လီဗာပူးကြယ်ပွင့်လေး အိုကလေ ကန်နာနီယာဆိုတဲ့ နာမည်ကို အသင်းပရိသတ်တွေ ကိုယ်တိုင်တောင်မှ သိပ်မသိကြပါဘူး။ ဒါပေမယ့်လို့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ထရန့်ရဲ့ ထောင့်ကန်ဘောအတွက် ဘောလုံးပစ်ပေးခဲ့တဲ့ကောင်လေးဆိုရင်တော့ ပရိသတ်တိုင်းက သိကြပါတယ်။

သူဟာ အိုကလေ ကန်နာနီယာပဲဖြစ်ပါတယ်။ လီဗာပူးသမိုင်းမှာ ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား အောင်မြင်မှုအတွက် ကန်နာနီယာဟာ တရားဝင် ပုဂ္ဂိုလ်တစ်ဦး မဟုတ်ခဲ့ပေမယ့် သူ့ရဲ့ ပါးနပ်မှုဟာ အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပို့ဆောင်ပေးခဲ့တယ်ဆိုတာကို ပရိသတ်တွေ ကိုယ်တိုင်ရော ထရန့်ကိုယ်တိုင်ကပါ ယုံကြည်ထားပါတယ်။

ယော့ရှိုင်းယားမှာ မွေးဖွားခဲ့တဲ့ ကန်နာနီယာဟာ လီဗာပူးအမာခံ မိသားစုက မွေးဖွားလာသူဖြစ်တယ်။ သူ့ရဲ့မိခင်ဟာဆိုရင် သား သုံးဦးလုံးကို လီဗာပူးအကယ်ဒမီနဲ့ အနီးမှာ ထားလိုတာကြောင့် ယော့ရှိုင်းယားကနေ ခါဘီ အနီးလေးကို ပြောင်းလာခဲ့သူဖြစ်တယ်။ မိခင်ဖြစ်သူကော သားသုံးဦးလုံးပါ လီဗာပူးအမာခံ ပရိသတ်တွေဖြစ်ပါတယ်။ နောက်ပြီး အားလုံးကလည်း လီဗာပူးအကယ်ဒမီမှာ ပညာသင်ကြားနေကြသူတွေဖြစ်တယ်။

လီဗာပူးအသင်းက ကန်နာနီယာကို ပရော်ဖက်ရှင်နယ်စာချုပ် မပေးနိုင်ခင်မှာဆိုရင် သူ့ဇာတိမြေဖြစ်တဲ့ ယော့ရှိုင်းယားအခြေစိုက်ကလပ် လိဒ်ယူနိုက်တက်က သူ့ကို ဒီနွေမှာပဲ လီဗာပူးကနေ ခေါ်ထုတ်ဖို့ ကြိုးစားခဲ့သေးတာဖြစ်တယ်။ ဒါပေမယ့်လို့ အသက် ၁၇ နှစ်အရွယ် တိုက်စစ်သမားလေးဟာ လီဗာပူးအသင်းကိုပဲ သစ္စာခံသူဖြစ်လို့ သူ့ကို ဆွဲထုတ်ဖို့ လိဒ်ယူနိုက်တက်က မအောင်မြင်ခဲ့ပါဘူး။

ယူ-၁၆ အဆင့်မှာ အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ခဲ့တဲ့သူဟာ မနှစ်ကရာသီမှာ လီဗာပူး ယူ-၁၈ အသင်းအတွက် ကိုယ်စားပြုခဲ့တယ်။ ကံမကောင်းစွာပဲ ဒဏ်ရာကြောင့် ကာလတခု အနားယူခဲ့ရတာကြောင့် လူငယ် အက်ဖ်အေဖလား ဗိုလ်လုပွဲကို ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့်လို့ ရာသီသစ်အတွက်တော့ ကြံ့ခိုင်မှု ပြည့်ဝနေပြီဖြစ်တယ်။

နောက်နှစ် မေလမှာ အသက် ၁၈ နှစ်ပြည့်မယ့် ကန်နာနီယာကို လီဗာပူးက ပရိုစာချုပ် ပေးထားတာဟာ အပျော်သဘော မဟုတ်ပါဘူး။ ဒါက အကယ်ဒမီမှာ သူ့ရဲ့ ထူးချွန်မှုအတွက်ရတဲ့ ဆုလာဘ်ဖြစ်ပါတယ်။ ဆယ်ကျော်သက်လေးဟာ လီဗာပူးသမိုင်းမှာ နာမည်စာရင်းမဝင်တဲ့ ဟီးရိုးတစ်ယောက် ဖြစ်ခဲ့သလို အကယ်ဒမီမှာလည်း ထူးချွန်သူဖြစ်တယ်။

