လီဗာပူးတိုက်စစ်သမား ဆာလာဟာ ပရီးမီးယားလိဂ်ကို နှစ်ကြိမ် ခြေချခဲ့သူဖြစ်ကာ တစ်ကြိမ်က ချယ်ဆီးကစားသမားဘဝနဲ့ဖြစ်ပြီး ဒုတိယအကြိမ်ကမှ လီဗာပူးအသင်းကို ရောက်ရှိလာခဲ့တာပါ။
၂၀၁၄ ဇန်နဝါရီမှာတုန်းက ဆာလာဟာ ဘေဆယ်ကနေ ချယ်ဆီးအသင်းကို ပြောင်းလာခဲ့ဖူးပြီး ၁ နှစ်ကြာ ၂၀၁၅ ဖေဖော်ဝါရီမှာ စီးရီးအေကလပ် ဖီအိုရင်တီးနားထံ အငှားဖြင့် ပြောင်းရွှေ့ခဲ့တာဖြစ်တယ်။ ထိုမှတစ်ဆင့် ရိုးမားကို ထပ်မံ အငှားထွက်ခဲ့ကာ ၂၀၁၆ နွေမှာ အပြီးသတ်ဖြင့် ပြောင်းရွှေ့သွားခဲ့ပါတယ်။
၂၀၁၇ နွေဈေးကွက်မှာတော့ ဆာလာဟာ ပရီးမီးယားလိဂ်မှာ ဒုတိယအကြိမ် ခြေချမှုအဖြစ် ရိုးမားအသင်းကနေ လီဗာပူးထံ ယူရို ၄၂ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပါတယ်။ အကောင်းဆုံး မှတ်တမ်းကတော့ ဆာလာတစ်ယောက် လီဗာပူးဂျာစီ ဝတ်ဆင်ပြီးနောက်ပိုင်းမှာ မည့်သည့် ပရီးမီးယားလိဂ် ကစားသမားကမှ အီဂျစ်သားထက် လိဂ်ဂိုး ပိုများစွာ သွင်းယူထားနိုင်ခြင်း မရှိပါဘူး။
အသက် ၂၉ နှစ်အရွယ် ဆာလာဟာ လီဗာပူးကစားသမားဘဝ ၄ ရာသီအတွင်းမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၉၅ ဂိုးထိ ရရှိထားသူဖြစ်တယ်။ ဒါက ဒီနွေမှာ မန်စီးတီးကို ပေါင် သန်း ၁၀၀ ဖြင့် ရောက်ရှိမယ်လို့ သတင်းကြီးနေတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ တူညီတဲ့ ကာလအတွင်း သွင်းဂိုးထက် ၇ ဂိုး ပိုများပါတယ်။
လက်စတာတိုက်စစ်သမား ဗာဒီ၊ မန်စီးတီးတိုက်စစ်သမား စတာလင်၊ အာဆင်နယ်တိုက်စစ်သမား အူဘာမီယန်တို့ဟာ ဆာလာရဲ့ ကိန်းဂဏန်းကို လိုက်မှီဖို့ သွင်းဂိုး ၂၀ ကနေ ၃၀ လောက် ပြတ်ကျန်နေခဲ့တာဖြစ်တယ်။
လီဗာပူးကစားသမားဘဝ ၄ ရာသီမှာ ဆာလာဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၉၅ ဂိုးတင် မကဘဲ ဂိုးထောက်ပံ့မှု ၃၆ ကြိမ်လည်း လုပ်ထားနိုင်ပါတယ်။ သူဟာ ချန်ပီယံလိဂ်မှာလည်း လီဗာပူးအတွက် သွင်းဂိုး ၂၅ ဂိုးနဲ့ ဂိုးထောက်ပံ့မှု ၁၀ ကြိမ်ထိ လုပ်ထားနိုင်သူဖြစ်တယ်။
ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးဟာ ဒီနွေမှာတော့ ကလပ်ရဲ့ လုပ်ခအမြင့်ဆုံး အသင်းသားလည်းဖြစ်တဲ့ ဆာလာကို ကာလရှည် သက်တမ်းတိုးမှဖြစ်ပြီး သူသွင်းယူထားတဲ့ သွင်းဂိုးတွေကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။
