ဒီအပတ်မှာ ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည်စတင်ပြီဖြစ်ကာ လာမယ့် စနေနေ့မှာတော့ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၁ အဖြစ် နော့ဝစ်အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ကလပ်ရဲ့ လိဂ်အဖွင့်ပွဲစဉ်အတွက် ဘောလုံးပွဲခန့်မှန်းသူ အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းအား ဖော်ပြလိုက်ပါတယ်။
နော့ဝစ် V လီဗာပူး
ပရီးမီးယားလိဂ် ပွဲစဉ် (၁)
သြဂုတ် ၁၄ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ည ၁၁းဝဝ နာရီ။
အိုဝင်၏ ပွဲကြို သုံးသပ်ချက်။ ။ မနှစ်ကရာသီက ကျနော် အသင်းဟောင်းအတွက် ခက်ခဲခဲ့ပေမယ့် သူတို့က ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကာကွယ်နိုင်ခဲ့ပါတယ်။ မနှစ်ကရာသီမှာ ခံစစ်က ဒုက္ခပေးခဲ့တယ်ဆိုပေမယ့် အဓိက ကစားသမား ဗန်ဒိုက်က ပြန်လာပြီဖြစ်သလို ခံစစ်မှူးသစ် ကိုနတေးကလည်း အထိုင်ကျလာနေပါတယ်။ ကြီးမားတဲ့ တိုးတက်မှုတွေ ရှိလာမယ်လို့ ကျနော် မျှော်လင့်ထားတယ်။
ဗန်ဒိုက်ကို ထည့်မကစားနိုင်တာက အသင်းအတွက် ထိခိုက်မှုကြီးဖြစ်ခဲ့သလိုပဲ အခုချိန်မှာ သူ့ကို ပြန်လည် ပွဲထုတ်နိုင်တော့မှာကလည်း အားသာချက်ကြီး ဖြစ်လာစေပါမယ်။
နော့ဝစ်က ချန်ပီယံရှစ်မှာ ဗိုလ်စွဲပြီး တန်းပြန်တက်လာခဲ့တာဖြစ်ကာ ဒီကာလတွေမှာ သူတို့အသင်းရဲ့ ကစားပုံက သိပ်ကောင်းပါတယ်။ ဒီအဆင့်မှာ သူတို့ဘက်က တိုက်စစ်ဖွင့်ကစားလာမှာကို စိတ်ပူမိပါတယ်။ ဘွမ်ဒီရာကို လက်လွတ်လိုက်ရတာက သူတို့အတွက် ကြီးမားတဲ့ ဆုံးရှူံးဖြစ်ပေမယ့်လို့ ဂေလ်းမားကို ခေါ်ယူလိုက်နိုင်တာက သိပ်ကောင်းပါတယ်။ ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်ဖို့ဆိုရင်တော့ ပူကီကို လိုအပ်ပါလိမ့်မယ်။
အရင် နှစ်နှစ် သူတို့ တန်းဆင်းခဲ့တုန်းက နော့ဝစ်ဟာ ခံစစ်ပေးဂိုး ရ၅ ဂိုးထိ ရှိခဲ့ပါတယ်။ ဒီရာသီမှာလည်း ခံစစ်က အဲ့လိုဖြစ်လာမှာကိုတော့ ကျနော် စိုးရိမ်တယ်။ အဲ့တုန်းက လီဗာပူးက ရာသီအဖွင့်ပွဲအဖြစ် သူတို့ကို ၄-၁ ဖြင့် အနိုင်ယူခဲ့တယ်။ ဒီတစ်ကြိမ်မှာလည်း အဲ့လိုပဲ ဖြစ်လာမယ် ခန့်မှန်းပါတယ်။ လီဗာပူးက ၃-၁ နဲ့ အနိုင်ရပါလိမ့်မယ်။
