ဘာစီလိုနာ ၊ မန်ယူ အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိတဲ့ တိုက်စစ်မှူး ရစ်ချာလီဆန် အတွက် အဲဗာတန် အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) သတ်မှတ် လိုက်ကြောင်း သိရှိရပါတယ်။ ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီမှာ အသင်းအတွက် လိဂ်ပွဲ (၃၅) ပွဲကစား (၁၃) ဂိုး သွင်းယူ ပေးထားနိုင်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

မန်ယူ တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်က ဆန်းချက်ဟာ ကစားသမားကောင်း ဖြစ်ပြီး ညတွင်းချင်း အခြေအနေဆိုးတဲ့ ကစားသမား တစ်ယောက် ဖြစ်မသွားနိုင်ကြောင်း ပြောဆိုလိုက်ကာ လာမယ့်ရာသီမှာ ခြေစွမ်းကောင်းများ ပြန်ရလာနိုင်မယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လိုင်ယွန်တိုက်စစ်သမား ဒမ်ဘီလီကို ယူရို သန်း ၄၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။ ဒမ်ဘီလီရဲ့ လိုင်ယွန်နဲ့ လက်ရှိစာချုပ်က ၂၀၂၁ ထိသာ ရှိပြီး ၄င်းကို အခြား ပရီးမီးယားလိဂ် ကလပ်များကလည်း မျက်စိကျနေပါတယ်။

မန်ယူ အသင်းက ဒီဂီယာကို သက်တမ်းတိုး ဆွေးနွေးမှု ကိစ္စ ယခုချိန်ထိ ပြေလည်မှု မရသေးဘဲ စပိန်သား ဂိုးသမား နဲ့ အသင်း အနာဂတ်ဟာ မရေရာဘဲ ရှိနေဆဲပါ။

မန်ယူ နောက်ခံလူ မားကို့စ် ရိုဟိုဟာ သူ့ကို ဘိုကာဂျူနီယာ အသင်းက ချဉ်းကပ်လာခဲ့ပေမယ့် ယူနိုက်တက် အသင်းမှာ ဆက်နေဖို့ အတွက် ငြင်းဆန် ပယ်ချ ခဲ့ကြောင်း ဝန်ခံ ပြောကြား သွားခဲ့ပါတယ်။ အသက် (၂၉) နှစ် အရွယ် နောက်ခံလူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ဆက်တိုက်ကို ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံမှာ (၈) ပွဲသာ ကစားခွင့် ရရှိခဲ့ပါတယ်။

မန်ယူက ခေါ်ယူဖို့ စီစဉ်နေတယ် သတင်းထွက်နေတဲ့ ဂျူဗင်တပ် တိုက်စစ်သမား ဒိုင်ဘားလားကတော့ လက်ရှိကလပ်အသင်းမှာပဲ ဆက်နေလိုကြောင်း ၄င်း ဆန္ဒ ထုတ်ဖော် ပြောကြားလိုက်ပြီး အပြီးသတ်ဆုံးဖြတ်မှုများကတော့ ဂျူဗင်တပ်ပေါ် မူတည်တယ်လို့ ပြောဆိုလိုက်ပါတ်ယ။

မန်ယူက လက်ရှိအချိန်မှာ အသင်းရဲ့တိုက်စစ်မှူးတွေဖြစ်တဲ့ လူကာကူနဲ့ ဆန်းချက်ကိုအသင်းကနေ ရောင်းထုတ်ဖို့ ပြင်ဆင်နေတာကြောင့် ဆိုးရှားလ်အနေနဲ့ တိုက်စစ်မှာ မားကပ်စ်ရပ်ရှ်ဖို့ဒ်နဲ့အတူ တွဲကစားနိုင်မယ့်တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေတယ်။ ဘာစီလိုနာက ဂရစ္စမန်းကို အပြီးသတ် ခေါ်ယူဖို့ လက်နှေးနေတာကြောင့် မန်ယူက လက်ဦးမှုယူကာ ၀င်ခေါ်ယူနိုင်ချေ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်က ဒီနွေမှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေကြောင်း စပိန် Marca သတင်းမှာ ဖော်ပြထားပါတယ်။ ရီးရဲလ်မှာ ၁၄ နှစ်ကြာ ရှိခဲ့တဲ့ ရာမို့စ်ကို ပြီးခဲ့တဲ့နှစ်တွေက ပီအက်စ်ဂျီနဲ့ မန်ယူတို့ ခေါ်ယူဖို့ စိတ်ဝင်စားဖူးပြီး ၄င်းသာ အသင်းပြောင်းမယ်ဆိုရင် ပြန်လည် ကြိုးစားကြဖွယ် ရှိပါတယ်။

မန်ယူက တိုက်စစ်မှူး လူကာကူကို အသင်းကနေ ရောင်းထုတ်ရင်လည်း ဈေးပေါပေါနဲ့ လက်လွှတ်မှာ မဟုတ်ကြောင်း သိရပါတယ်။ မန်ယူက လူကာကူကို ၂၀၁၇မှာ အဲဗာတန်ကနေ ပေါင် ၇၅ သန်းပေးကာ ခေါ်ယူခဲ့ရပါတယ်။

မန်ယူရဲ့ အမေ့ခံ တိုက်စစ်မှူး ဖြစ်နေတဲ့ ဂျိမ်းစ် ၀ီလ်ဆန်ကို အဒါဘင်း အသင်းက ခေါ်ယူလိုနေပါတယ်။ အသက် ၂၃ နှစ် အရွယ် တိုက်စစ်မှူးဟာ မန်ယူမှာ မကစားရတာ ၃ နှစ်ကြာနေပြီဖြစ်ကာ အငှားထွက်ကာ ကစားနေရပါတယ်။

ရီးရဲလ် ကွင်းလယ်ကစားသမား ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို ပရီးမီးယားလိဂ် ကလပ်များ ဖြစ်တဲ့ မန်ယူနိုက်တက်၊ လီဗာပူး၊ အာဆင်နယ်တို့ အပြိုင် စိတ်ဝင်စားနေပါတယ်။ ၄င်းဟာ ဘိုင်ယန်မှာ ၂နှစ်တာ အငှားကစားခဲ့ပြီး အပြီးသတ် ခေါ်ယူမှု မဖြစ်ခဲ့တာကြောင့် အသင်းပြောင်းရဖို့

ခံစစ်မှူး ၀မ်ဘစ်ဆာကအတွက် ပဲလေ့စ် တောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေးက မြင့်မားလွန်းတာကြောင့် ယူနိုက်တက်ဟာ ၄င်းအစား ပီအက်စ်ဂျီနဲ့ ၂၀၂၀ မှာ စာချုပ်ကုန်ဆုံးမယ့် သောမတ် မူနီယာကို ခေါ်ယူဖို့ ဦးတည်လာပါတယ်။ရှိနေပါတယ်။