နော့ဝစ်နဲ့ပွဲမှာ မန်နေဂျာကလော့ပ်ဟာ ဆုံးဖြတ်ချက်ကြီး နှစ်ခုကို ပြုလုပ်ရမယ်လို့ သိထားရပြီး ဂျိုတာနဲ့ ဗန်ဒိုက်ကို ထည့်သွင်းကစားစေမလားဆိုတာကို ရွေးချယ်ရပါလိမ့်မယ်။

ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် အဝေးကွင်းသွားရောက် ရင်ဆိုင်ရမယ့်ပွဲမှာ လီဗာပူးလူစာရင်းက ပွဲထွက် ၁၁ ဦးကို ကောင်းကောင်းရွေးချယ်နိုင်ဖို့ လုံလောက်မှုရှိထားတယ်။ ဒီပွဲမှာ စိတ်ဝင်စားစရာ ကိစ္စက ဗဟိုခံစစ်အတွဲအဖြစ် ဘယ်သူတွေကို ထုတ်သုံးမလဲနဲ့ တိုက်စစ် သုံးယောက်တန်းကို ဘယ်သူတွေ ဦးဆောင်မလဲ ဖြစ်ပါတယ်။

အခြားသော အရေးပါတဲ့ ကိစ္စအဖြစ် ကွင်းလယ် တစ်နေရာစာအတွက် ဘယ်သူကများ နေရာရလာမလဲဖြစ်ပါတယ်။

လီဗာပူးသတင်းထောက်တွေရဲ့ ပြောဆိုထားမှုတွေအရ အယ်လီဆန်၊ ထရန့်၊ ကိုစတက်တို့ဟာ ခံစစ်မှာ ပါဝင်ကစားရမှာဖြစ်တယ်။ ဗဟိုခံစစ်အတွဲအဖြစ်တော့ မာတစ်ကိုပဲ ဗန်ဒိုက် (သို့) ကိုနတေးနဲ့ တွဲဘက်ပေးမယ်လို့ သိထားရတယ်။ ဗန်ဒိုက် မိနစ် ၉၀ အပြည့် ကစားနိုင်မယ်ဆိုရင်တော့ ကစားသမားဖြစ်တဲ့ ကိုနတေးကို အရန်ခုံကနေ လေ့လာစေဖို့ များပါတယ်။

ကွင်းလယ်မှာတော့ ဖာဘင်ညို၊ ကိတ်တာအတွဲကို ထုတ်သုံးဖို့ ယာဂင်က ဆုံးဖြတ်ထားပြီးပါပြီ။ လက်ကျန် ကွင်းလယ်တစ်နေရာအတွက် မီလ်နာ၊ အယ်လီးယော့နဲ့ ချိန်ဘာလိန်တို့ အပြိုင် ကြိုးစားရဖို့ရှိကာ ရာသီကြိုမှာ ကစားအားကောင်းကောင်း ကစားနိုင်နေတဲ့ မီလ်နာကို ထုတ်သုံးမယ်လို့ အသံထွက်နေတယ်။ ဒါပေမယ့်လို့ မိနစ် ၉၀ ကစားအားအရဆိုရင် ချိန်ဘာလိန်ကို ပွဲထုတ်ပြီး မီလ်နာကို လူစားဝင်စေကာ ပွဲထိန်းစေဖို့ များပါတယ်။

တိုက်စစ်မှာတော့ ပထမဆုံး ရာသီကြိုရက်တည်းက အသင်းနဲ့ ပူးပေါင်းထားတဲ့ ဆာလာနဲ့ မာနေးတို့ ပွဲထွက်ခွင့်ရမှာပါ။ ကျန် တိုက်စစ် တစ်နေရာအတွက် ဂျိုတာ၊ ဖာမင်နိုတို့ ပြိုင်ဆိုင်ရမှာဖြစ်ကာ အသင်းနဲ့ ပူးပေါင်းချိန် နောက်ကျထားတဲ့ ဖာမင်နိုကို နော့ဝစ်ပွဲအတွက် အရန်စာရင်းမှာပဲ ထားမယ်လို့ ယူဆရတယ်။

ဟန်ဒိုနဲ့ သီယာဂိုတို့က အသင်းနဲ့ ပူးပေါင်းချိန် တစ်ပတ်လောက်ပဲ ရှိထားသေးတာဖြစ်လို့ ဒီပွဲမှာတော့ ပွဲထွက်စာရင်းက ပါဝင်ရမှာ မဟုတ်ပါဘူး။

Liverpool’s XI; Alisson; Alexander-Arnold, Matip, Van Dijk, Tsimikas; Fabinho, Keita, Chamberlain; Salah, Mane, Jota

