မန်နေဂျာကလော့ပ်က ဟန်ဒါဆန်ရဲ့ စာချုပ်သစ်ကိစ္စကို ဖြေရှင်းဖို့ ကလပ်က ကြိုးစားနေပြီး ဖြေရှင်းနိုင်မယ်ဆိုတာလည်း သံသယမရှိပါဘူးလို့ ဖွင့်ပြောလာပါတယ်။

မန်နေဂျာကလော့ပ်က သူဟာ လီဗာပူးမန်နေဂျာထိုင်ခုံမှာထိုင်နေတာက ဟိုကစားသမားခေါ်တာကောင်းမယ်၊ ဒီကစားသမားခေါ်တာကောင်းမယ်ဆိုပြီး ပူဆာနေဖို့ မဟုတ်ဘဲ အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့ အသင်းအတွက် အကောင်းဆုံး အလုပ်လုပ်ဖို့ပါလို့ တုန့်ပြန်ပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် အာဆင်နယ်ဘက်ကို ဂိုးသွင်းယူသွားတဲ့ ကာနိုစ့်ဟာ လီဗာပူးအကယ်ဒမီထွက် ကစားသမားဟောင်းဖြစ်ပါတယ်။

နော့ဝစ်နဲ့ပွဲမှာ ဂိုးသွင်းနိုင်မယ်ဆိုရင် ဆာလာဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲကို ၅ နှစ်ဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ပရီးမီးယားလိဂ် ကစားသမားဖြစ်လာပါမယ်။

ယူအီးအက်ဖ်အေက FFP စည်းမျဉ်းကို အသွင်ပြောင်းဖို့ ပြင်ဆင်နေပြီး ငွေပိုသုံးလေ နှစ်အကုန်ပိုင်းမှာ မြင့်မားတဲ့ အခွန်ငွေ ပိုပေးဆောင်ရလေဆိုတဲ့ ပုံစံမျိုးကို စတင်လာဖို့ ရှိပါတယ်။

လက်ရှိ လီဗာပူး အသင်းသားတွေဟာ ပရီးမီးယားလိဂ်ကို အောင်နိုင်ဖူးသူတွေဖြစ်ကြောင်းနဲ့ ပြိုင်ဘက်အသင်းတွေ ဘာလုပ်နေတယ်ဆိုတာထက် ကိုယ်ဘာသာ အပေါ်မှာပဲ အာရုံစိုက်သွားမယ်လို့ အယ်လီဆန်က ဆိုပါတယ်။

လီဗာပူးအသင်းက ဒီနွေမှာ နီကိုးကို ရောင်းဖို့မရှိသလို လက်စတာမှ တောင်ပံသမား ဘန်းစ်ကိုလည်း ခေါ်ယူဖို့ မရှိဘူးလို့ ပီယော့ဇ်က ပြောပါတယ်။ လီဗာပူးသတင်းထောက်ကတော့ သူတို့ နှစ်ဦးလုံးရဲ့ ကိစ္စတွေက လာမယ့်ရာသီတွေမှာတော့ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

နော့ဝစ်နဲ့ပွဲမှာ မန်နေဂျာကလော့ပ်က တိုက်စစ်အတွက် ဂျိုတာကို ထုတ်သုံးမှာဖြစ်ကာ ခံစစ်မှူးနေရာမှာတော့ မာတစ်ကို ဗန်ဒိုက် (သို့) ကိုနတေးနဲ့ တွဲဘက်ပေးဖို့ စီစဉ်ထားပါတယ်။

ဒီနွေမှာ လီဗာပူးကနေ ထွက်ခွာသွားနိုင်ဆဲ ကစားသမား ၅ ဦးကတော့ ရှာကွီရီ၊ ကားရီးယက်စ်၊ အိုဂျို၊ နက်ဖီးလစ်၊ ဘမ်ဒေးဗစ်တို့ဖြစ်တယ်လို့ The Athletic က ဖော်ပြပါတယ်။

လီဗာပူးရဲ့ နောက်ထပ် သက်တမ်းတိုးမှုက ဆာလာ ဖြစ်လာဖို့ရှိပြီး ပြီးရင်တော့ ရော်ဘတ်ဆန်၊ မာနေးတို့ကို သက်တမ်းတိုးနိုင်ဖို့ ကြိုးစားပါမယ်။

