အန်ဖီးကွင်းမှာ ပရိသတ် ၅၀၀၀၀ ကျော် ဝင်ရောက် အားပေးမှုနဲ့အတူ ခြေစမ်းပွဲ နှစ်ပွဲကို လီဗာပူးအသင်းက အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။

ရာသီသစ်မှာတော့ အန်ဖီးကွင်းထဲ ပရိသတ်တွေ ဝင်ရောက်ခွင့်ရမှာနဲ့အတူ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ လီဗာပူးအသင်း ကိုင်မြောက်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို တစ်ကျော့ပြန် အောင်ပွဲခံမလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

လီဗာပူးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် လုံလောက်တဲ့ အောင်ပွဲခံမှု လုပ်နိုင်ခဲ့သလားဆိုတဲ့ အမေးကို ထရန့်က ‘ အဲ့လိုတော့ မထင်ပါဘူး ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ပြန်ပြီး အောင်ပွဲခံတာတွေ လုပ်ဖို့ဆိုတာကလည်း အချိန် သိပ်ကျော်သွားပြီလို့ ခံစားရပါတယ်။’ လို့ တုန့်ပြန်ပါတယ်။

မနှစ်ကရာသီ ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးအသင်း အနိုင်ရထားတာကြောင့် လက်ရှိ ချန်ပီယံဟာ မန်ချက်စတာကလပ်ပဲ ဖြစ်ပါတယ်။ ထရန့်ကတော့ ကိုယ်က လက်ရှိချန်ပီယံ မဟုတ်တော့ချိန်မှာ အောင်ပွဲခံမှု လုပ်ဖို့အစား သံသယကင်းကင်းဖြင့် အောင်ပွဲခံနိုင်ဖို့ အမှတ်ပေးဖလား နောက်တစ်ကြိမ် အောင်မြင်ဖို့ကိုပဲ အာရုံစိုက်သင့်တယ် မြင်နေပါတယ်။

ညာအစွန်လူက ‘ အခြေအနေတွေက မတူညီဘဲ ကျနေ်ာတို့က ချန်ပီယံဖြစ်နေဆဲဆိုရင်တော့ အောင်ပွဲခံဖို့ ဟုတ်တာပေါ့။ ဒါပေမယ့် ကျနေ်ာတို့က ချန်ပီယံ မဟုတ်တော့တာကြောင့် အောင်ပွဲခံနိုင်ဖို့ဆိုရင် ချန်ပီယံဖြစ်မှပဲ ရပါမယ်။

အကယ်လို့ ဒီရာသီမှာ ကျနေ်ာတို့ရဲ့ ဦးတည်ချက်နဲ့ ပန်းတိုင်တွေကို အောင်မြင်မယ်ဆိုရင် အဲ့တာက ပရီးမီးယားလိဂ်နဲ့ အခြားသော ဆုဖလားတွေကို အောင်မြင်တာပဲ ဖြစ်ပါလိမ့်မယ်။ အဲ့တာဆိုရင်တော့ ကျနေ်ာတို့က မေလအတွင်းမှာ နှစ်ရာသီစာအတွက် အောင်ပွဲခံနိုင်မှာဖြစ်ပါတယ်။

အဲ့တာက ခက်ခဲပါတယ် ဒါပေမယ့် ပရီးမီးယားလိဂ်ကို အောင်နိုင်ဖို့ ကျနော်မှာ အခွင့်အရေးတွေ အများကြီး ရှိနေသေးတယ်လို့ ထင်ပါတယ်။ ကျနော် ထပ်ပြီး အနိုင်ရမှာပါ။ ဒီရာသီမှာ ထပ်ပြီး အနိုင်ရဖို့လည်း အသင်းက လုံလောက်အောင် ကောင်းပါတယ် ဆိုတာအတွက် သံသယမရှိပါဘူး။ ‘ ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI

အန္ဖီးကြင္းမွာ ပရိသတ္ ၅၀၀၀၀ ေက်ာ္ ဝင္ေရာက္ အားေပးမႈနဲ႔အတူ ေျခစမ္းပြဲ ႏွစ္ပြဲကို လီဗာပူးအသင္းက ေအာင္ျမင္စြာ က်င္းပႏုိင္ခဲ့ျပီျဖစ္ပါတယ္။

