လီဗာပူးအသင်းဟာ အဓိက ခံစစ်မှူး ဗန်ဒိုက်ကို ရာသီသစ်မှာ စိတ်ချလက်ချ ပွဲကစားခွင့်တွေ ပေးနိုင်ဖို့ စီမံပေးနေပြီး ဒီအပတ် ကြာသပတေးနေ့မှာ ကစားမယ့် ဘိုလော့ညာနဲ့ ချစ်ကြည်ရေးပွဲစဉ် ၂ ပွဲထဲက တစ်ပွဲမှာ ထည့်သုံးသွားတော့မှာဖြစ်ပါတယ်။
မိနစ် ၆၀ ကြာမယ့် ပွဲစဉ်ကို ၂ ပွဲ ယှဉ်ပြိုင်မှာဖြစ်ကာ မြန်မာစံတော်ချိန် ၈း၃၀ မှာ တစ်ပွဲနဲ့ ၁၀း၃၀ မှာ တစ်ပွဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
မကြာခင်မှာ ပရီးမီးယားလိဂ်ပွဲစဉ် စတော့မှာမို့ ဒီကြားထဲ ခြေစမ်းပွဲတွေမှာ ပွဲကစားခွင့်ရတာက ရာသီဖွင့်ပွဲ ကစားနိုင်ရေးမှာ ကြံ့ခိုင်မှုပိုင်းအတွက် အကျိုးဖြစ်စေမလားလို့ အသင်းဝဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာ မေးမြန်းခံခဲ့ရတယ်။
ဗန်ဒိုက်ကတော့ ” သေချာတာပေါ့။ နည်းပြအဖွဲ့တွေထဲမှာ မန်နေဂျာ၊ ပပ်လင်ဒါးနဲ့ Andreas Schlumberger (ပြန်လည်အားဖြည့်ရေးဆိုင်ရာ နည်းပြ) တို့က ကျနော်နဲ့ နီးနီးကပ်ကပ် ထိတွေ့မှုရှိပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကျနေ်ာတို့ အလုပ်လုပ်နေတယ်။
ကိုယ်ဘာသာ ရိုးရိုးသားသား ဝန်ခံမှုတွေနဲ့အတူ မှန်ကန်တဲ့ တုန့်ပြန်မှုတွေ လုပ်ပေးရတယ်။ ဒါက အခု ကျနေ်ာတို့ ရောက်နေတဲ့ နေရာပါ။ ကြာသပတေးနေ့မှာတော့ ကျနေ်ာနဲ့ ဂိုးမက်စ်တို့ အနည်းဆုံး မိနစ် ၃၀ ကစားရမယ်လို့ ကြားထားပါတယ်။ ဒါပေမယ့် ပိုကြာကြာ ကစားရကောင်းလည်း ကစားရနိုင်ပါတယ်။
ကျနေ်ာတို့မှာ နောက်ထပ် ခြေစမ်းပွဲတွေရှိသေးပြီး အန်ဖီးကပွဲတွေကို ကျနော် ကစားလိုနေပါတယ်။ သီတင်းပန်အကုန်ပွဲ မဟုတ်ရင်လည်း တနင်္လာနေ့ပွဲ နှစ်ပွတည်းက တစ်ပွဲကို ကျနော် ကစားရမှာပါ။ အဲ့တာပြီးရင်တော့ ပရီးမီးယားလိဂ်ပွဲ စတင်လာတော့မှာ ဖြစ်ပါတယ်။
ဆုံးဖြတ်ချက် အားလုံးက မန်နေဂျာရဲ့ သဘောပါပဲ။ တိုးတက်မှုရဲ့ အခြေအနေကို ကျနေ်ာတို့ ကြည့်ရပါမယ် ” လို့ ဆိုခဲ့ပါတယ်။
