လီဗာပူးအသင်းရဲ့ လူစာရင်းအပေါ် ပရိသတ်တွေက အားမရမှုတွေ ရှိနေပေမယ့်လည်း ရာသီသစ်မှာ ယာဂင်ဟာ ထိပ်တန်း တိုက်စစ်သမား ၄ ဦးဖြင့် ယှဉ်ပြိုင်ရမှာပါလို့ လီဗာပူးသတင်းထောက် နေးဂျုံးက အသိပေးလာပါတယ်။

ရာသီကြိုကို ပူးပေါင်းမှု နောက်ကျထားပေမယ့် ဂျိုတာရဲ့ အနေအထားဟာ နော့ဝစ်ပွဲမှာ ပါဝင်နိုင်မယ်လို့ နေးဂျုံးက မြင်ပါတယ်။ ကိုပါအမေရိကဖလားကြောင့် ဖာမင်နိုဟာ အသင်းနဲ့ ပူးပေါင်းမှု နောက်ကျခဲ့ပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ သူပါဝင်ကစားနိုင်ဖိုဖ့ မသေချာသေးပါဘူး။ မနှစ်ကရာသီတည်းက မြင်ထားရတဲ့ ဂိုးရယူနိုင်စွမ်းတွေကို ရာသီကြို ၈ မိနစ်မှာတင် ဂျိုတာထံက မြင်တွေ့ခဲ့ရပါသေးတယ်။

နေးဂျုံးက ” ဂျိုတာဟာ သူ့ရဲ့ ပထမဆုံးပွဲမှာ ဂိုးရယူဖို့ ၈ မိနစ်ပဲ စောင့်ခဲ့ရပါတယ်။ ဘိုလော့ညာအသင်း ပိုင်ဆိုင်မှု ဆုံးရံှူးခြင်းကို ပေါ်တူဂီစတားက အခွင့်အရေး အပြည့်အဝ ရယူခဲ့တယ်။ ဘောလုံးဆယ်ယူမှုနဲ့အတူ လီဗာပူးအတွက် ဂိုးသွင်းပေးခဲ့ပါတယ်။

ဂျိုတာကို ဖိအားပေးစက်လို့ လီဗာပူးနည်းပြတွေက ခေါ်ကြပါတယ်။ မာဆေးဆိုဒ်အတွက် ပထမဆုံး ဘောလုံးရာသီအပြီးမှာ သွင်းဂိုး ၁၃ ဂိုး ရယူပေးခဲ့တဲ့ ဝုဗ်တိုက်စစ်သမားဟာ နောက်ထပ်သော လုံ့ဆော်မှုတွေအတွက် ပြင်ဆင်နေပြီဖြစ်တယ်။

အမှားအယွင်းတွေ မရှိဘူးဆိုရင် လီဗာပူးရဲ့ ရှေ့တန်းကစားသမား သုံးဦးဟာ အခုချိန်ကစလို့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို ရင်ဆိုင်လာရတော့မှာ ဖြစ်ပါတယ်။ မနှစ်ကနွေမှာ လီဗာပူးကို ပြောင်းလာကတည်းက ဂျိုတာဟာ ပြေးလွှားလာနေခဲ့ပြီးပါပြီ။ ဒီဇင်ဘာတုန်းက မစ်ဂျီရန်နဲ့အဝေးပွဲမှာ ရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် စောင့်ကြည့်ခံခဲ့ရရာက ဒဏ်ရာကင်းစင်မှုနဲပအတူ ပုံမှန်ပွဲထွက်ခွင့် ရယူလာနိုင်ပါတယ်။

သူ့ထံမှာ လီဗာပူးကစားသမားတစ်ယောက်၊ ယာဂင်ကလော့ပ်ရဲ့ ကစားသမားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ လျှင်မြန်မှု၊ တိုက်ရိုက် ကစားနိုင်မှု၊ ဆာလောင်မှုနဲ့ အမြဲတမ်း အန္တရာယ်ကြီးမှုတွေ မြင်ထားရတယ်။ ဖိအားပေးမွန်းစတားလို့ ပပ်လင်ဒါးက သူ့ကို တင်စားထားရတယ်။ နည်းပြတွေကော အသင်းဖော်တွေကော သူ့ကို ချစ်ခင်ကြပါတယ်။

ဒီနွေမှာ လီဗာပူးအသင်းရဲ့ လူစာရင်း တောင့်တင်းမှုဟာ ပရိသတ်တွေကြား ပြောစရာတွေ ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ဂျိုတာ၊ မာနေး၊ ဆာလာ၊ ဖာမင်နိုတို့ ရှိနေခြင်းနဲ့ ရာသီသစ်ထံ ဝင်ရောက်ဖို့ သူ့မှာ ထိပ်တန်း တိုက်စစ်သမား ၄ ဦးထိ ရှိနေတာကို ယာဂင်ကလည်း နားလည်ထားမှာ ဖြစ်ပါတယ်။ ခံစစ်သမားတွေ ကောင်းကောင်းကြီး သတိထားနေသင့်ပါပြီ ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ လူစာရင္းအေပၚ ပရိသတ္ေတြက အားမရမႈေတြ ရွိေနေပမယ့္လည္း ရာသီသစ္မွာ ယာဂင္ဟာ ထိပ္တန္း တိုက္စစ္သမား ၄ ဦးျဖင့္ ယွဥ္ျပိဳင္ရမွာပါလို႔ လီဗာပူးသတင္းေထာက္ ေနးဂ်ံဳးက အသိေပးလာပါတယ္။