ကလပ်နဲ့ စာချုပ် နောက်ဆုံးနှစ်ရောက်နေပြီဖြစ်တဲ့ ကားရီးယက်စ်ကို ရောင်းထုတ်ဖို့ ကြိုးစားနေပေပမယ့် ဝယ်လက် မရှိသေးဘူးဖြစ်နေပါတယ်။ ကလပ်ဘက်ကတော့ ဂျာမနီနဲ့ ဆွစ်ဇလန်ဘက်က ကမ်းလှမ်းမှုရဖို့ မျှော်လင့်နေပါတယ်။

လီဗာပူးအသင်းရဲ့ နံပါတ် ၂ ဂိုးသမားက အတ်ဒရီယန် မဟုတ်ဘဲ ကလယ်ဟာ ဖြစ်လာခဲ့ပါပြီ။ လူငယ်လေးရဲ့ တိုးတက် တောက်ပလာမှုတွေကြောင့်ပဲ အတ်ဒရီယန်ဟာ နံပါတ် ၃ နေရာကို ဆင်းခဲ့ရပါပြီ။

လီဗာပူးအသင်းဟာ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ်ကို စိတ်ဝင်စားသလို ကစားသမားကလည်း စတီဗင်ဂျရတ်ကို အထင်ကြီးကြောင်း လူသိရှင်ကြား ပြောဆိုမှုအရ လီဗာပူးကို ပြောင်းလာဖို့ဆိုရင် သဘောကျလိမ့်မယ်လို့ သတင်းထောက် ဂျိမ်းပီယော့ဇ်က ပြောပါတယ်။

ZAWGYI

မန္ေနဂ်ာကေလာ့ပ္က ဟန္ဒါဆန္ရဲ႕ စာခ်ဳပ္သစ္ကိစၥကို ေျဖရွင္းဖို႔ ကလပ္က ၾကိဳးစားေနျပီး ေျဖရွင္းႏုိင္မယ္ဆိုတာလည္း သံသယမရွိပါဘူးလို႔ ဖြင့္ေျပာလာပါတယ္။

မန္ေနဂ်ာကေလာ့ပ္က သူဟာ လီဗာပူးမန္ေနဂ်ာထိုင္ခံုမွာထိုင္ေနတာက ဟိုကစားသမားေခၚတာေကာင္းမယ္၊ ဒီကစားသမားေခၚတာေကာင္းမယ္ဆိုျပီး ပူဆာေနဖို႔ မဟုတ္ဘဲ အသင္းမွာရွိတဲ့ ကစားသမားေတြနဲ႔ အသင္းအတြက္ အေကာင္းဆံုး အလုပ္လုပ္ဖို႔ပါလို႔ တုန္႔ျပန္ပါတယ္။

၂၀၂၁-၂၀၂၂ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ အဖြင့္ပြဲအျဖစ္ အာဆင္နယ္ဘက္ကို ဂိုးသြင္းယူသြားတဲ့ ကာႏိုစ့္ဟာ လီဗာပူးအကယ္ဒမီထြက္ ကစားသမားေဟာင္းျဖစ္ပါတယ္။

ေနာ့ဝစ္နဲ႔ပြဲမွာ ဂိုးသြင္းႏုိင္မယ္ဆိုရင္ ဆာလာဟာ ပရီးမီးယားလိဂ္ အဖြင့္ပြဲကို ၅ ႏွစ္ဆက္တိုက္ ဂိုးသြင္းယူႏုိင္တဲ့ ပထမဆံုး ပရီးမီးယားလိဂ္ ကစားသမားျဖစ္လာပါမယ္။

ယူအီးအက္ဖ္ေအက FFP စည္းမ်ဥ္းကို အသြင္ေျပာင္းဖို႔ ျပင္ဆင္ေနျပီး ေငြပိုသံုးေလ ႏွစ္အကုန္ပိုင္းမွာ ျမင့္မားတဲ့ အခြန္ေငြ ပိုေပးေဆာင္ရေလဆိုတဲ့ ပံုစံမ်ိဳးကို စတင္လာဖို႔ ရွိပါတယ္။

