မန်နေဂျာယာဂင်ကလော့ပ်က လီဗာပူးဟာ နွေဈေးကွက်ထဲမှာ ဆက်ရှိနေဆဲဖြစ်ကြောင်း ထုတ်ပြောမှုနဲ့အတူ အပြောင်းအရွှေ့ မပိတ်ခင် လီဗာပူးထံ ရောက်လာမယ်လို့ မျှော်လင့်ထားနိုင်စရာ ကစားသမား ၅ ဦးရှိကြောင်း Goal မှ လီဗာပူးသတင်းထောက် Neil Jones က ဖော်ပြသွားပါတယ်။

Neil Jones ကပဲ လီဗာပူးဟာ ကွင်းလယ်းနဲ့ တိုက်စစ်အတွက် အင်အားဖြည့်လိုဦးမယ်လို့ ယုံကြည်တယ်။ သူကပဲ ဒီနွေမှာ အသင်းက ရောင်းထုတ်သွားနိုင်တဲ့ ကစားသမားများ၊ ခေါ်ယူနိုင်တဲ့ ကစားသမားများနဲ့ ကောလဟာလတွေ ထွက်ထားပေမယ့် အသင်းထံ ရောက်လာဖွယ် မရှိတဲ့ ကစားသမားတွေကို ခွဲထုတ်ပေးသွားခဲ့ပါတယ်။

Neil Jones က ပြောရာမှာ ” အသင်းပရိသတ်တွေကတော့ ဝိုက်နယ်ဒမ်နေရာ ကွင်းလယ်လူသစ် အစားထိုးဖို့ လိုအပ်တယ်လို့ ခံစားမိနေမှာပါ။ အဲ့လိုပဲ တိုက်စစ်ပိုင်း နေရာပြိုင်ဆိုင်မှုအတွက် တိုက်စစ်သမားတစ်ဦး ရောက်လာဖို့လည်း မျှော်လင့်နေပါလိမ့်မယ်။

လီဗာပူးနဲ့ သတင်းကြီးတဲ့သူတွေ အတော်များများ ရှိထားပေမယ့် သတင်းပေးထံက ရထားချက်တွေအရ ဖယ်ထုတ်မှုတွေလည်း ရှိထားပါတယ်။ ဥပမာအားဖြင့် အက်သလက်တီကိုမှ ဆောနီဂွက်စ်လိုပေါ့။ သူ့ကို ခေါ်ယူသွားဖို့ မရှိပါဘူး။ နောက်ပြီး အီတလီမှ ခီရေဆာနဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဆန်းချက်စ်တို့ကို ခေါ်ယူသွားဖို့ မရှိပါဘူး။

လီဗာပူးက တိုက်စစ်အတွက် ဘိုဝမ်ကို အထင်ကြီးထားပြီး ကွင်းလယ်အတွက် မိုချန်ဂလာဘတ်က နွိုက်ဟောက်စ်နဲ့ ဘရိုက်တန်က ဘစ်ဆိုးမားတို့လို ကစားသမားမျိုးတွေကို ခေါ်ယူဖို့ သဘောတွေ့ပါတယ်။ လီဗာပူးရဲ့ ကစားသမား ခေါ်ယူရေးအဖွဲ့က လက်စတာမှ ဟာဗေးဘန်းစ်နဲ့ ဝုဗ်မှ ပီဒရို နီတို တို့လို ကစားသမားမျိုးတွေကို ခေါ်ယူဖို့ စောင့်ကြည့်လေ့ရှိပါတယ်။

အတိတ်တုန်းကတော့ လိုင်လီက တိုက်စစ်သမား ဂျိုနသန် ဒေးဗစ်ကို စောင့်ကြည့်ထားပေမယ့် ကနေဒါတိုက်စစ်သမားအတွက် ဘာလှုပ်ရှားမှုမှ မရှိပါဘူး။ နောက်ပြီး ဝတ်ဖိုဒ့် တိုက်စစ်သမား ဆာအတွက်လည်း ကြိုးစားမှု မရှိတော့ပါဘူး။

အထွက်စာရင်းမှာတော့ နက်ဖီးလစ်၊ ရှာကွီရီ၊ နီကိုး၊ အိုရီဂီတို့ကတော့ ထွက်ခွာနိုင်ဆဲပါပဲ။ ရှာကွီရီကို အီတလီနဲ့ စပိန်ဘက်က ကလပ်တွေ ခေါ်ယူလိုနေတယ်။ နက်ဖီးလစ်ကို ဘရိုက်တန်နဲ့ ဘန်လေအပြင် ကလပ်တွေက စိတ်ဝင်စားနေပါတယ်။ ဘမ်ဒေးဗစ်ကတော့ ရှက်ဖီး ယူနိုက်တက်ကို အငှား ထွက်ကစားနိုင်ပါတယ်။ ” လို့ ဆိုသွားခဲ့တာဖြစ်တယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က လီဗာပူးဟာ ေႏြေစ်းကြက္ထဲမွာ ဆက္ရွိေနဆဲျဖစ္ေၾကာင္း ထုတ္ေျပာမႈနဲ႔အတူ အေျပာင္းအေရႊ႔ မပိတ္ခင္ လီဗာပူးထံ ေရာက္လာမယ္လို႔ ေမွ်ာ္လင့္ထားႏုိင္စရာ ကစားသမား ၅ ဦးရွိေၾကာင္း Goal မွ လီဗာပူးသတင္းေထာက္ Neil Jones က ေဖာ္ျပသြားပါတယ္။

