လီဗာပူးအသင်းပရိသတ်တွေကြား မေးခွန်းထုတ်ခံရမှုတွေဖြစ်တဲ့ လီဗာပူးက ကိတ်တာကို ဘာလို့ မရောင်းသလဲ? FSG ကကော အသင်းအတွက် ဘာလို့ ငွေမသုံးသလဲ? ဆိုတဲ့ အမေးတွေအတွက် အသင်းသတင်းထောက် ဂျိမ်းပီယော့ဇ်ရဲ့ ဖြေဆိုမှုတွေဖြစ်ပါတယ်။
Q. ကိတ်တာက လီဗာပူးမှာ နောက်ထပ်တစ်နှစ် နေဦးမှာလား? ဘာကြောင့်လဲ? ဒီရာသီပြီးရင် သူက အသင်းနဲ့ စာချုပ် တစ်နှစ်ပဲကျန်ပါတယ်။ ဒီရာသီမှာ သူအရမ်းထူးချွန်ပြနေရင်တောင် ရာသီကုန်မှာတော့ ပြောင်းရွှေ့ကြေးက ကျဆင်းသွားမှာပဲ။ လီဗာပူးက အဲ့တာကိုကော တွက်မိရဲ့လား?
A. (James Pearce) ဟုတ်ပါတယ်။ သိသာတဲ့ ပြောင်းလဲမှုမရှိရင် ကိတ်တာက အသင်းမှာပဲ ဆက်ရှိနေမှာပါ။ ရာသီကြိုမှာတော့ သူ့အခြေအနေေ ကာင်းပါတယ်။ မေးခွန်းကြီးက ကြံ့ခိုင်မှုကောင်းကောင်းနဲ့ သူတစ်ရာသီလုံး အသင်းအတွက် ကစားပေးနိုင်မလားပါပဲ။ အသင်းရဲ့ အတွေးအမြင်ကို ကျနော်တော့ နားလည်ပါတယ်။
အသင်းက ကိတ်တာကို ပေါင် ၅၂.၇၅ သန်းတောင် ပေးပြီး ခေါ်ခဲ့ရတာပါ။ ဒီနွေမှာ သူ့ကို ရောင်းမယ်ဆိုရင် ကိုဗစ်ကပ်ဘေး သက်ရောက်မှုနဲ့ဆိုတော့ ပေါင် ၁၅ သန်း ပေးမယ့်အသင်း ရှိလာရင်ကို ကံကောင်းပါပဲ။ ဒါက သိပ်ကို ကြီးမားတဲ့ ဆုံးရံှူးမှုဖြစ်ပါတယ်။ ကလော့ပ်က သူ့ကို ယုံကြည်နေဆဲပါ။ ကိတ်တာကလည်း လီဗာပူးကနေ ထွက်လိုရိပ် မပြသေးပါဘူး။ လီဗာပူးမှာ သူပျော်နေတယ်။ သူ့ဘာသာ သက်သေပြလိုနေပါတယ်။
သူ့ရဲ့ လက်ရှိ စာချုပ်က ၂၀၂၃ ခုနှစ်ထိပဲ ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ သူ တောက်ပခဲ့မယ်ဆိုရင် နောက်နှစ်နွေမှာသူ့အတွက် ရနိုင်တဲ့ ပြောင်းရွှေ့ကြေးက ဒီနွေထက်တော့ များပါလိမ့်မယ်။ စာချုပ်သစ်လည်း ရသွားနိုင်ပါတယ်။ ဒီရာသီက သူ့အတွက် အန်ဖီးကစားသမားဘဝ အဆုံးအဖြတ်ပါပဲ။
Q. ကိုဗစ်-၁၉ ရဲ့ သက်ရောက်မှုက ကြီးမားတယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် အသင်းက ငွေသုံးဖို့ လိုပါတယ်။ စပွန်ဆာတွေ ပိုများလာပြီး အသင်းက ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ကို အနိုင်ရခဲ့တာပဲလေ။ အသင်းက ရင်းနှီးမြုပ်နှံမှုတွေ လုပ်လာတာလည်း မတွေ့ရဘူး။ FSG က ဘာလို့ ငွေမသုံးတာလဲ?
A. (James Pearce) အသင်းက အတိုင်းအတာတစ်ခုထိ တိုးတက်လာတယ်လို့ ပြောလိုပါတယ်။ ဂျိုတာနဲ့ သီယာဂိုတို့ကို နွေဈေးကွက် နောက်ဆုံးအချိန်မှ ခေါ်ယူခဲ့တာပါ။ သူတို့က လီဗာပူးရဲ့ အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်းထဲ ပါဝင်မယ့်သူတွေပါ။ ဒီနွေမှာက ဗဟိုခံစစ်ကို ခေါ်ယူရေး ဦးစားပေးဖြစ်ပြီး ကိုနတေးကို ခေါ်ယူထားပါတယ်။
ကစားသမား ခေါ်ယူမှုတွေ နည်းပါးခြင်းကို စိတ်ပျက်နေကြမယ်ဆိုတာ ကျနေ်ာလည်း နားလည်ပါတယ်။ ဒါပေမယ့် အသင်းက ငွေကြေးတွေ ဘယ်လိုသုံးနေလဲဆိုတာကိုလည်း မြင်နေရတာပါပဲ။ လီဗာပူးရဲ့ တစ်နှစ် လုပ်ခ ပေးချေမှုကလည်း ပေါင် ၃၂၅ သန်းဖြစ်ပါတယ်။
လီဗာပူးရဲ့ အုပ်ချုပ်မှုပုံစံက မန်စီးတီး (သို့) ချယ်ဆီးနဲ့ ခြားနားပါတယ်။ FSG က အသင်းထံကနေ ငွေကြေး ထုတ်ယူခြင်း မလုပ်ပါဘူး။ အသင်းအတွက်လည်း ငွေကြေး ထည့်သွင်းပေးတာလည်း မလုပ်ပါဘူး။ ပေါင် သန်း ၃၀၀ တန်ကြေးရှိအသင်းကို ပေါင် ၃ ဘီလျံဖြစ်အောင် ပြောင်းလဲပေးတာက သူတို့ လုပ်ကိုလုပ်ရမယ့် ကိစ္စပဲလေးလို့ ငြင်းရင်လည်း ငြင်းကြမှာပေါ့။
ဒါပေမယ့် ဒီအပြောင်းအရွှေ့ ဈေးကွက်နဲ့ ပတ်သက်လို့တော့ ဈေးကွက်ပိတ်သွားတဲ့ အချိန်မှပဲ အကဲဖြတ်သင့်တယ်လို့ ထင်ပါတယ်။ အခုကနေ ဈေးကွက် နောက်ဆုံးရက်အတွင်းမှာ အများကြီး ပြောင်းလဲနိုင်ပါသေးတယ်။