ဒီနွေအပြောင်းအရွှေ့မှာ လီဗာပူးထံ ဘယ်လို ကစားသမားမျိုး ထပ်ရောက်လာမလဲဆိုတာကို ပရိသတ်တွေက စောင့်ဆိုင်းနေကြဆဲပါ။

ပြီးခဲ့တဲ့ရာသီ သီယာဂိုနဲ့ ဂျိုတာတို့ကို ခေါ်ယူခဲ့သလို ဈေးကွက်နောက်ပိုင်းမှ ခေါ်ယူမှုမျိုး ဒီနွေမှာ ထပ်မြင်ရမယ်လို့ သိထားရတယ်။ လီဗာပူးက ဘယ်လိုကစားသမားမျိုးကို ခေါ်ယူမလဲဆိုတာအတွက် ရှင်းလင်းတဲ့ အစီအစဉ် ရှိထားတာကြောင့် အခုချိန်ထိ ကစားသမား ရောင်းထုတ်ရေးကိုပဲ အာရုံစိုက်နေပါတယ်။

လီဗာပူးအသင်းက ကလပ်နဲ့ စာချုပ် နှစ်နှစ်ကျန်သေးတဲ့ ရှာကွီရီကို ဒီနွေဈေးကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွင့်ပေးမယ်ဆိုတဲ့ သတင်းတွေက မမှန်ပါဘူး။ ဆီးဗီးလာ၊ ဗီလာရီးရဲလ်၊ နာပိုလီတို့က အလိုရှိနေတဲ့ ဆွစ်ဇလန်လက်ရွေးစင်အတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံး ပေါင် ၁၂.၇၅ သန်း ရလိုကြောင်း လီဗာပူးဘက်က ဈေးသတ်မှတ်ထားပါတယ်။

ရှာကွီရီ၊ အိုရီဂီတို့အပြင် နက်ဖီးလစ်၊ ဘမ်ဒေးဗစ်တို့က ဒီနွေမှာ လီဗာပူးကနေ ထွက်ခွာသွားနိုင်တဲ့ ကစားသမားတွေ ဖြစ်နေကျဆဲဖြစ်ပါတယ်။ ကစားသမား အချို့နဲ့ သတင်းထွက်မှုတွေ ရှိထားပေမယ့် တီကိုမှ ဆောကို ခေါ်ယူဖို့ကတော့ မဖြစ်နိုင်ဘူးလို့ လီဗာပူးသတင်းထောက် David Maddock ထံက သိရပါတယ်။

David Maddock က ” လီဗာပူးအသင်းက ဆောကို ခေါ်ယူဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်သလောက်ပါပဲ။ ” လို့ ပြတ်ပြတ်သားသား ငြင်းဆန်ပါတယ်။ ဒါဟာ အန်ဖီးထံ ဆောပြောင်းဖို့ကိစ္စက ဖြစ်မလာနိုင်ကြောင်း ငြင်းဆန်တဲ့ တတိယမြောက် လီဗာပူးသတင်းထောက်ဖြစ်ပါတယ်။

သူကတော့ ” ဆောက ဒီနှစ်မကုန်ခင်ပဲ အသက် ၂၇ ပြည့်ပါတော့မယ်။ လီဗာပူးအသင်းအတွက် ဒီအသက်အရွယ် ကစားသမားကို ခေါ်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လီဗာပူးအသင်းက ကွင်းလယ်နဲ့ တိုက်စစ် နေရာတွေအတွက် အသက် ၂၁ ကနေ ၂၄ နှစ်ကြား ကစားသမားကို ရှာဖွေနေတာ ဖြစ်ပါတယ်။ ” လို့ ရှင်းပြခဲ့တယ်။

ဒီနွေမှာ လီဗာပူးအသင်းရဲ့ ပစ်မှတ်တွေက သိပ်ပြီး များများစားစားတော့ မရှိလှပါဘူး။ အဲ့အထဲမှာ ဝက်ဟမ်း တိုက်စစ်သမား ဘိုဝမ် ပါဝင်တယ်လို့ The Athletic က လီဗာပူးသတင်းထောက် ဂျိမ်းပီယော့ဇ်က ထုတ်ပြောထားတယ်။ David Maddock ကလည်း ဘိုဝမ်ကိစ္စကို ထောက်ခံပါတယ်။

” ဘိုဝမ်ကို ခေါ်ယူဖို့ အခွင့်အရေး ရှိထားပါတယ်။ အပေါ်ယံ ကြည့်မယ်ဆိုရင်တော့ သူက ဘယ်ခြမ်းကစားသူပါ ဒါပေမယ့် သူက အတွင်းလူအဖြစ်လည်း ကစားတတ်သူဖြစ်တာကြောင့်လည်း လီဗာပူးက စိတ်ဝင်စားနေရခြင်းပါ။ ဘယ်ခြေကော ညာခြေပါ ကစားနိုင်တယ်၊ လှုပ်အားနှုန်း သိပ်ကောင်းပါတယ်။ ဒါကြောင့်လည်း ကလော့ပ်က စိတ်ဝင်စားနေတာပါ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဒီေႏြအေျပာင္းအေရႊ႔မွာ လီဗာပူးထံ ဘယ္လို ကစားသမားမ်ိဳး ထပ္ေရာက္လာမလဲဆိုတာကို ပရိသတ္ေတြက ေစာင့္ဆိုင္းေနၾကဆဲပါ။