လက္ရွိ လီဗာပူး အသင္းသားေတြဟာ ပရီးမီးယားလိဂ္ကို ေအာင္ႏုိင္ဖူးသူေတြျဖစ္ေၾကာင္းနဲ႔ ျပိဳင္ဘက္အသင္းေတြ ဘာလုပ္ေနတယ္ဆိုတာထက္ ကိုယ္ဘာသာ အေပၚမွာပဲ အာရံုစိုက္သြားမယ္လို႔ အယ္လီဆန္က ဆိုပါတယ္။

လီဗာပူးအသင္းက ဒီေႏြမွာ နီကိုးကို ေရာင္းဖို႔မရွိသလို လက္စတာမွ ေတာင္ပံသမား ဘန္းစ္ကိုလည္း ေခၚယူဖို႔ မရွိဘူးလို႔ ပီေယာ့ဇ္က ေျပာပါတယ္။ လီဗာပူးသတင္းေထာက္ကေတာ့ သူတို႔ ႏွစ္ဦးလံုးရဲ႕ ကိစၥေတြက လာမယ့္ရာသီေတြမွာေတာ့ ျဖစ္လာႏုိင္တယ္လို႔ ဆိုပါတယ္။

ေနာ့ဝစ္နဲ႔ပြဲမွာ မန္ေနဂ်ာကေလာ့ပ္က တိုက္စစ္အတြက္ ဂ်ိဳတာကို ထုတ္သံုးမွာျဖစ္ကာ ခံစစ္မွဴးေနရာမွာေတာ့ မာတစ္ကို ဗန္ဒိုက္ (သို႔) ကိုနေတးနဲ႔ တြဲဘက္ေပးဖို႔ စီစဥ္ထားပါတယ္။

ဒီေႏြမွာ လီဗာပူးကေန ထြက္ခြာသြားႏုိင္ဆဲ ကစားသမား ၅ ဦးကေတာ့ ရွာကီြရီ၊ ကားရီးယက္စ္၊ အိုဂ်ိဳ၊ နက္ဖီးလစ္၊ ဘမ္ေဒးဗစ္တို႔ျဖစ္တယ္လို႔ The Athletic က ေဖာ္ျပပါတယ္။

လီဗာပူးရဲ႕ ေနာက္ထပ္ သက္တမ္းတိုးမႈက ဆာလာ ျဖစ္လာဖို႔ရွိျပီး ျပီးရင္ေတာ့ ေရာ္ဘတ္ဆန္၊ မာေနးတို႔ကို သက္တမ္းတိုးႏုိင္ဖုိ႔ ၾကိဳးစားပါမယ္။

ကလပ္နဲ႔ စာခ်ဳပ္ ေနာက္ဆံုးႏွစ္ေရာက္ေနျပီျဖစ္တဲ့ ကားရီးယက္စ္ကို ေရာင္းထုတ္ဖို႔ ၾကိဳးစားေနေပပမယ့္ ဝယ္လက္ မရွိေသးဘူးျဖစ္ေနပါတယ္။ ကလပ္ဘက္ကေတာ့ ဂ်ာမနီနဲ႔ ဆြစ္ဇလန္ဘက္က ကမ္းလွမ္းမႈရဖို႔ ေမွ်ာ္လင့္ေနပါတယ္။

လီဗာပူးအသင္းရဲ႕ နံပါတ္ ၂ ဂိုးသမားက အတ္ဒရီယန္ မဟုတ္ဘဲ ကလယ္ဟာ ျဖစ္လာခဲ့ပါျပီ။ လူငယ္ေလးရဲ႕ တိုးတက္ ေတာက္ပလာမႈေတြေၾကာင့္ပဲ အတ္ဒရီယန္ဟာ နံပါတ္ ၃ ေနရာကို ဆင္းခဲ့ရပါျပီ။

လီဗာပူးအသင္းဟာ ေဒါ့မြန္ကြင္းလယ္လူ ဘယ္လင္ဟမ္ကို စိတ္ဝင္စားသလို ကစားသမားကလည္း စတီဗင္ဂ်ရတ္ကို အထင္ၾကီးေၾကာင္း လူသိရွင္ၾကား ေျပာဆိုမႈအရ လီဗာပူးကို ေျပာင္းလာဖို႔ဆိုရင္ သေဘာက်လိမ့္မယ္လို႔ သတင္းေထာက္ ဂ်ိမ္းပီေယာ့ဇ္က ေျပာပါတယ္။