နွေအပြောင်းအရွှေ့မှာ လီဗာပူးအသင်းက ပြိုင်ဘက် အသင်းတွေဖြစ်တဲ့ ချယ်ဆီး၊ မန်စီးတီးတို့လို ငွေသုံးဖို့ အကန့်အသတ်ရှိပါကြောင်း ယာဂင်ကလော့ပ်က ဝန်ခံလိုက်ပါတယ်။
ပရီးမီးယားလိဂ် လက်ရှိချန်ပီယံနဲ့ ဥရောပချန်ပီယံ အသင်းတွေဟာ နွေဈေးကွက်နေ ပေါင် သန်း ၁၀၀ တွေ သုံးထားပြီဖြစ်တယ်။ ယူနိုက်တက်ကလည်း ဆန်ချို၊ ဗာရိန်းတို့ကို ခေါ်ယူထားပေမယ့် လီဗာပူးကတော့ ကိုနတေး တစ်ဦးတည်း ခေါ်ယူကာ ဆုဖလား ပြိုင်ဆိုင်မှု လမ်းကြောင်းထဲ ဝင်ပါနိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်။
အသင်းဟာ ကိုယ်သုံးနိုင်တဲ့ ငွေကြေးအပေါ်မှာပဲ ကစားသမားခေါ်ယူမှုတွေ လုပ်နေပြီး ပြိုင်ဘက်တွေရဲ့ ငွေသုံးမှုတွေနဲ့တော့ နှိုင်းယှဉ်မရဘူးလို့ ယာဂင်က တုန့်ပြန်ပါတယ်။
ယာဂင်က ‘ ချယ်ဆီး၊ မန်စီးတီး၊ ပီအက်စ်ဂျီအသင်းတို့ရဲ့ အနေအထားကို ကျနော်တို့အားလုံးလည်း သိပါတယ်။ ယူနိုက်တက်ကတော့ ဘယ်လို လုပ်သွားလဲ ကျနော် မသိပါဘူး။ ဒါပေမယ့် အားလုံးက ကိုယ်ပိုင် နည်းလမ်းတွေ ရှိပါတယ်။
အမြဲတမ်း အတူတူပါပဲ။ ကျနော်တို့ ငွေသုံးနိုင်တယ်၊ ကျနော်တို့ သုံးခွင့်ရတဲ့ ငွေကြေးတွေကို အသုံးပြုပါတယ်။ အဲ့လိုပဲ အမြဲတမ်း လုပ်ခဲ့ပါတယ်။ ကျနော်တို့ အခြေအနေအတွက် အံ့သြတာတွေ မရှိပါဘူး။ မန်စီးတီး၊ ချယ်ဆီး၊ ယူနိုက်တက်တို့ရဲ့ ဘဏ္ဍာရေး အင်အားအပေါ် ဘယ်တော့မှလည်း အံ့သြမှာ မဟုတ်ပါဘူး။
အခြားအသင်းတွေနဲ့ ကျနော်တို့ နှိုင်းယှဉ်လို့ မရပါဘူး။ သူတို့က အပြောင်းအရွှေ့တွေမှာ အကန့်အသတ် မရှိပေမယ့် ကျနော်တို့မှာက ကန့်သတ်မှုရှိပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းနဲ့ပဲ ကုန်ခဲ့တဲ့ နှစ်တွေမှာ ကျနော်တို့ အောင်မြင်ထားပါတယ်။ ဘာအကြောင်းနဲ့မှ ဆင်ခြေ မပေးလိုပါဘူး။ ပြင်းပြစွာ အားထုတ်မှုတွေ၊ လိုအင်ဆန္ဒတွေ၊ ကြိုတင် အစီအစဉ်ချမှုတွေနဲ့ ကိုယ်မှာရှိတဲ့ ရင်းမြစ်တွေကိုပဲ သုံးစွဲရပါမယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။
