လီဗာပူးအသင်းဟာ ဒီရာသီမှာ ခံစစ်မှူး ကိုနတေးကို ခေါ်ယူခဲ့ခြင်းနဲ့ မာတစ်၊ ဗန်ဒိုက်၊ ဂိုးမက်စ်တို့ ပြန်သက်သာလာခြင်းကြောင့် နက်ဖီးလစ်၊ ရိုင်းဝီလီယမ်တို့အပါ ဗဟိုခံစစ်မှူးနေရာ စီနီယာ ၆ ဦးထိ ရှိလာခဲ့ပြီဖြစ်တယ်။

ပရိသတ်အချို့က ခံစစ်အင်အား တောင့်တင်းလာပြီး ကွင်းလယ်နဲ့ တိုက်စစ်ကို အားမဖြည့်ခြင်းကြောင့် မန်နေဂျာကလော့ပ်ဟာ ယာသီသစ်မှာ ခံစစ် သုံးယောက်တန်းထားပြီး ရိုဘို၊ ထရန့်ကို အစွန်-တောင်ပံတွေအဖြစ် ကစားစေမှာလား? လီဗာပူးရဲ့ ၄-၃-၃ ကစားကွက်က အပြောင်းအလဲတွေ ရှိလာမှာလား? လို့ ပရိသတ်တွေက မေးခွန်းထုတ်ကြတယ်။

ဒီမေးခွန်းအတွက် ဂျိမ်းပီယော့ဇ် ဖြေဆိုပေးတာက ” ကလော့ပ်က အံ့သြစရာတွေ လုပ်ရတာကို ကြိုက်ပေမယ့် ဒီရာသီ ခံစစ် သုံးယောက်တန်းကို ပြောင်းလဲလိုက်မယ်ဆိုရင် အံ့သြစရာ ဖြစ်လာမှာပါ။ သူက ၄-၃-၃ ကို အပြောင်းအလဲ လုပ်ရမယ်ဆိုရင်တောင် ၄-၂-၃-၁ ပုံစံ (သို့) မနှစ်က မြင်ခဲ့ရတဲ့ ၄-၂-၄ ပုံစံတွေကို ပြောင်းလဲကစားဖို့ပဲ ဖြစ်နိုင်ပါတယ်။

အသင်းသားအားလုံး ကြံ့ခိုင်နေမယ်ဆိုရင် လီဗာပူးရဲ့ အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်းက ကွင်းလယ်မှာ ဖာဘင်ညို၊ ဟန်ဒါဆန်၊ သီယာဂိုကို ထားပြီး တိုက်စစ်မှာ ဆာလာ၊ ဂျိုတာ၊ မာနေးတို့ကို ထားရှိခြင်းဖြင့် အခြေခံပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

စီနီယာခံစစ်မှူး ၆ ဦးရှိထားပြီး ဒီစာရင်းမှာတော့ ဘမ်ဒေးဗစ်နဲ့ ယူ-၂၃ အသင်းအတွက် အဓိက ကစားပေးရမယ့် ကူမတ်တီယိုတို့ မပါပါဘူး။ လီဗာပူးရဲ့ ခံစစ်ပိုင်းက ဘာတွေဖြစ်လာနိုင်သေးလဲဆိုတာအတွက်လည်း ပီယော့ဇ်က ပြောပါသေးတယ်။

” ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ ပြန်လာနိုင်ပြီဖြစ်လို့ လီဗာပူးက ဒေးဗစ်ကို ထွက်ခွင့်ပေးဖို့ ပြင်ဆင်လာပါတယ်။ ပြီးခဲ့တဲ့အပတ်က ရှက်ဖီးရဲ့ အငှားကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး ကလပ်က သူ့ကို လာမယ့်နွေမှာ အပြီးသတ် ဝယ်ယူခွင့်နဲ့ ကမ်းလှမ်းလာမှာကို အလိုရှိနေတယ်။ ဒေးဗစ်ကို ခေါ်ယူဖို့ ဆဲလ်တစ်နဲ့ ဘုန်းမောက်တို့ကလည်း အလိုရှိနေပါတယ်။