ဟာသာဘာလင်ပွဲမှာ ဗန်ဒိုက်ရဲ့ လျှင်မြန်မှုနဲ့ ကြံ့ခိုင်မှုက ရာနှုန်းပြည့်မှာ ရှိမနေပါဘူး။ ဒါပေမယ့်လို့ ကိုယ်ဘာသာ ရုပ်ပိုင်းဆိုင်ရည ပြန်လည် ပြည့်ဝလာနေပြီလို့ ယုံကြည်ကြောင်း ဗန်ဒိုက်က ပြောပါတယ်။
ဗန်ဒိုက်ကပဲ ” ဟာသာဘာလင်ပွဲမှာ အပြီး မောပန်းခဲ့ပေမယ့် ၂ ရက်လောက်ကြာတော့ နောက်ပွဲ ကစားချင်လာပါတယ်။ ပွဲကစားတဲ့ ခံစားချက်၊ ကိုယ်ရဲ့ ပုံစံတွေ ပြန်ရလာလိုတယ်။ ၉ လလောက် အဆင့်မြင့်တန်းပွဲတွေ မကစားရတာက ခက်ခဲပါတယ်။ ဒီတော့ ပွဲတွေကို ထပ်တလဲလဲ ပြန်ကစားချင်လာတာပေါ့။
ကိုယ်ပိုင် လေ့ကျင့်မှုက အုပ်စုလိုက် လေ့ကျင့်တာကို မမှီပါဘူး။ အုပ်စုလိုက် လေ့ကျင့်မှုကလည်း ပွဲနေ့ ကစားရတဲ့ တိုးတက်မှုကို မမှီပါဘူး။ ဒီတော့ ပွဲကစားခွင့်တွေ လိုပါတယ်။ ကျနော် ဒါကို ပြောပြနေတာပါ။ ခက်ခဲတဲ့ အခိုက်အတန့်တွေ ရှိလာပါလိမ့်မယ်။ ဒါပေမယ့် ဒါတွေကို ရင်ဆိုင်ပြီး ကျနော် ပွဲကစားလိုပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ အဓိက ခံစစ္မွဴး ဗန္ဒိုက္ကို ရာသီသစ္မွာ စိတ္ခ်လက္ခ် ပြဲကစားခြင့္ေတြ ေပးႏုိင္ဖို႔ စီမံေပးေနျပီး ဒီအပတ္ ၾကာသပေတးေန႔မွာ ကစားမယ့္ ဘိုေလာ့ညာနဲ႔ ခ်စ္ၾကည္ေရးပြဲစဥ္ ၂ ပြဲထဲက တစ္ပြဲမွာ ထည့္သံုးသြားေတာ့မွာျဖစ္ပါတယ္။
မိနစ္ ၆၀ ၾကာမယ့္ ပြဲစဥ္ကို ၂ ပြဲ ယွဥ္ျပိဳင္မွာျဖစ္ကာ ျမန္မာစံေတာ္ခ်ိန္ ၈း၃၀ မွာ တစ္ပြဲနဲ႔ ၁၀း၃၀ မွာ တစ္ပြဲ ယွဥ္ျပိဳင္ကစားမွာျဖစ္ပါတယ္။
မၾကာခင္မွာ ပရီးမီးယားလိဂ္ပြဲစဥ္ စေတာ့မွာမို႔ ဒီၾကားထဲ ေျခစမ္းပြဲေတြမွာ ပြဲကစားခြင့္ရတာက ရာသီဖြင့္ပြဲ ကစားႏုိင္ေရးမွာ ၾကံ႕ခိုင္မႈပိုင္းအတြက္ အက်ိဳးျဖစ္ေစမလားလို႔ အသင္းဝဘ္ဆိုဒ္နဲ႔ အင္တာဗ်ဴးမွာ ေမးျမန္းခံခဲ့ရတယ္။
ဗန္ဒိုက္ကေတာ့ ” ေသခ်ာတာေပါ့။ နည္းျပအဖြဲ႔ေတြထဲမွာ မန္ေနဂ်ာ၊ ပပ္လင္ဒါးနဲ႔ Andreas Schlumberger (ျပန္လည္အားျဖည့္ေရးဆိုင္ရာ နည္းျပ) တို႔က က်ေနာ္နဲ႔ နီးနီးကပ္ကပ္ ထိေတြ႔မႈရွိပါတယ္။ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ေတြနဲ႔ က်ေန္ာတို႔ အလုပ္လုပ္ေနတယ္။