ZAWGYI
လီဗာပူးတိုက္စစ္သမား ဆာလာဟာ ပရီးမီးယားလိဂ္ကို ႏွစ္ၾကိမ္ ေျခခ်ခဲ့သူျဖစ္ကာ တစ္ၾကိမ္က ခ်ယ္ဆီးကစားသမားဘဝနဲ႔ျဖစ္ျပီး ဒုတိယအၾကိမ္ကမွ လီဗာပူးအသင္းကို ေရာက္ရွိလာခဲ့တာပါ။
၂၀၁၄ ဇန္နဝါရီမွာတုန္းက ဆာလာဟာ ေဘဆယ္ကေန ခ်ယ္ဆီးအသင္းကို ေျပာင္းလာခဲ့ဖူးျပီး ၁ ႏွစ္ၾကာ ၂၀၁၅ ေဖေဖာ္ဝါရီမွာ စီးရီးေအကလပ္ ဖီအိုရင္တီးနားထံ အငွားျဖင့္ ေျပာင္းေရႊ႔ခဲ့တာျဖစ္တယ္။ ထိုမွတစ္ဆင့္ ရိုးမားကို ထပ္မံ အငွားထြက္ခဲ့ကာ ၂၀၁၆ ေႏြမွာ အျပီးသတ္ျဖင့္ ေျပာင္းေရႊ႔သြားခဲ့ပါတယ္။
၂၀၁၇ ေႏြေစ်းကြက္မွာေတာ့ ဆာလာဟာ ပရီးမီးယားလိဂ္မွာ ဒုတိယအၾကိမ္ ေျခခ်မႈအျဖစ္ ရိုးမားအသင္းကေန လီဗာပူးထံ ယူရို ၄၂ သန္းျဖင့္ ေျပာင္းေရႊ႔လာခဲ့ပါတယ္။ အေကာင္းဆံုး မွတ္တမ္းကေတာ့ ဆာလာတစ္ေယာက္ လီဗာပူးဂ်ာစီ ဝတ္ဆင္ျပီးေနာက္ပိုင္းမွာ မည့္သည့္ ပရီးမီးယားလိဂ္ ကစားသမားကမွ အီဂ်စ္သားထက္ လိဂ္ဂိုး ပိုမ်ားစြာ သြင္းယူထားႏုိင္ျခင္း မရွိပါဘူး။
အသက္ ၂၉ ႏွစ္အရြယ္ ဆာလာဟာ လီဗာပူးကစားသမားဘဝ ၄ ရာသီအတြင္းမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၉၅ ဂိုးထိ ရရွိထားသူျဖစ္တယ္။ ဒါက ဒီေႏြမွာ မန္စီးတီးကို ေပါင္ သန္း ၁၀၀ ျဖင့္ ေရာက္ရွိမယ္လို႔ သတင္းၾကီးေနတဲ့ တိုက္စစ္မွဴး ဟယ္ရီကိန္းရဲ႕ တူညီတဲ့ ကာလအတြင္း သြင္းဂိုးထက္ ၇ ဂိုး ပိုမ်ားပါတယ္။
လက္စတာတိုက္စစ္သမား ဗာဒီ၊ မန္စီးတီးတိုက္စစ္သမား စတာလင္၊ အာဆင္နယ္တိုက္စစ္သမား အူဘာမီယန္တို႔ဟာ ဆာလာရဲ႕ ကိန္းဂဏန္းကို လိုက္မွီဖို႔ သြင္းဂိုး ၂၀ ကေန ၃၀ ေလာက္ ျပတ္က်န္ေနခဲ့တာျဖစ္တယ္။
လီဗာပူးကစားသမားဘဝ ၄ ရာသီမွာ ဆာလာဟာ ပရီးမီးယားလိဂ္သြင္းဂိုး ၉၅ ဂိုးတင္ မကဘဲ ဂိုးေထာက္ပံ့မႈ ၃၆ ၾကိမ္လည္း လုပ္ထားႏုိင္ပါတယ္။ သူဟာ ခ်န္ပီယံလိဂ္မွာလည္း လီဗာပူးအတြက္ သြင္းဂိုး ၂၅ ဂိုးနဲ႔ ဂိုးေထာက္ပံ့မႈ ၁၀ ၾကိမ္ထိ လုပ္ထားနုိင္သူျဖစ္တယ္။
ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ကစားသမားကို ပိုင္ဆိုင္ထားတဲ့ လီဗာပူးဟာ ဒီေႏြမွာေတာ့ ကလပ္ရဲ႕ လုပ္ခအျမင့္ဆံုး အသင္းသားလည္းျဖစ္တဲ့ ဆာလာကို ကာလရွည္ သက္တမ္းတိုးမွျဖစ္ျပီး သူသြင္းယူထားတဲ့ သြင္းဂိုးေတြကို ဆက္လက္ ထိန္းသိမ္းႏုိင္ဖို႔ ေမွ်ာ္လင့္ထားတာျဖစ္ပါတယ္။