ျပီးခဲ့တဲ့ရာသီ သီယာဂိုနဲ႔ ဂ်ိဳတာတို႔ကို ေခၚယူခဲ့သလို ေစ်းကြက္ေနာက္ပိုင္းမွ ေခၚယူမႈမ်ိဳး ဒီေႏြမွာ ထပ္ျမင္ရမယ္လို႔ သိထားရတယ္။ လီဗာပူးက ဘယ္လိုကစားသမားမ်ိဳးကို ေခၚယူမလဲဆိုတာအတြက္ ရွင္းလင္းတဲ့ အစီအစဥ္ ရွိထားတာေၾကာင့္ အခုခ်ိန္ထိ ကစားသမား ေရာင္းထုတ္ေရးကိုပဲ အာရံုစိုက္ေနပါတယ္။

လီဗာပူးအသင္းက ကလပ္နဲ႔ စာခ်ဳပ္ ႏွစ္ႏွစ္က်န္ေသးတဲ့ ရွာကြီရီကို ဒီေႏြေဈးကြက္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ထြက္ခြင့္ေပးမယ္ဆိုတဲ့ သတင္းေတြက မမွန္ပါဘူး။ ဆီးဗီးလာ၊ ဗီလာရီးရဲလ္၊ နာပိုလီတို႔က အလိုရွိေနတဲ့ ဆြစ္ဇလန္လက္ေ႐ြးစင္အတြက္ ေျပာင္းေ႐ႊ႕ေၾကးကို အနည္းဆုံး ေပါင္ ၁၂.၇၅ သန္း ရလိုေၾကာင္း လီဗာပူးဘက္က ေဈးသတ္မွတ္ထားပါတယ္။

ရွာကီြရီ၊ အိုရီဂီတို႔အျပင္ နက္ဖီးလစ္၊ ဘမ္ေဒးဗစ္တို႔က ဒီေႏြမွာ လီဗာပူးကေန ထြက္ခြာသြားႏုိင္တဲ့ ကစားသမားေတြ ျဖစ္ေနက်ဆဲျဖစ္ပါတယ္။ ကစားသမား အခ်ိဳ႔နဲ႔ သတင္းထြက္မႈေတြ ရွိထားေပမယ့္ တီကိုမွ ေဆာကို ေခၚယူဖို႔ကေတာ့ မျဖစ္ႏုိင္ဘူးလို႔ လီဗာပူးသတင္းေထာက္ David Maddock ထံက သိရပါတယ္။

David Maddock က ” လီဗာပူးအသင္းက ေဆာကို ေခၚယူဖို႔ဆိုတာ လံုးဝကို မျဖစ္ႏုိင္သေလာက္ပါပဲ။ ” လို႔ ျပတ္ျပတ္သားသား ျငင္းဆန္ပါတယ္။ ဒါဟာ အန္ဖီးထံ ေဆာေျပာင္းဖို႔ကိစၥက ျဖစ္မလာႏုိင္ေၾကာင္း ျငင္းဆန္တဲ့ တတိယေျမာက္ လီဗာပူးသတင္းေထာက္ျဖစ္ပါတယ္။

သူကေတာ့ ” ေဆာက ဒီႏွစ္မကုန္ခင္ပဲ အသက္ ၂၇ ျပည့္ပါေတာ့မယ္။ လီဗာပူးအသင္းအတြက္ ဒီအသက္အရြယ္ ကစားသမားကို ေခၚယူဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ လီဗာပူးအသင္းက ကြင္းလယ္နဲ႔ တိုက္စစ္ ေနရာေတြအတြက္ အသက္ ၂၁ ကေန ၂၄ ႏွစ္ၾကား ကစားသမားကို ရွာေဖြေနတာ ျဖစ္ပါတယ္။ ” လို႔ ရွင္းျပခဲ့တယ္။

ဒီေႏြမွာ လီဗာပူးအသင္းရဲ႕ ပစ္မွတ္ေတြက သိပ္ျပီး မ်ားမ်ားစားစားေတာ့ မရွိလွပါဘူး။ အဲ့အထဲမွာ ဝက္ဟမ္း တိုက္စစ္သမား ဘိုဝမ္ ပါဝင္တယ္လို႔ The Athletic က လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီေယာ့ဇ္က ထုတ္ေျပာထားတယ္။ David Maddock ကလည္း ဘိုဝမ္ကိစၥကို ေထာက္ခံပါတယ္။

” ဘိုဝမ္ကို ေခၚယူဖို႔ အခြင့္အေရး ရွိထားပါတယ္။ အေပၚယံ ၾကည့္မယ္ဆိုရင္ေတာ့ သူက ဘယ္ျခမ္းကစားသူပါ ဒါေပမယ့္ သူက အတြင္းလူအျဖစ္လည္း ကစားတတ္သူျဖစ္တာေၾကာင့္လည္း လီဗာပူးက စိတ္ဝင္စားေနရျခင္းပါ။ ဘယ္ေျခေကာ ညာေျခပါ ကစားႏုိင္တယ္၊ လႈပ္အားႏႈန္း သိပ္ေကာင္းပါတယ္။ ဒါေၾကာင့္လည္း ကေလာ့ပ္က စိတ္ဝင္စားေနတာပါ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။