ဖီးလစ်အတွက်ကတော့ လီဗာပူးက ပေါင် ၁၂ သန်းကနေ ၁၅ သန်းထိ ဈေးသတ်မှတ်ထားပါတယ်။ စုံစမ်းမေးမြန်းမှုတွေ ရထားပေမယ့် တရားဝင် ကမ်းလှမ်းမှု မရှိသေးပါဘူး။ ကျနော် သိထားရတာက ဘန်လေ၊ ဘရိုက်တန်၊ နယူးကာဆယ်နဲ့ ဆောက်သမ်တန်တို့က လီဗာပူးထံ စုံစမ်းမေးမြန်းထားပါတယ်။

လာမယ့်အပတ်တွေမှာ ကမ်းလှမ်းမှု ရလာပြီး ကလပ်အတွက်ကော ကစားသမားအတွက်ပါ မှန်ကန်မယ်ဆိုရင် အသင်းက နက်ဖီးလစ်ရဲ့ ထွက်ခွာမှုကို တားမှာ မဟုတ်ပါဘူး။ မဟုတ်ရင်တော့ သူ့ကို အသင်းမှာ အရန်အဖြစ် ဆက်ထားဖို့ ကလော့ပ်က ပျော်ရွှင်ပါတယ်။

ပုဂ္ဂိုလ်ရေးအရဆိုရင် ကျနော်ကတော့ နက်ဖီးလစ်ကို အသင်းမှာ ဆက်ရှိစေလိုတယ်။ မဟုတ်ခဲ့ရင်တော့ ကလော့ပ်က ရိုင်းဝီလီယမ်နဲ့ ဘီလီ ကူမတ်တီယိုတို့ကို စီနီယာခံစစ်မှူး ၄ ဦးရဲ့ အကူတွေအဖြစ် အသုံးချဖို့ ရှိနေပါတယ် ” လို့ ဖြေဆိုပေးသွားပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီရာသီမွာ ခံစစ္မွဴး ကိုနေတးကို ေခၚယူခဲ့ျခင္းနဲ႔ မာတစ္၊ ဗန္ဒိုက္၊ ဂိုးမက္စ္တို႔ ျပန္သက္သာလာျခင္းေၾကာင့္ နက္ဖီးလစ္၊ ရိုင္းဝီလီယမ္တို႔အပါ ဗဟိုခံစစ္မွဴးေနရာ စီနီယာ ၆ ဦးထိ ရွိလာခဲ့ျပီျဖစ္တယ္။

ပရိသတ္အခ်ိဳ႔က ခံစစ္အင္အား ေတာင့္တင္းလာျပီး ကြင္းလယ္နဲ႔ တိုက္စစ္ကို အားမျဖည့္ျခင္းေၾကာင့္ မန္ေနဂ်ာကေလာ့ပ္ဟာ ယာသီသစ္မွာ ခံစစ္ သံုးေယာက္တန္းထားျပီး ရိုဘို၊ ထရန္႔ကို အစြန္-ေတာင္ပံေတြအျဖစ္ ကစားေစမွာလား? လီဗာပူးရဲ႕ ၄-၃-၃ ကစားကြက္က အေျပာင္းအလဲေတြ ရွိလာမွာလား? လို႔ ပရိသတ္ေတြက ေမးခြန္းထုတ္ၾကတယ္။

ဒီေမးခြန္းအတြက္ ဂ်ိမ္းပီေယာ့ဇ္ ေျဖဆိုေပးတာက ” ကေလာ့ပ္က အံ့ၾသစရာေတြ လုပ္ရတာကို ၾကိဳက္ေပမယ့္ ဒီရာသီ ခံစစ္ သံုးေယာက္တန္းကို ေျပာင္းလဲလိုက္မယ္ဆိုရင္ အံ့ၾသစရာ ျဖစ္လာမွာပါ။ သူက ၄-၃-၃ ကို အေျပာင္းအလဲ လုပ္ရမယ္ဆိုရင္ေတာင္ ၄-၂-၃-၁ ပံုစံ (သို႔) မႏွစ္က ျမင္ခဲ့ရတဲ့ ၄-၂-၄ ပံုစံေတြကို ေျပာင္းလဲကစားဖို႔ပဲ ျဖစ္ႏုိင္ပါတယ္။