ZAWGYI

ေနာ့ဝစ္နဲ႔ပြဲမွာ မန္ေနဂ်ာကေလာ့ပ္ဟာ ဆံုးျဖတ္ခ်က္ၾကီး ႏွစ္ခုကို ျပဳလုပ္ရမယ္လို႔ သိထားရျပီး ဂ်ိဳတာနဲ႔ ဗန္ဒိုက္ကို ထည့္သြင္းကစားေစမလားဆိုတာကို ေရြးခ်ယ္ရပါလိမ့္မယ္။

ပရီးမီးယားလိဂ္အဖြင့္ပြဲအျဖစ္ အေဝးကြင္းသြားေရာက္ ရင္ဆိုင္ရမယ့္ပြဲမွာ လီဗာပူးလူစာရင္းက ပြဲထြက္ ၁၁ ဦးကို ေကာင္းေကာင္းေရြးခ်ယ္ႏုိင္ဖို႔ လံုေလာက္မႈရွိထားတယ္။ ဒီပြဲမွာ စိတ္ဝင္စားစရာ ကိစၥက ဗဟိုခံစစ္အတြဲအျဖစ္ ဘယ္သူေတြကို ထုတ္သံုးမလဲနဲ႔ တိုက္စစ္ သံုးေယာက္တန္းကို ဘယ္သူေတြ ဦးေဆာင္မလဲ ျဖစ္ပါတယ္။

အျခားေသာ အေရးပါတဲ့ ကိစၥအျဖစ္ ကြင္းလယ္ တစ္ေနရာစာအတြက္ ဘယ္သူကမ်ား ေနရာရလာမလဲျဖစ္ပါတယ္။

လီဗာပူးသတင္းေထာက္ေတြရဲ႕ ေျပာဆိုထားမႈေတြအရ အယ္လီဆန္၊ ထရန္႔၊ ကိုစတက္တို႔ဟာ ခံစစ္မွာ ပါဝင္ကစားရမွာျဖစ္တယ္။ ဗဟိုခံစစ္အတြဲအျဖစ္ေတာ့ မာတစ္ကိုပဲ ဗန္ဒိုက္ (သို႔) ကိုနေတးနဲ႔ တြဲဘက္ေပးမယ္လို႔ သိထားရတယ္။ ဗန္ဒိုက္ မိနစ္ ၉၀ အျပည့္ ကစားႏုိင္မယ္ဆိုရင္ေတာ့ ကစားသမားျဖစ္တဲ့ ကိုနေတးကို အရန္ခံုကေန ေလ့လာေစဖို႔ မ်ားပါတယ္။

ကြင္းလယ္မွာေတာ့ ဖာဘင္ညိဳ၊ ကိတ္တာအတြဲကို ထုတ္သံုးဖို႔ ယာဂင္က ဆံုးျဖတ္ထားျပီးပါျပီ။ လက္က်န္ ကြင္းလယ္တစ္ေနရာအတြက္ မီလ္နာ၊ အယ္လီးေယာ့နဲ႔ ခ်ိန္ဘာလိန္တို႔ အျပိဳင္ ၾကိဳးစားရဖို႔ရွိကာ ရာသီၾကိဳမွာ ကစားအားေကာင္းေကာင္း ကစားႏုိင္ေနတဲ့ မီလ္နာကို ထုတ္သံုးမယ္လုိ႔ အသံထြက္ေနတယ္။ ဒါေပမယ့္လို႔ မိနစ္ ၉၀ ကစားအားအရဆိုရင္ ခ်ိန္ဘာလိန္ကို ပြဲထုတ္ျပီး မီလ္နာကို လူစားဝင္ေစကာ ပြဲထိန္းေစဖို႔ မ်ားပါတယ္။

တိုက္စစ္မွာေတာ့ ပထမဆံုး ရာသီၾကိဳရက္တည္းက အသင္းနဲ႔ ပူးေပါင္းထားတဲ့ ဆာလာနဲ႔ မာေနးတို႔ ပြဲထြက္ခြင့္ရမွာပါ။ က်န္ တိုက္စစ္ တစ္ေနရာအတြက္ ဂ်ိဳတာ၊ ဖာမင္ႏိုတုိ႔ ျပိဳင္ဆိုင္ရမွာျဖစ္ကာ အသင္းနဲ႔ ပူးေပါင္းခ်ိန္ ေနာက္က်ထားတဲ့ ဖာမင္ႏိုကို ေနာ့ဝစ္ပြဲအတြက္ အရန္စာရင္းမွာပဲ ထားမယ္လို႔ ယူဆရတယ္။

ဟန္ဒိုနဲ႔ သီယာဂိုတို႔က အသင္းနဲ႔ ပူးေပါင္းခ်ိန္ တစ္ပတ္ေလာက္ပဲ ရွိထားေသးတာျဖစ္လုိ႔ ဒီပြဲမွာေတာ့ ပြဲထြက္စာရင္းက ပါဝင္ရမွာ မဟုတ္ပါဘူး။

Liverpool’s XI; Alisson; Alexander-Arnold, Matip, Van Dijk, Tsimikas; Fabinho, Keita, Chamberlain; Salah, Mane, Jota