပင္သစ္လို ေျပာပါတယ္။ ေနာက္ျပီး က်ေနာ္က အခ်ိဳ႔အသင္းေဖာ္ေတြနဲ႔ အဂၤလိပ္ကို ေျပာပါတယ္။ က်ေနာ္က ဂ်ာမာန္လိုလည္း ေျပာတတ္ပါတယ္။ ဒီေတာ့ အသင္းေဖာ္ေတြနဲ႔ ဆက္သြယ္ေရးပိုင္းမွာ ေအးေဆးပါပဲ။ အဲ့အတြက္ ျပႆနာ မရွိပါဘူး ” လို႔လည္း ဖြင့္ဟသြားေသးတာျဖစ္ပါတယ္။