ပွဲစဉ်အတွက် အိုဝင်၏ ခန့်မှန်းရလဒ်။ ။ နော့ဝစ် ၁-၃ လီဗာပူး
ZAWGYI
ဒီအပတ္မွာ ပရီးမီးယားလိဂ္ပြဲေတြ ျပန္လည္စတင္ျပီျဖစ္ကာ လာမယ့္ စေနေန႔မွာေတာ့ လီဗာပူးအသင္းက ပရီးမီးယားလိဂ္ ပြဲစဥ္ ၁ အျဖစ္ ေနာ့ဝစ္အသင္းကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။
ကလပ္ရဲ႕ လိဂ္အဖြင့္ပြဲစဥ္အတြက္ ေဘာလံုးပြဲခန္႔မွန္းသူ အိုဝင္ရဲ႕ သံုးသပ္ခ်က္နဲ႔ ရလဒ္ခန္႔မွန္းအား ေဖာ္ျပလိုက္ပါတယ္။
ေနာ့ဝစ္ V လီဗာပူး
ပရီးမီးယားလိဂ္ ပြဲစဥ္ (၁)
ၾသဂုတ္ ၁၄ ရက္၊ စေနေန႔။
ျမန္မာစံေတာ္ခ်ိန္ ည ၁၁း၀၀ နာရီ။
အိုဝင္၏ ပြဲၾကိဳ သံုးသပ္ခ်က္။ ။ မႏွစ္ကရာသီက က်ေနာ္ အသင္းေဟာင္းအတြက္ ခက္ခဲခဲ့ေပမယ့္ သူတို႔က ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ ကာကြယ္ႏုိင္ခဲ့ပါတယ္။ မႏွစ္ကရာသီမွာ ခံစစ္က ဒုကၡေပးခဲ့တယ္ဆိုေပမယ့္ အဓိက ကစားသမား ဗန္ဒိုက္က ျပန္လာျပီျဖစ္သလို ခံစစ္မွဴးသစ္ ကိုနေတးကလည္း အထိုင္က်လာေနပါတယ္။ ၾကီးမားတဲ့ တိုးတက္မႈေတြ ရွိလာမယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ထားတယ္။
ဗန္ဒိုက္ကို ထည့္မကစားႏုိင္တာက အသင္းအတြက္ ထိခိုက္မႈၾကီးျဖစ္ခဲ့သလိုပဲ အခုခ်ိန္မွာ သူ႔ကို ျပန္လည္ ပြဲထုတ္ႏုိင္ေတာ့မွာကလည္း အားသာခ်က္ၾကီး ျဖစ္လာေစပါမယ္။
ေနာ့ဝစ္က ခ်န္ပီယံရွစ္မွာ ဗိုလ္စြဲျပီး တန္းျပန္တက္လာခဲ့တာျဖစ္ကာ ဒီကာလေတြမွာ သူတို႔အသင္းရဲ႕ ကစားပံုက သိပ္ေကာင္းပါတယ္။ ဒီအဆင့္မွာ သူတို႔ဘက္က တိုက္စစ္ဖြင့္ကစားလာမွာကို စိတ္ပူမိပါတယ္။ ဘြမ္ဒီရာကို လက္လြတ္လိုက္ရတာက သူတို႔အတြက္ ၾကီးမားတဲ့ ဆံုးရံွဴးျဖစ္ေပမယ့္လို႔ ေဂလ္းမားကို ေခၚယူလိုက္ႏုိင္တာက သိပ္ေကာင္းပါတယ္။ ပရီးမီးယားလိဂ္မွာ တင္က်န္ရစ္ဖို႔ဆိုရင္ေတာ့ ပူကီကို လိုအပ္ပါလိမ့္မယ္။
အရင္ ႏွစ္ႏွစ္ သူတို႔ တန္းဆင္းခဲ့တုန္းက ေနာ့ဝစ္ဟာ ခံစစ္ေပးဂိုး ၇၅ ဂိုးထိ ရွိခဲ့ပါတယ္။ ဒီရာသီမွာလည္း ခံစစ္က အဲ့လိုျဖစ္လာမွာကိုေတာ့ က်ေနာ္ စိုးရိမ္တယ္။ အဲ့တုန္းက လီဗာပူးက ရာသီအဖြင့္ပြဲအျဖစ္ သူတို႔ကို ၄-၁ ျဖင့္ အႏုိင္ယူခဲ့တယ္။ ဒီတစ္ၾကိမ္မွာလည္း အဲ့လိုပဲ ျဖစ္လာမယ္ ခန္႔မွန္းပါတယ္။ လီဗာပူးက ၃-၁ နဲ႔ အႏုိင္ရပါလိမ့္မယ္။
ပြဲစဥ္အတြက္ အိုဝင္၏ ခန္႔မွန္းရလဒ္။ ။ ေနာ့ဝစ္ ၁-၃ လီဗာပူး