လီဗာပူးက အဓိက ကွင်းလယ်လူ ဂီနီကို လက်လွတ်ခဲ့ရပေမယ့်လို့ ဒီနွေမှာ ကစားသမား အစားထိုး ခေါ်ယူမှုလည်း မလုပ်ထားပါဘူး။ ယာဂင်ကလော့ပ်ကတော့ ဗန်ဒိုက်နဲ့ အယ်လီဆန်တို့ကို ပြောင်းရွှေ့ကြေးကြီးပေးပြီး ခေါ်ယူခဲ့တဲ့ နှစ်ကလွဲရင် အသင်းရဲ့ လက်မှတ်ထိုးမှုတွေကို လုံလောက်မှု မရှိခဲ့ဘူးလို့ ယူဆခံရတဲ့အကြောင်း ထုတ်ပြောပါသေးတယ်။
ယာဂင်ကပဲ ” ဂီနီက အမြဲတမ်း ပွဲထွက်ကစားပေးနိုင်တဲ့ ကစားသမားပါ။ သူနဲ့ ကျနော်ကြား ဆက်ဆံရေးကောင်းတွေ ရှိတာကိုလည်း ကွယ်ဝှက် မထားပါဘူး။ သူရဲ့ ကစားပုံကအစ အားလုံးကို ကျနော် သဘောကျပါတယ်။ ဒါပေမယ့် သူက ဒီမှာ မရှိတော့ပါဘူး။
ကျနော် အင်္ဂလန်မှာ ရှိနေတဲ့ ၆ နှစ်အတွင်းမှာ အယ်လီနဲ့ ဗာဂျယ်တို့ကို ခေါ်ခဲ့တဲ့ နှစ်ကလွဲရင် အမြဲတမ်း ဒီလိုပါပဲ။ ကျနော်တို့ရဲ့ ကစားသမား ခေါ်ယူမှုက ဘယ်တော့မှ မလုံလောက်ဘူးလို့ မှတ်ချက်ပေးခံရတယ်။ ကျနော်တို့က ကစားသမား လက်မှတ်ထိုး ခေါ်ယူမှုကလွဲရင် ပုံမှန်ကို တိုးတက်လာနေတဲ့ အသင်းဖြစ်ပါတယ်။ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။
လီဗာပူးဟာ နွေဈေးကွက် မပိတ်ခင်မှာ ကစားသမား တစ်ဦးလောက်တော့ ထပ်မံ ခေါ်ယူမယ်လို့ သတင်းကြီးနေဆဲဖြစ်ကာ ပရိသတ်တွေကလည်း စောင့်မျှော်နေဆဲဖြစ်ပါတယ်။
ZAWGYI
ေႏြအေျပာင္းအေရႊ႔မွာ လီဗာပူးအသင္းက ျပိဳင္ဘက္ အသင္းေတြျဖစ္တဲ့ ခ်ယ္ဆီး၊ မန္စီးတီးတို႔လို ေငြသံုးဖို႔ အကန္႔အသတ္ရွိပါေၾကာင္း ယာဂင္ကေလာ့ပ္က ဝန္ခံလိုက္ပါတယ္။
ပရီးမီးယားလိဂ္ လက္ရွိခ်န္ပီယံနဲ႔ ဥေရာပခ်န္ပီယံ အသင္းေတြဟာ ေႏြေစ်းကြက္ေန ေပါင္ သန္း ၁၀၀ ေတြ သံုးထားျပီျဖစ္တယ္။ ယူႏုိက္တက္ကလည္း ဆန္ခ်ိဳ၊ ဗာရိန္းတို႔ကို ေခၚယူထားေပမယ့္ လီဗာပူးကေတာ့ ကိုနေတး တစ္ဦးတည္း ေခၚယူကာ ဆုဖလား ျပိဳင္ဆိုင္မႈ လမ္းေၾကာင္းထဲ ဝင္ပါႏုိင္ဖို႔ ၾကိဳးစားေနတာျဖစ္တယ္။
အသင္းဟာ ကိုယ္သံုးႏုိင္တဲ့ ေငြေၾကးအေပၚမွာပဲ ကစားသမားေခၚယူမႈေတြ လုပ္ေနျပီး ျပိဳင္ဘက္ေတြရဲ႕ ေငြသံုးမႈေတြနဲ႔ေတ့ာ ႏိႈင္းယွဥ္မရဘူးလို႔ ယာဂင္က တုန္႔ျပန္ပါတယ္။
ယာဂင္က ‘ ခ်ယ္ဆီး၊ မန္စီးတီး၊ ပီအက္စ္ဂ်ီအသင္းတို႔ရဲ႕ အေနအထားကို က်ေန္ာတို႔အားလံုးလည္း သိပါတယ္။ ယူႏုိက္တက္ကေတာ့ ဘယ္လို လုပ္သြားလဲ က်ေနာ္ မသိပါဘူး။ ဒါေပမယ့္ အားလံုးက ကိုယ္ပိုင္ နည္းလမ္းေတြ ရွိပါတယ္။