Neil Jones ကပဲ လီဗာပူးဟာ ကြင္းလယ္းနဲ႔ တိုက္စစ္အတြက္ အင္အားျဖည့္လိုဦးမယ္လို႔ ယံုၾကည္တယ္။ သူကပဲ ဒီေႏြမွာ အသင္းက ေရာင္းထုတ္သြားႏုိင္တဲ့ ကစားသမားမ်ား၊ ေခၚယူႏုိင္တဲ့ ကစားသမားမ်ားနဲ႔ ေကာလဟာလေတြ ထြက္ထားေပမယ့္ အသင္းထံ ေရာက္လာဖြယ္ မရွိတဲ့ ကစားသမားေတြကို ခြဲထုတ္ေပးသြားခဲ့ပါတယ္။

Neil Jones က ေျပာရာမွာ ” အသင္းပရိသတ္ေတြကေတာ့ ဝိုက္နယ္ဒမ္ေနရာ ကြင္းလယ္လူသစ္ အစားထိုးဖို႔ လိုအပ္တယ္လို႔ ခံစားမိေနမွာပါ။ အဲ့လိုပဲ တိုက္စစ္ပိုင္း ေနရာျပိဳင္ဆိုင္မႈအတြက္ တိုက္စစ္သမားတစ္ဦး ေရာက္လာဖို႔လည္း ေမွ်ာ္လင့္ေနပါလိမ့္မယ္။

လီဗာပူးနဲ႔ သတင္းၾကီးတဲ့သူေတြ အေတာ္မ်ားမ်ား ရွိထားေပမယ့္ သတင္းေပးထံက ရထားခ်က္ေတြအရ ဖယ္ထုတ္မႈေတြလည္း ရွိထားပါတယ္။ ဥပမာအားျဖင့္ အက္သလက္တီကိုမွ ေဆာနီဂြက္စ္လိုေပါ့။ သူ႔ကို ေခၚယူသြားဖို႔ မရွိပါဘူး။ ေနာက္ျပီး အီတလီမွ ခီေရဆာနဲ႔ ေပၚတူဂီ ကြင္းလယ္လူ ဆန္းခ်က္စ္တို႔ကို ေခၚယူသြားဖို႔ မရွိပါဘူး။

လီဗာပူးက တိုက္စစ္အတြက္ ဘိုဝမ္ကို အထင္ႀကီးထားၿပီး ကြင္းလယ္အတြက္ မိုခ်န္ဂလာဘတ္က ႏြိဳက္ေဟာက္စ္နဲ႔ ဘ႐ိုက္တန္က ဘစ္ဆိုးမားတို႔လို ကစားသမားမ်ိဳးေတြကို ေခၚယူဖို႔ သေဘာေတြ႔ပါတယ္။ လီဗာပူးရဲ႕ ကစားသမား ေခၚယူေရးအဖြဲ႕က လက္စတာမွ ဟာေဗးဘန္းစ္နဲ႔ ဝုဗ္မွ ပီဒ႐ို နီတို တို႔လို ကစားသမားမ်ိဳးေတြကို ေခၚယူဖို႔ ေစာင့္ၾကည့္ေလ့ရွိပါတယ္။

အတိတ္တုန္းကေတာ့ လိုင္လီက တိုက္စစ္သမား ဂ်ိဳနသန္ ေဒးဗစ္ကို ေစာင့္ၾကည့္ထားေပမယ့္ ကေနဒါတိုက္စစ္သမားအတြက္ ဘာလႈပ္ရွားမႈမွ မရွိပါဘူး။ ေနာက္ျပီး ဝတ္ဖိုဒ့္ တိုက္စစ္သမား ဆာအတြက္လည္း ၾကိဳးစားမႈ မရွိေတာ့ပါဘူး။

အထြက္စာရင္းမွာေတာ့ နက္ဖီးလစ္၊ ရွာကီြရီ၊ နီကိုး၊ အိုရီဂီတို႔ကေတာ့ ထြက္ခြာႏုိင္ဆဲပါပဲ။ ရွာကီြရီကို အီတလီနဲ႔ စပိန္ဘက္က ကလပ္ေတြ ေခၚယူလိုေနတယ္။ နက္ဖီးလစ္ကို ဘရိုက္တန္နဲ႔ ဘန္ေလအျပင္ ကလပ္ေတြက စိတ္ဝင္စားေနပါတယ္။ ဘမ္ေဒးဗစ္ကေတာ့ ရွက္ဖီး ယူႏုိက္တက္ကို အငွား ထြက္ကစားႏုိင္ပါတယ္။ ” လို႔ ဆိုသြားခဲ့တာျဖစ္တယ္။