ကိုယ္ဘာသာ ရိုးရိုးသားသား ဝန္ခံမႈေတြနဲ႔အတူ မွန္ကန္တဲ့ တုန္႔ျပန္မႈေတြ လုပ္ေပးရတယ္။ ဒါက အခု က်ေန္ာတို႔ ေရာက္ေနတဲ့ ေနရာပါ။ ၾကာသပေတးေန႔မွာေတာ့ က်ေန္ာနဲ႔ ဂိုးမက္စ္တို႔ အနည္းဆံုး မိနစ္ ၃၀ ကစားရမယ္လို႔ ၾကားထားပါတယ္။ ဒါေပမယ့္ ပိုၾကာၾကာ ကစားရေကာင္းလည္း ကစားရႏုိင္ပါတယ္။
က်ေန္ာတို႔မွာ ေနာက္ထပ္ ေျခစမ္းပြဲေတြရွိေသးျပီး အန္ဖီးကပြဲေတြကို က်ေနာ္ ကစားလိုေနပါတယ္။ သီတင္းပန္အကုန္ပြဲ မဟုတ္ရင္လည္း တနလၤာေန႔ပြဲ ႏွစ္ပြတည္းက တစ္ပြဲကို က်ေနာ္ ကစားရမွာပါ။ အဲ့တာျပီးရင္ေတာ့ ပရီးမီးယားလိဂ္ပြဲ စတင္လာေတာ့မွာ ျဖစ္ပါတယ္။
ဆံုးျဖတ္ခ်က္ အားလံုးက မန္ေနဂ်ာရဲ႕ သေဘာပါပဲ။ တိုးတက္မႈရဲ႕ အေျခအေနကို က်ေန္ာတို႔ ၾကည့္ရပါမယ္ ” လို႔ ဆိုခဲ့ပါတယ္။
ဟာသာဘာလင္ပြဲမွာ ဗန္ဒိုက္ရဲ႕ လွ်င္ျမန္မႈနဲ႔ ၾကံ႕ခိုင္မႈက ရာႏႈန္းျပည့္မွာ ရွိမေနပါဘူး။ ဒါေပမယ့္လို႔ ကိုယ္ဘာသာ ရုပ္ပိုင္းဆိုင္ရည ျပန္လည္ ျပည့္ဝလာေနျပီလို႔ ယံုၾကည္ေၾကာင္း ဗန္ဒိုက္က ေျပာပါတယ္။
ဗန္ဒိုက္ကပဲ ” ဟာသာဘာလင္ပြဲမွာ အျပီး ေမာပန္းခဲ့ေပမယ့္ ၂ ရက္ေလာက္ၾကာေတာ့ ေနာက္ပြဲ ကစားခ်င္လာပါတယ္။ ပြဲကစားတဲ့ ခံစားခ်က္၊ ကိုယ္ရဲ႕ ပံုစံေတြ ျပန္ရလာလိုတယ္။ ၉ လေလာက္ အဆင့္ျမင့္တန္းပြဲေတြ မကစားရတာက ခက္ခဲပါတယ္။ ဒီေတာ့ ပြဲေတြကို ထပ္တလဲလဲ ျပန္ကစားခ်င္လာတာေပါ့။
ကိုယ္ပိုင္ ေလ့က်င့္မႈက အုပ္စုလိုက္ ေလ့က်င့္တာကို မမွီပါဘူး။ အုပ္စုလိုက္ ေလ့က်င့္မႈကလည္း ပြဲေန႔ ကစားရတဲ့ တိုးတက္မႈကို မမွီပါဘူး။ ဒီေတာ့ ပြဲကစားခြင့္ေတြ လိုပါတယ္။ က်ေနာ္ ဒါကို ေျပာျပေနတာပါ။ ခက္ခဲတဲ့ အခိုက္အတန္႔ေတြ ရွိလာပါလိမ့္မယ္။ ဒါေပမယ့္ ဒါေတြကို ရင္ဆိုင္ျပီး က်ေနာ္ ပြဲကစားလိုပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။