အျမဲတမ္း အတူတူပါပဲ။ က်ေန္ာတို႔ ေငြသံုးႏုိင္တယ္၊ က်ေန္ာတို႔ သံုးခြင့္ရတဲ့ ေငြေၾကးေတြကို အသံုးျပဳပါတယ္။ အဲ့လိုပဲ အျမဲတမ္း လုပ္ခဲ့ပါတယ္။ က်ေန္ာတို႔ အေျခအေနအတြက္ အံ့ၾသတာေတြ မရွိပါဘူး။ မန္စီးတီး၊ ခ်ယ္ဆီး၊ ယူႏုိက္တက္တို႔ရဲ႕ ဘ႑ာေရး အင္အားအေပၚ ဘယ္ေတာ့မွလည္း အံ့ၾသမွာ မဟုတ္ပါဘူး။
အျခားအသင္းေတြနဲ႔ က်ေန္ာတို႔ ႏိႈင္းယွဥ္လို႔ မရပါဘူး။ သူတို႔က အေျပာင္းအေရႊ႔ေတြမွာ အကန္႔အသတ္ မရွိေပမယ့္ က်ေန္ာတို႔မွာက ကန္႔သတ္မႈရွိပါတယ္။ ဒါေပမယ့္ ဒီနည္းလမ္းနဲ႔ပဲ ကုန္ခဲ့တဲ့ ႏွစ္ေတြမွာ က်ေန္ာတို႔ ေအာင္ျမင္ထားပါတယ္။ ဘာအေၾကာင္းနဲ႔မွ ဆင္ေျခ မေပးလိုပါဘူး။ ျပင္းျပစြာ အားထုတ္မႈေတြ၊ လိုအင္ဆႏၵေတြ၊ ၾကိဳတင္ အစီအစဥ္ခ်မႈေတြနဲ႔ ကိုယ္မွာရွိတဲ့ ရင္းျမစ္ေတြကိုပဲ သံုးစြဲရပါမယ္။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။
လီဗာပူးက အဓိက ကြင္းလယ္လူ ဂီနီကို လက္လြတ္ခဲ့ရေပမယ့္လို႔ ဒီေႏြမွာ ကစားသမား အစားထိုး ေခၚယူမႈလည္း မလုပ္ထားပါဘူး။ ယာဂင္ကေလာ့ပ္ကေတာ့ ဗန္ဒိုက္နဲ႔ အယ္လီဆန္တို႔ကို ေျပာင္းေရႊ႔ေၾကးၾကီးေပးျပီး ေခၚယူခဲ့တဲ့ ႏွစ္ကလြဲရင္ အသင္းရဲ႕ လက္မွတ္ထိုးမႈေတြကို လံုေလာက္မႈ မရွိခဲ့ဘူးလို႔ ယူဆခံရတဲ့အေၾကာင္း ထုတ္ေျပာပါေသးတယ္။
ယာဂင္ကပဲ ” ဂီနီက အျမဲတမ္း ပြဲထြက္ကစားေပးႏုိင္တဲ့ ကစားသမားပါ။ သူနဲ႔ က်ေနာ္ၾကား ဆက္ဆံေရးေကာင္းေတြ ရွိတာကိုလည္း ကြယ္ဝွက္ မထားပါဘူး။ သူရဲ႕ ကစားပံုကအစ အားလံုးကို က်ေနာ္ သေဘာက်ပါတယ္။ ဒါေပမယ့္ သူက ဒီမွာ မရွိေတာ့ပါဘူး။
က်ေနာ္ အဂၤလန္မွာ ရွိေနတဲ့ ၆ ႏွစ္အတြင္းမွာ အယ္လီနဲ႔ ဗာဂ်ယ္တို႔ကို ေခၚခဲ့တဲ့ ႏွစ္ကလြဲရင္ အျမဲတမ္း ဒီလိုပါပဲ။ က်ေန္ာတို႔ရဲ႕ ကစားသမား ေခၚယူမႈက ဘယ္ေတာ့မွ မလံုေလာက္ဘူးလို႔ မွတ္ခ်က္ေပးခံရတယ္။ က်ေန္ာတို႔က ကစားသမား လက္မွတ္ထိုး ေခၚယူမႈကလြဲရင္ ပံုမွန္ကို တိုးတက္လာေနတဲ့ အသင္းျဖစ္ပါတယ္။ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။
လီဗာပူးဟာ ေႏြေစ်းကြက္ မပိတ္ခင္မွာ ကစားသမား တစ္ဦးေလာက္ေတာ့ ထပ္မံ ေခၚယူမယ္လို႔ သတင္းၾကီးေနဆဲျဖစ္ကာ ပရိသတ္ေတြကလည္း ေစာင့္ေမွ်ာ္ေနဆဲျဖစ္ပါတယ္။