လီဗာပူးအသင်း အားကစားဒါရိုက်တာ အတ်ဝပ်နဲ့ အဖွဲ့ဟာ ဒီကာလတွေအတွင်း အသင်းရဲ့ လူစာရင်းအတွက် ညိနှိုင်းဆွေးနွေးမှုတွေ လုပ်လာခြင်းရဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည့်ဖော်ဖို့ ကြိုးစားနေပြီဖြစ်တယ်လို့ မာဆေးဆိုဒ်သတင်းဌာနက ဖော်ပြပါတယ်။

လီဗာပူးဖွားဖြစ်သလို အကယ်ဒမီကနေ စင်တင်လာတဲ့ ထရန့်ကို ကာလရှည် သက်တမ်းတိုးစာချုပ် ပေးထားပြီဖြစ်တယ်။ ဂလယ်ဟာကိုလည်း ၅ နှစ်သက်တမ်းတိုးထားသလို ဒီရာသီမှာ အတ်ဒရီယန်ကို ဆက်လက် ထိန်းသိမ်းဖို့လည်း သဘောတူညီမှုရထားပြီးပါပြီ။

အတ်ဝပ်တို့ရဲ့ နောက်ထပ် ကြိုးစားမှုက ကမ္ဘာစံချိန်တင်ကြေးရှင် ဖြစ်ခဲ့ဖူးတဲ့ ဂိုးသမား အယ်လီဆန်နဲ့ ဖာဘင်ညိုတို့ဖြစ်တယ်။ ဒီနွေမှာပဲ သူတို့နှစ်ဦးရဲ့ အနာဂတ်ကို သေချာအောင် လုပ်ပြီးရင်တော့ ကလပ်ရဲ့ ပစ်မှတ်က ဆာလာထံ ဦးတည်လာပါတော့မယ်။

မနှစ်ကရာသီ သွင်းဂိုး ၃၁ ဂိုး သွင်းယူပေးခဲ့တဲ့ ဆာလာကို ကလပ်သမိုင်းမှာ အမြင့်ဆုံး လုပ်ခရှင်ဖြစ်စေမယ့် ကမ်းလှမ်းမှုဖြင့် လီဗာပူးဘက်က ချဉ်းကပ်မှာဖြစ်တယ်။ ဆာလာဟာ လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်း ဝန်းကျင်းရနေသူဖြစ်ပြီး တူညီတဲ့ လုပ်ခမျိုးကို ၂၀၁၃ တုန်းက လီဗာပူးနဲ့ ကာလရှည် သက်တမ်းတိုးခဲ့စဉ် လူးဝစ်ဆွာရက်စ်လည်း ရထားခဲ့ဖူးပါတယ်။

လီဗာပူးက ဆာလာအပြင် ဗန်ဒိုက်ကိုလည်း သက်တမ်းတိုးကိစ္စအတွက် ညိနှိုင်းဖို့ ရှိနေပါတယ်။ ဘောလုံးဆိုင်ရာ ဘဏ္ဍာရေးထုတ်ပြန်ချက်တွေမှာ ဂုဏ်သိက္ခာရှိ အဖွဲ့အစည်းဖြစ်တဲ့ Swiss Ramble ရဲ့ ဖော်ပြမှုအရ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ဒုတိယလုပ်ခပေးချေမှု အမြင့်ဆုံးအဖြစ် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ပေါင် ၃၂၆ သန်းထိ ပေးချေထားရတယ်။

၂၀၂၀-၂၀၂၁ ခုနှစ် ဘောလုံးရာသီမှာတော့ လီဗာပူးအသင်းက ဆုဖလား အောင်မြင်ခြင်း မရှိတာကြောင့် ဆုကြေးပေးရမှုတွေ ကျဆင်းခဲ့ပေမယ့်လည်း ကွင်းလယ်လူ သီယာဂိုနဲ့ တိုက်စစ်သမား ဂျိုတာတို့ကို လက်မှတ်ထိုးမှုကြောင့် အများကြီး ကွာဟချက် မရှိနိုင်ဘူးလို့လည်း သိထားရပါတယ်။

လီဗာပူးအသင်းဘက်ကတော့ လုပ်ခပိုင်းမြင့်တက်မှုကို အခြားတစ်နည်းနဲ့ ထိန်းချုပ်ဖို့ရာ ဖြေရှင်းမှာဖြစ်ပေမယ့် ဆာလာကို မြင့်မားတဲ့ လုပ်ခဖြင့် သက်တမ်းတိုးဖို့ကိုတော့ သေချာပေါက် ကြိုးစားသွားလိမ့်မယ်လို့ အဆိုပါသတင်းမှာ ဖော်ပြပါရှိခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္း အားကစားဒါရိုက္တာ အတ္ဝပ္နဲ႔ အဖြဲ႔ဟာ ဒီကာလေတြအတြင္း အသင္းရဲ႕ လူစာရင္းအတြက္ ညိႏိႈင္းေဆြးေႏြးမႈေတြ လုပ္လာျခင္းရဲ႕ ဆံုးျဖတ္ခ်က္ေတြကို အေကာင္အထည့္ေဖာ္ဖို႔ ၾကိဳးစားေနျပီျဖစ္တယ္လို႔ မာေဆးဆိုဒ္သတင္းဌာနက ေဖာ္ျပပါတယ္။

