လိုင်ယွန်နယ် မက်ဆီက သူ့ရဲ့ ဘာစီလိုနာအသင်း ကစားသမားဘဝ မိတ်ဆက်မှုမှာ ၂၀၁၉ တုန်းက လီဗာပူးအသင်းကို အရေးနိမ့်ခဲ့တဲ့ ဖြစ်ရပ်ကို ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
အဆိုပါ ဘောလုံးရာသီမှာ မက်ဆီက ဘာစီလိုနာအတွက် လှပတဲ့ ဆုဖလားကြီးဖြစ်တဲ့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဖလားကို သယ်ဆောင်လာပေးမယ်လို့ ကတိပေးခဲ့တယ်။ ဘာစီလိုနာဟာ ဆီးမီးအဆင့် ပထမအကျော့မှာ ၃-၀ ဖြင့် အနိုင်ရထားပြီးဖြစ်ပေမယ့် ဒုတိယအကျော့အဖြစ် အန်ဖီးမှာ ၄-၀ ဖြင့် အရေးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲ ရောက်နိုင်ခွင့် ဆုံးရံှူးခဲ့ပါတယ်။
ဘာကာကစားသမားဘဝ နုတ်ဆက်ပွဲမှာပဲ မက်ဆီက သူ့ကစားသမားဘဝ ၄ ကြိမ် အနိုင်ရထားတဲ့ ချန်ပီယံလိဂ်ဖလားကို ထပ်မံ အနိုင်ရဖို့ ကြိုးစားကြည့်လိုသေးတယ်လို့ ဆိုသွားခဲ့တယ်။
မက်ဆီက “ နောက်ထပ် ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့အတွက် ကျနော် ကြိုးစားကြည့်လိုပါတယ်။ လီဗာပူးကို ရင်ဆိုင်ကစားရင်း ဆီမီးဖိုင်နယ်အဆင့်မှာ အရေးနိမ့်ခဲ့တာကြောင့် နောက်ထပ် ဗိုလ်လုပွဲတစ်ခုကို ရောက်နိုင်ခွင့်ကနေ ရပ်တန့်ခံခဲ့ရတယ်။
ပပ်ဂွာဒီယိုလာ ရှိတုန်းကလည်း ချယ်ဆီးအသင်းနဲ့ ဆီဗီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့ဖူးပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ခွင့်ကို တားဆီးခံခဲ့ရဖူးပါတယ်။
ကျနေ်ာတို့ ချန်ပီယံလိဂ်ဖလား ထပ်ပြီး အနိုင်ရမယ့်အချိန် ရှိလာနိုင်သေးတယ် ဆိုပေမယ့် ဒါက ဘောလုံးပါပဲ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။
မက်ဆီကို ကလပ်အများအပြားက ကမ်းလှမ်းနေပြီး အဆိုပါ အသင်းတွေထဲ ပရီးမီးယားလိဂ်ကလပ်တွေလည်း ပါဝင်ထားတယ်။ မက်ဆီကိုယ်တိုင်ကတော့ ပီအက်စ်ဂျီနဲ့ ဆွေးနွေးမှုတွေ ရှိနေကြောင်းကို ဝန်ခံထားပြီး ဖြစ်နိုင်ချေရှိတဲ့ အပြောင်းအရွှေ့လို့ ဆိုခဲ့ပေမယ့် အတည်ပြုစကားတွေတော့ ပြောဆိုပေးခဲ့ခြင်း မရှိပါဘူး။
ZAWGYI
လိုင္ယြန္နယ္ မက္ဆီက သူ႔ရဲ႕ ဘာစီလိုနာအသင္း ကစားသမားဘဝ မိတ္ဆက္မႈမွာ ၂၀၁၉ တုန္းက လီဗာပူးအသင္းကို အေရးနိမ့္ခဲ့တဲ့ ျဖစ္ရပ္ကို ထည့္သြင္း ေျပာဆိုခဲ့ပါတယ္။
အဆိုပါ ေဘာလံုးရာသီမွာ မက္ဆီက ဘာစီလိုနာအတြက္ လွပတဲ့ ဆုဖလားၾကီးျဖစ္တဲ့ ယူအီးအက္ဖ္ေအ ခ်န္ပီယံလိဂ္ဖလားကို သယ္ေဆာင္လာေပးမယ္လို႔ ကတိေပးခဲ့တယ္။ ဘာစီလိုနာဟာ ဆီးမီးအဆင့္ ပထမအေက်ာ့မွာ ၃-၀ ျဖင့္ အႏိုင္ရထားျပီးျဖစ္ေပမယ့္ ဒုတိယအေက်ာ့အျဖစ္ အန္ဖီးမွာ ၄-၀ ျဖင့္ အေရးနိမ့္ခဲ့တာေၾကာင့္ ဗိုလ္လုပြဲ ေရာက္ႏုိင္ခြင့္ ဆံုးရံွဴးခဲ့ပါတယ္။
ဘာကာကစားသမားဘဝ ႏုတ္ဆက္ပြဲမွာပဲ မက္ဆီက သူ႔ကစားသမားဘဝ ၄ ၾကိမ္ အႏုိင္ရထားတဲ့ ခ်န္ပီယံလိဂ္ဖလားကို ထပ္မံ အႏုိင္ရဖို႔ ၾကိဳးစားၾကည့္လိုေသးတယ္လို႔ ဆိုသြားခဲ့တယ္။
မက္ဆီက “ ေနာက္ထပ္ ခ်န္ပီယံလိဂ္ဖလားကို အႏုိင္ရဖို႔အတြက္ က်ေနာ္ ၾကိဳးစားၾကည့္လိုပါတယ္။ လီဗာပူးကို ရင္ဆိုင္ကစားရင္း ဆီမီးဖုိင္နယ္အဆင့္မွာ အေရးနိမ့္ခဲ့တာေၾကာင့္ ေနာက္ထပ္ ဗိုလ္လုပြဲတစ္ခုကို ေရာက္ႏုိင္ခြင့္ကေန ရပ္တန္႔ခံခဲ့ရတယ္။
ပပ္ဂြာဒီယိုလာ ရွိတုန္းကလည္း ခ်ယ္ဆီးအသင္းနဲ႔ ဆီဗီးဖိုင္နယ္မွာ ထိပ္တိုက္ေတြ႔ဖူးျပီး ဗိုလ္လုပြဲ တက္ေရာက္ႏုိင္ခြင့္ကို တားဆီးခံခဲ့ရဖူးပါတယ္။
က်ေန္ာတို႔ ခ်န္ပီယံလိဂ္ဖလား ထပ္ျပီး အႏုိင္ရမယ့္အခ်ိန္ ရွိလာႏုိင္ေသးတယ္ ဆိုေပမယ့္ ဒါက ေဘာလံုးပါပဲ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။
မက္ဆီကို ကလပ္အမ်ားအျပားက ကမ္းလွမ္းေနျပီး အဆိုပါ အသင္းေတြထဲ ပရီးမီးယားလိဂ္ကလပ္ေတြလည္း ပါဝင္ထားတယ္။ မက္ဆီကိုယ္တုိင္ကေတာ့ ပီအက္စ္ဂ်ီနဲ႔ ေဆြးေႏြးမႈေတြ ရွိေနေၾကာင္းကို ဝန္ခံထားျပီး ျဖစ္ႏုိင္ေခ်ရွိတဲ့ အေျပာင္းအေရႊ႔လို႔ ဆိုခဲ့ေပမယ့္ အတည္ျပဳစကားေတြေတာ့ ေျပာဆိုေပးခဲ့ျခင္း မရွိပါဘူး။