ကန်နာနီရာဟာ နံပါတ် ၉ နေရာက ကစားသူဖြစ်ပြီး တိုက်စစ်လိုင်း နေရာစုံ ကစားနိုင်ပါတယ်။ အဓိကအားဖြင့် ဘယ်တောင်ပံကို ကစားပြီး နံပါတ် ၁၀ နေရာကို ပြန်ဝင်ရတဲ့ ပုံစံဖြင့် ကစားနိုင်သူဖြစ်တယ်။ The Athletic ရဲ့ ဖော်ပြမှုအရဆိုရင် သူ့ရဲ့ ကစားဟန်ကို အကောင်းဆုံး နှိုင်းယှဉ်ဖို့ဆိုရင် ကော်တင်ညို လီဗာပူးအသင်းအတွက် ကစားခဲ့ပုံနဲ့ ဆင်တူပါတယ်။ ဘောလုံးနဲ့အတူ ပြေးထွက်နိုင်စွမ်းကောင်းပြီး ခပ်ကျဉ်းကျဉ်းနေရာတွေကနေ အတိုပြေးထွက်မှုတွေမှာ သိပ်ကို ကောင်းမွန်တယ်လို့ အကယ်ဒမီမှာ သတင်းကြီးပါတယ်။

အနာဂတ်မှာတော့ လီဗာပူးပရိသတ်တွေက အိုကလေ ကန်နာနီယာကို မြင်ရမှာဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ် လူငယ်လေးက သူဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ထရန့် ထောင့်ကန်ဘောကန်ခွင့်ရအောင် လုပ်ပေးတဲ့ ဘောကောက်လေးဆိုတာထက် လီဗာပူးရဲ့ တောက်ပမယ့် ကြယ်ပွင့် ကန်နာနီယာအဖြစ် ပရိသတ်တွေ သူ့ကို မှတ်မိနေတာကိုပဲ ပိုအလိုရှိနေမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးၾကယ္ပြင့္ေလး အိုကေလ ကန္နာနီယာဆိုတဲ့ နာမည္ကို အသင္းပရိသတ္ေတြ ကိုယ္တိုင္ေတာင္မွ သိပ္မသိၾကပါဘူး။ ဒါေပမယ့္လို႔ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ ထရန္႔ရဲ႕ ေထာင့္ကန္ေဘာအတြက္ ေဘာလံုးပစ္ေပးခဲ့တဲ့ေကာင္ေလးဆိုရင္ေတာ့ ပရိသတ္တိုင္းက သိၾကပါတယ္။

သူဟာ အိုကေလ ကန္နာနီယာပဲျဖစ္ပါတယ္။ လီဗာပူးသမိုင္းမွာ ၆ ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္မႈအတြက္ ကန္နာနီယာဟာ တရားဝင္ ပုဂၢိဳလ္တစ္ဦး မဟုတ္ခဲ့ေပမယ့္ သူ႔ရဲ႕ ပါးနပ္မႈဟာ အသင္းကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ပို႔ေဆာင္ေပးခဲ့တယ္ဆိုတာကို ပရိသတ္ေတြ ကိုယ္တိုင္ေရာ ထရန္႔ကိုယ္တိုင္ကပါ ယံုၾကည္ထားပါတယ္။

ေယာ့ရိႈင္းယားမွာ ေမြးဖြားခဲ့တဲ့ ကန္နာနီယာဟာ လီဗာပူးအမာခံ မိသားစုက ေမြးဖြားလာသူျဖစ္တယ္။ သူ႔ရဲ႕မိခင္ဟာဆိုရင္ သား သံုးဦးလံုးကို လီဗာပူးအကယ္ဒမီနဲ႔ အနီးမွာ ထားလိုတာေၾကာင့္ ေယာ့ရိႈင္းယားကေန ခါဘီ အနီးေလးကို ေျပာင္းလာခဲ့သူျဖစ္တယ္။ မိခင္ျဖစ္သူေကာ သားသံုးဦးလံုးပါ လီဗာပူးအမာခံ ပရိသတ္ေတြျဖစ္ပါတယ္။ ေနာက္ျပီး အားလံုးကလည္း လီဗာပူးအကယ္ဒမီမွာ ပညာသင္ၾကားေနၾကသူေတြျဖစ္တယ္။