လီဗာပူးဖြားျဖစ္သလို အကယ္ဒမီကေန စင္တင္လာတဲ့ ထရန္႔ကို ကာလရွည္ သက္တမ္းတိုးစာခ်ဳပ္ ေပးထားျပီျဖစ္တယ္။ ဂလယ္ဟာကိုလည္း ၅ ႏွစ္သက္တမ္းတိုးထားသလို ဒီရာသီမွာ အတ္ဒရီယန္ကို ဆက္လက္ ထိန္းသိမ္းဖို႔လည္း သေဘာတူညီမႈရထားျပီးပါျပီ။

အတ္ဝပ္တို႔ရဲ႕ ေနာက္ထပ္ ၾကိဳးစားမႈက ကမၻာစံခ်ိန္တင္ေၾကးရွင္ ျဖစ္ခဲ့ဖူးတဲ့ ဂိုးသမား အယ္လီဆန္နဲ႔ ဖာဘင္ညိဳတို႔ျဖစ္တယ္။ ဒီေႏြမွာပဲ သူတို႔ႏွစ္ဦးရဲ႕ အနာဂတ္ကို ေသခ်ာေအာင္ လုပ္ျပီးရင္ေတာ့ ကလပ္ရဲ႕ ပစ္မွတ္က ဆာလာထံ ဦးတည္လာပါေတာ့မယ္။

မႏွစ္ကရာသီ သြင္းဂိုး ၃၁ ဂိုး သြင္းယူေပးခဲ့တဲ့ ဆာလာကို ကလပ္သမိုင္းမွာ အျမင့္ဆံုး လုပ္ခရွင္ျဖစ္ေစမယ့္ ကမ္းလွမ္းမႈျဖင့္ လီဗာပူးဘက္က ခ်ဥ္းကပ္မွာျဖစ္တယ္။ ဆာလာဟာ လက္ရွိမွာ တစ္ပတ္လုပ္ခ ေပါင္ ၂ သိန္း ဝန္းက်င္းရေနသူျဖစ္ျပီး တူညီတဲ့ လုပ္ခမ်ိဳးကို ၂၀၁၃ တုန္းက လီဗာပူးနဲ႔ ကာလရွည္ သက္တမ္းတိုးခဲ့စဥ္ လူးဝစ္ဆြာရက္စ္လည္း ရထားခဲ့ဖူးပါတယ္။

လီဗာပူးက ဆာလာအျပင္ ဗန္ဒိုက္ကိုလည္း သက္တမ္းတိုးကိစၥအတြက္ ညိႏိႈင္းဖို႔ ရွိေနပါတယ္။ ေဘာလံုးဆိုင္ရာ ဘ႑ာေရးထုတ္ျပန္ခ်က္ေတြမွာ ဂုဏ္သိကၡာရွိ အဖြဲ႔အစည္းျဖစ္တဲ့ Swiss Ramble ရဲ႕ ေဖာ္ျပမႈအရ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္မွာ ဒုတိယလုပ္ခေပးေခ်မႈ အျမင့္ဆံုးအျဖစ္ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ ေပါင္ ၃၂၆ သန္းထိ ေပးေခ်ထားရတယ္။

၂၀၂၀-၂၀၂၁ ခုႏွစ္ ေဘာလံုးရာသီမွာေတာ့ လီဗာပူးအသင္းက ဆုဖလား ေအာင္ျမင္ျခင္း မရွိတာေၾကာင့္ ဆုေၾကးေပးရမႈေတြ က်ဆင္းခဲ့ေပမယ့္လည္း ကြင္းလယ္လူ သီယာဂိုနဲ႔ တိုက္စစ္သမား ဂ်ိဳတာတို႔ကို လက္မွတ္ထိုးမႈေၾကာင့္ အမ်ားၾကီး ကြာဟခ်က္ မရွိႏုိင္ဘူးလို႔လည္း သိထားရပါတယ္။

လီဗာပူးအသင္းဘက္ကေတာ့ လုပ္ခပိုင္းျမင့္တက္မႈကို အျခားတစ္နည္းနဲ႔ ထိန္းခ်ဳပ္ဖို႔ရာ ေျဖရွင္းမွာျဖစ္ေပမယ့္ ဆာလာကို ျမင့္မားတဲ့ လုပ္ချဖင့္ သက္တမ္းတိုးဖို႔ကိုေတာ့ ေသခ်ာေပါက္ ၾကိဳးစားသြားလိမ့္မယ္လို႔ အဆိုပါသတင္းမွာ ေဖာ္ျပပါရွိခဲ့ပါတယ္။