ရာသီၾကိဳကို ပူးေပါင္းမႈ ေနာက္က်ထားေပမယ့္ ဂ်ိဳတာရဲ႕ အေနအထားဟာ ေနာ့ဝစ္ပြဲမွာ ပါဝင္ႏုိင္မယ္လို႔ ေနးဂ်ံဳးက ျမင္ပါတယ္။ ကိုပါအေမရိကဖလားေၾကာင့္ ဖာမင္ႏိုဟာ အသင္းနဲ႔ ပူးေပါင္းမႈ ေနာက္က်ခဲ့ျပီး ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ သူပါဝင္ကစားႏုိင္ဖိုဖ႔ မေသခ်ာေသးပါဘူး။ မႏွစ္ကရာသီတည္းက ျမင္ထားရတဲ့ ဂိုးရယူႏုိင္စြမ္းေတြကို ရာသီၾကို ၈ မိနစ္မွာတင္ ဂ်ိဳတာထံက ျမင္ေတြ႔ခဲ့ရပါေသးတယ္။

ေနးဂ်ံဳးက ” ဂ်ိဳတာဟာ သူ႔ရဲ႕ ပထမဆံုးပြဲမွာ ဂိုးရယူဖို႔ ၈ မိနစ္ပဲ ေစာင့္ခဲ့ရပါတယ္။ ဘိုေလာ့ညာအသင္း ပိုင္ဆိုင္မႈ ဆံုးရံွဴးျခင္းကို ေပၚတူဂီစတားက အခြင့္အေရး အျပည့္အဝ ရယူခဲ့တယ္။ ေဘာလံုးဆယ္ယူမႈနဲ႔အတူ လီဗာပူးအတြက္ ဂိုးသြင္းေပးခဲ့ပါတယ္။

ဂ်ိဳတာကို ဖိအားေပးစက္လို႔ လီဗာပူးနည္းျပေတြက ေခၚၾကပါတယ္။ မာေဆးဆိုဒ္အတြက္ ပထမဆံုး ေဘာလံုးရာသီအျပီးမွာ သြင္းဂိုး ၁၃ ဂိုး ရယူေပးခဲ့တဲ့ ဝုဗ္တိုက္စစ္သမားဟာ ေနာက္ထပ္ေသာ လံု႔ေဆာ္မႈေတြအတြက္ ျပင္ဆင္ေနျပီျဖစ္တယ္။

အမွားအယြင္းေတြ မရွိဘူးဆိုရင္ လီဗာပူးရဲ႕ ေရွ႔တန္းကစားသမား သံုးဦးဟာ အခုခ်ိန္ကစလို႔ ျပင္းထန္တဲ့ ျပိဳင္ဆိုင္မႈကို ရင္ဆိုင္လာရေတာ့မွာ ျဖစ္ပါတယ္။ မႏွစ္ကေႏြမွာ လီဗာပူးကို ေျပာင္းလာကတည္းက ဂ်ိဳတာဟာ ေျပးလႊားလာေနခဲ့ျပီးပါျပီ။ ဒီဇင္ဘာတုန္းက မစ္ဂ်ီရန္နဲ႔အေဝးပြဲမွာ ရခဲ့တဲ့ ဒူးဒဏ္ရာေၾကာင့္ ေစာင့္ၾကည့္ခံခဲ့ရရာက ဒဏ္ရာကင္းစင္မႈနဲပအတူ ပံုမွန္ပြဲထြက္ခြင့္ ရယူလာႏုိင္ပါတယ္။

သူ႔ထံမွာ လီဗာပူးကစားသမားတစ္ေယာက္၊ ယာဂင္ကေလာ့ပ္ရဲ႕ ကစားသမားတစ္ေယာက္မွာ ရွိသင့္ရွိထိုက္တဲ့ လွ်င္ျမန္မႈ၊ တိုက္ရိုက္ ကစားႏုိင္မႈ၊ ဆာေလာင္မႈနဲ႔ အျမဲတမ္း အႏၱရာယ္ၾကီးမႈေတြ ျမင္ထားရတယ္။ ဖိအားေပးမြန္းစတားလို႔ ပပ္လင္ဒါးက သူ႔ကို တင္စားထားရတယ္။ နည္းျပေတြေကာ အသင္းေဖာ္ေတြေကာ သူ႔ကို ခ်စ္ခင္ၾကပါတယ္။

ဒီေႏြမွာ လီဗာပူးအသင္းရဲ႕ လူစာရင္း ေတာင့္တင္းမႈဟာ ပရိသတ္ေတြၾကား ေျပာစရာေတြ ျဖစ္ေနခဲ့တယ္။ ဒါေပမယ့္ ဂ်ိဳတာ၊ မာေနး၊ ဆာလာ၊ ဖာမင္ႏိုတို႔ ရွိေနျခင္းနဲ႔ ရာသီသစ္ထံ ဝင္ေရာက္ဖို႔ သူ႔မွာ ထိပ္တန္း တိုက္စစ္သမား ၄ ဦးထိ ရွိေနတာကို ယာဂင္ကလည္း နားလည္ထားမွာ ျဖစ္ပါတယ္။ ခံစစ္သမားေတြ ေကာင္းေကာင္းၾကီး သတိထားေနသင့္ပါျပီ ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။