အာဆင်နယ်အသင်းက ဘုန်းမောက်တောင်ပံကစားသမား ရိုင်ယန်ဖရေဇာကို ယူရိုပါလိဂ် ပွဲအပြီးမှာ ကမ်းလှမ်းသွားမှာ ဖြစ်ပြီး ဘုန်းမောက် ဘက်က ၄င်းတို့ ကစားသမားအတွက် ပေါင် သန်း ၃၀ အလိုရှိနေပါတယ်။

အာဆင်နယ်အသင်းနည်းပြဟောင်း အာဆင်ဝင်းဂါးကြီးက ဘောလုံးလောကထဲသို့ နည်းပြ အနေနဲ့ထက် အခြားသော ရာထူးနဲ့ ပြန်လည် ၀င်ရောက်လာဖို့ စိတ်အားထက်သန်နေပါတယ်။

အာဆင်နယ် အသင်းရဲ့ အသင်း ခေါင်းဆောင် နောက်ခံလူ ကိုစီရယ်လ်နီဟာ အသင်းက ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။ အသက် (၃၃) နှစ် အရွယ် နောက်ခံလူဟာ ခြေဖနောင့်ကြော ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ် အများစုကို လွဲချော်ခဲ့ရပြီး အဆိုပါ ကစားသမားကို ခေါ်ယူဖို့ လေဗာကူဆင်၊ ရန်းနက်စ် နဲ့ အေစီမီလန် အသင်းတို့က စိတ်ဝင်စားလျက်ရှိနေပါတယ်။

အဲဗာတန်အသင်းဟာ အာဆင်နယ်နဲ့ အင်္ဂလန်တိုက်စစ်မှူး ဒန်နီဝဲလ်ဘတ်ကို လက်ရှိနွေရာသီမှာ ခေါ်ယူသွားဖို့ ရေပန်းအစားဆုံး အသင်းဖြစ်နေတယ်လို့ လန်ဒန်အခြေစိုက် သတင်းတွေက ဖော်ပြသွားခဲ့ပါတယ်။

အာဆင်နယ်နဲ့ စာချုပ်သက်တမ်းကုန်သွားပြီဖြစ်တဲ့ အသက်(၂၈)နှစ်အရွယ် ဝဲလ်ဘတ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ခြေချင်းဝတ်ဒဏ်ရာကို ခွဲစိတ်ပြီးနောက် လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနိုင်နေပြီဖြစ်တာကြောင့် အဲဗာတန်အနေနဲ့ ခေါ်ယူသွားဖို့ရှိနေတာဖြစ်ပါတယ်။

ဝဲလ်ဘတ်ကို အဲဗာတန်အပြင် ဝက်စ်ဟမ်း၊ ခရစ္စတယ်ပဲလေ့စ်တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။