လီဗာပူးအသင္းက ကန္နာနီယာကို ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ မေပးႏုိင္ခင္မွာဆိုရင္ သူ႔ဇာတိေျမျဖစ္တဲ့ ေယာ့ရိႈင္းယားအေျခစိုက္ကလပ္ လိဒ္ယူႏုိက္တက္က သူ႔ကို ဒီေႏြမွာပဲ လီဗာပူးကေန ေခၚထုတ္ဖို႔ ၾကိဳးစားခဲ့ေသးတာျဖစ္တယ္။ ဒါေပမယ့္လို႔ အသက္ ၁၇ ႏွစ္အရြယ္ တိုက္စစ္သမားေလးဟာ လီဗာပူးအသင္းကိုပဲ သစၥာခံသူျဖစ္လို႔ သူ႔ကို ဆြဲထုတ္ဖို႔ လိဒ္ယူႏုိက္တက္က မေအာင္ျမင္ခဲ့ပါဘူး။

ယူ-၁၆ အဆင့္မွာ အဂၤလန္အသင္းရဲ႕ အသင္းေခါင္းေဆာင္ျဖစ္ခဲ့တဲ့သူဟာ မႏွစ္ကရာသီမွာ လီဗာပူး ယူ-၁၈ အသင္းအတြက္ ကိုယ္စားျပဳခဲ့တယ္။ ကံမေကာင္းစြာပဲ ဒဏ္ရာေၾကာင့္ ကာလတခု အနားယူခဲ့ရတာေၾကာင့္ လူငယ္ အက္ဖ္ေအဖလား ဗိုလ္လုပြဲကို ပါဝင္ကစားႏုိင္ခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္လို႔ ရာသီသစ္အတြက္ေတာ့ ၾကံ႕ခိုင္မႈ ျပည့္ဝေနျပီျဖစ္တယ္။

ေနာက္ႏွစ္ ေမလမွာ အသက္ ၁၈ ႏွစ္ျပည့္မယ့္ ကန္နာနီယာကို လီဗာပူးက ပရိုစာခ်ဳပ္ ေပးထားတာဟာ အေပ်ာ္သေဘာ မဟုတ္ပါဘူး။ ဒါက အကယ္ဒမီမွာ သူ႔ရဲ႕ ထူးခၽြန္မႈအတြက္ရတဲ့ ဆုလာဘ္ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ေလးဟာ လီဗာပူးသမိုင္းမွာ နာမည္စာရင္းမဝင္တဲ့ ဟီးရိုးတစ္ေယာက္ ျဖစ္ခဲ့သလို အကယ္ဒမီမွာလည္း ထူးခၽြန္သူျဖစ္တယ္။

ကန္နာနီရာဟာ နံပါတ္ ၉ ေနရာက ကစားသူျဖစ္ျပီး တိုက္စစ္လိုင္း ေနရာစံု ကစားႏုိင္ပါတယ္။ အဓိကအားျဖင့္ ဘယ္ေတာင္ပံကို ကစားျပီး နံပါတ္ ၁၀ ေနရာကို ျပန္ဝင္ရတဲ့ ပံုစံျဖင့္ ကစားႏုိင္သူျဖစ္တယ္။ The Athletic ရဲ႕ ေဖာ္ျပမႈအရဆိုရင္ သူ႔ရဲ႕ ကစားဟန္ကို အေကာင္းဆံုး ႏိႈင္းယွဥ္ဖို႔ဆိုရင္ ေကာ္တင္ညိဳ လီဗာပူးအသင္းအတြက္ ကစားခဲ့ပံုနဲ႔ ဆင္တူပါတယ္။ ေဘာလံုးနဲ႔အတူ ေျပးထြက္ႏုိင္စြမ္းေကာင္းျပီး ခပ္က်ဥ္းက်ဥ္းေနရာေတြကေန အတိုေျပးထြက္မႈေတြမွာ သိပ္ကို ေကာင္းမြန္တယ္လို႔ အကယ္ဒမီမွာ သတင္းၾကီးပါတယ္။

အနာဂတ္မွာေတာ့ လီဗာပူးပရိသတ္ေတြက အိုကေလ ကန္နာနီယာကို ျမင္ရမွာျဖစ္ပါတယ္။ အသက္ ၁၇ ႏွစ္အရြယ္ လူငယ္ေလးက သူဟာ ခ်န္ပီယံလိဂ္ဆီမီးဖုိင္နယ္မွာ ထရန္႔ ေထာင့္ကန္ေဘာကန္ခြင့္ရေအာင္ လုပ္ေပးတဲ့ ေဘာေကာက္ေလးဆိုတာထက္ လီဗာပူးရဲ႕ ေတာက္ပမယ့္ ၾကယ္ပြင့္ ကန္နာနီယာအျဖစ္ ပရိသတ္ေတြ သူ႔ကို မွတ္မိေနတာကိုပဲ ပိုအလိုရွိေနမွာ ျဖစ္ပါတယ္။