ရာသီသစ္မွာေတာ့ အန္ဖီးကြင္းထဲ ပရိသတ္ေတြ ဝင္ေရာက္ခြင့္ရမွာနဲ႔အတူ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ လီဗာပူးအသင္း ကိုင္ေျမာက္ႏုိင္ခဲ့တဲ့ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို တစ္ေက်ာ့ျပန္ ေအာင္ပြဲခံမလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။

လီဗာပူးအသင္းက ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ လံုေလာက္တဲ့ ေအာင္ပြဲခံမႈ လုပ္ႏုိင္ခဲ့သလားဆိုတဲ့ အေမးကို ထရန္႔က ‘ အဲ့လိုေတာ့ မထင္ပါဘူး ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ ျပန္ျပီး ေအာင္ပြဲခံတာေတြ လုပ္ဖို႔ဆိုတာကလည္း အခ်ိန္ သိပ္ေက်ာ္သြားျပီလို႔ ခံစားရပါတယ္။’ လို႔ တုန္႔ျပန္ပါတယ္။

မႏွစ္ကရာသီ ပရီးမီးယားလိဂ္ဖလားကို မန္စီးတီးအသင္း အႏုိင္ရထားတာေၾကာင့္ လက္ရွိ ခ်န္ပီယံဟာ မန္ခ်က္စတာကလပ္ပဲ ျဖစ္ပါတယ္။ ထရန္႔ကေတာ့ ကိုယ္က လက္ရွိခ်န္ပီယံ မဟုတ္ေတာ့ခ်ိန္မွာ ေအာင္ပြဲခံမႈ လုပ္ဖို႔အစား သံသယကင္းကင္းျဖင့္ ေအာင္ပြဲခံႏုိင္ဖို႔ အမွတ္ေပးဖလား ေနာက္တစ္ၾကိမ္ ေအာင္ျမင္ဖို႔ကိုပဲ အာရံုစိုက္သင့္တယ္ ျမင္ေနပါတယ္။

ညာအစြန္လူက ‘ အေျခအေနေတြက မတူညီဘဲ က်ေန္ာတို႔က ခ်န္ပီယံျဖစ္ေနဆဲဆိုရင္ေတာ့ ေအာင္ပြဲခံဖို႔ ဟုတ္တာေပါ့။ ဒါေပမယ့္ က်ေန္ာတို႔က ခ်န္ပီယံ မဟုတ္ေတာ့တာေၾကာင့္ ေအာင္ပြဲခံႏုိင္ဖို႔ဆိုရင္ ခ်န္ပီယံျဖစ္မွပဲ ရပါမယ္။

အကယ္လို႔ ဒီရာသီမွာ က်ေန္ာတို႔ရဲ႕ ဦးတည္ခ်က္နဲ႔ ပန္းတိုင္ေတြကို ေအာင္ျမင္မယ္ဆိုရင္ အဲ့တာက ပရီးမီးယားလိဂ္နဲ႔ အျခားေသာ ဆုဖလားေတြကို ေအာင္ျမင္တာပဲ ျဖစ္ပါလိမ့္မယ္။ အဲ့တာဆိုရင္ေတာ့ က်ေန္ာတို႔က ေမလအတြင္းမွာ ႏွစ္ရာသီစာအတြက္ ေအာင္ပြဲခံႏိုင္မွာျဖစ္ပါတယ္။

အဲ့တာက ခက္ခဲပါတယ္ ဒါေပမယ့္ ပရီးမီးယားလိဂ္ကို ေအာင္ႏုိင္ဖို႔ က်ေနာ္မွာ အခြင့္အေရးေတြ အမ်ားၾကီး ရွိေနေသးတယ္လို႔ ထင္ပါတယ္။ က်ေနာ္ ထပ္ျပီး အႏုိင္ရမွာပါ။ ဒီရာသီမွာ ထပ္ျပီး အႏုိင္ရဖို႔လည္း အသင္းက လံုေလာက္ေအာင္ ေကာင္းပါတယ္ ဆိုတာအတြက္ သံသယမရွိပါဘူး။ ‘ ဆိုျပီး ေျပာဆိုသြားခဲ့ပါတယ္။