အသင္းသားအားလံုး ၾကံ႕ခိုင္ေနမယ္ဆိုရင္ လီဗာပူးရဲ႕ အေကာင္းဆံုး ပြဲထြက္ ၁၁ ဦးစာရင္းက ကြင္းလယ္မွာ ဖာဘင္ညိဳ၊ ဟန္ဒါဆန္၊ သီယာဂိုကို ထားျပီး တိုက္စစ္မွာ ဆာလာ၊ ဂ်ိဳတာ၊ မာေနးတို႔ကို ထားရွိျခင္းျဖင့္ အေျခခံပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

စီနီယာခံစစ္မွဴး ၆ ဦးရွိထားျပီး ဒီစာရင္းမွာေတာ့ ဘမ္ေဒးဗစ္နဲ႔ ယူ-၂၃ အသင္းအတြက္ အဓိက ကစားေပးရမယ့္ ကူမတ္တီယိုတို႔ မပါပါဘူး။ လီဗာပူးရဲ႕ ခံစစ္ပိုင္းက ဘာေတြျဖစ္လာႏုိင္ေသးလဲဆိုတာအတြက္လည္း ပီေယာ့ဇ္က ေျပာပါေသးတယ္။

” ဗန္ဒိုက္နဲ႔ ဂိုးမက္စ္တို႔ ျပန္လာႏုိင္ျပီျဖစ္လို႔ လီဗာပူးက ေဒးဗစ္ကို ထြက္ခြင့္ေပးဖို႔ ျပင္ဆင္လာပါတယ္။ ျပီးခဲ့တဲ့အပတ္က ရွက္ဖီးရဲ႕ အငွားကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့ျပီး ကလပ္က သူ႔ကို လာမယ့္ေႏြမွာ အျပီးသတ္ ဝယ္ယူခြင့္နဲ႔ ကမ္းလွမ္းလာမွာကို အလိုရွိေနတယ္။ ေဒးဗစ္ကို ေခၚယူဖို႔ ဆဲလ္တစ္နဲ႔ ဘုန္းေမာက္တို႔ကလည္း အလိုရွိေနပါတယ္။

ဖီးလစ္အတြက္ကေတာ့ လီဗာပူးက ေပါင္ ၁၂ သန္းကေန ၁၅ သန္းထိ ေစ်းသတ္မွတ္ထားပါတယ္။ စံုစမ္းေမးျမန္းမႈေတြ ရထားေပမယ့္ တရားဝင္ ကမ္းလွမ္းမႈ မရွိေသးပါဘူး။ က်ေနာ္ သိထားရတာက ဘန္ေလ၊ ဘရိုက္တန္၊ နယူးကာဆယ္နဲ႔ ေဆာက္သမ္တန္တို႔က လီဗာပူးထံ စံုစမ္းေမးျမန္းထားပါတယ္။

လာမယ့္အပတ္ေတြမွာ ကမ္းလွမ္းမႈ ရလာျပီး ကလပ္အတြက္ေကာ ကစားသမားအတြက္ပါ မွန္ကန္မယ္ဆိုရင္ အသင္းက နက္ဖီးလစ္ရဲ႕ ထြက္ခြာမႈကို တားမွာ မဟုတ္ပါဘူး။ မဟုတ္ရင္ေတာ့ သူ႔ကို အသင္းမွာ အရန္အျဖစ္ ဆက္ထားဖို႔ ကေလာ့ပ္က ေပ်ာ္ရႊင္ပါတယ္။

ပုဂၢိဳလ္ေရးအရဆိုရင္ က်ေနာ္ကေတာ့ နက္ဖီးလစ္ကို အသင္းမွာ ဆက္ရွိေစလိုတယ္။ မဟုတ္ခဲ့ရင္ေတာ့ ကေလာ့ပ္က ရိုင္းဝီလီယမ္နဲ႔ ဘီလီ ကူမတ္တီယိုတို႔ကို စီနီယာခံစစ္မွဴး ၄ ဦးရဲ႕ အကူေတြအျဖစ္ အသံုးခ်ဖို႔ ရွိေနပါတယ္ ” လို႔ ေျဖဆိုေပးသြားပါတယ္။